ကနေဒါနိုင်ငံရဲ့ ရှုမောဖွယ်သဘာဝအလှများ

(၁) Dinosaur Provincial National Park, Alberta

ကနေဒါနိုင်ငံ အယ်လ်ဘာတာပြည်နယ်မှာ တည်ရှိတဲ့ Dinosaur Provincial National ပန်းခြံမှာ လွန်ခဲ့သော နှစ် 75
သန်းကျော်လောက်က ဒီနေရာမှာ ဒိုင်နိုဆောတွေ ကျင်လည် ကျက်စားတယ်ဆိုတဲ့ အထောက်အထားတွေ တူးဖော်
တွေ့ရှိခဲ့ပါတယ်။ ယခုအချိန်ထိ ဒီနေရာမှာ ဒိုင်နိုဆောမျိုးဆက် 45 မျိုးမှာ မျိုးစိပ် 65 မျိုးထိ တူးဖော်ရရှိထားပါတယ်။
တောတောင်သဘာဝလည်း လှပလွန်းလို့ ခရီးသည်တွေ မပြတ်တဲ့ နေရာဖြစ်ပါတယ်။

(၂) Algonquin Provincial Park, Ontario

Algonquin Provincial Park ဟာ ကနေဒါနိုင်ငံရဲ့ ရှေးအကျဆုံး သဘာဝဘေးမဲ့တောဖြစ်ပါတယ်။ အွန်တာရီယိုပြည်နယ်
မှာ တည်ရှိပြီး 7653 စကွဲကိုလီမီတာ ကျယ်ဝန်းကာ ရေကန်၊ မြစ်ချောင်း၊ အင်းအိုင်ပေါင်း 2400 အထိ ရှိပါတယ်။ ထူထပ်
လှတဲ့ ထင်းရှုးတောကြီးတွေနဲ့ ၀န်းရံထားပြီး သားရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝအလှကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

READ
ကမ္ဘာပတ်ပြီး မှတ်စုစာအုပ်တွေထဲမှာ အံ့မခန်းအနုပညာတွေဖန်တီးခဲ့တဲ့အမျိုးသား

(၃) Sleeping Giant Provincial Park, Ontario

အွန်တာရီယိုပြည်နယ်မှာတည်ရှိတဲ့  Sleeping Giant Provincial Park ဟာလည်း ခရီးသွားတွေကို အဓိက ဆွဲဆောင်ရာ
နေရာဖြစ်ပြီး ပင်လယ်ကွေ့နဲ့ ကုန်းမြေကို သဘာဝပန်းခြံအဖြစ် စုပေါင်းသက်မှတ်ထားတဲ့ နေရာဖြစ်ပါတယ်။ အလွန်လှပ
တဲ့ ရေကန်ပေါင်း 20 ကျော်ပါဝင်ပြီး ရေနေသတ္တ၀ါတွေ၊ သားရိုင်းတိရစ္ဆာန်တွေ ရှင်သန်ကျက်စားရာ နေရာဖြစ်ပါတယ်။

(၄) Nahanni National Park Reserve, Dehcho Region

ဒက်ခ်ျချိုဒေသမှာ တည်ရှိတဲ့ Nahanni National Park Reserve သဘာဝပန်းခြံကြီးကလည်း 4766 စကွဲကီလိုမီတာ
ကျယ်ဝန်းပြီး သဘာဝရေတံခွန်တွေ စိမ့်စမ်းတွေ တောတောင်ရေမြေတွေနဲ့ အလွန်လှပတဲ့ နေရာကြီးတစ်ခု ဖြစ်ပါတယ်။

READ
ဘ၀မှာ တစ်ခါတစ်ခေါက်တော့ ရောက်သွားသင့်တဲ့ နေရာ(၅)ခု

(၅) Niagara Falls, Ontario

ကမ္ဘာကျော် Niagara ရေတံခွန်ဟာလည်း ကနေဒါနိုင်ငံက တစ်ခြမ်း၊ အမေရိကန်က တစ်ခြမ်း ပိုင်ဆိုင်ပါတယ်။ အမေရိ
ကန် ကနေဒါတို့ရဲ့ နယ်နိမိတ်စည်းမျဉ်းလည်း ဖြစ်ပြီး ကမ္ဘာ့လှည့်ခရီးသွားတွေ အများဆုံးလာရောက်လည်ပတ်ရာ နေရာ
ဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

shwemom-2

source : themysteriousworld.com

SHARE