အင်စတာဂရမ်ပေါ် ဓာတ်ပုံတင်ခွင့်မပေးတဲ့ ကမ္ဘာ့အထင်ကရနေရာများ

ကမ္ဘာလှည့်ခရီးသည်တွေဟာ ဒေသအသစ်၊ နေရာဌာနအသစ်တွေမှာ ဓာတ်ပုံရိုက်ကြလေ့ရှိပါတယ်။ ကိုယ်တိုင်ဓာတ်ပုံရိုက်ယူရုံနဲ့တင်မပြီးပဲ အခြားသူတွေသိမြင်ရအောင်လည်း မျှဝေတဲ့သဘောနဲ့ ဆိုရှယ်မီဒီယာပေါ်တင်ကြပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်က အချို့အထင်ကရ နေရာတွေကတော့ ခရီးသွားဧည့်သည်တွေကို ဓာတ်ပုံရိုက်ခွင့်မပေးတဲ့အပြင် ကင်မရာတောင် ယူသွားခွင့်မပေးပါဘူး။

Sistine Chapel

Instagram/tripadvisor

အရင်တုန်းက ဘုရားကျောင်းဖြစ်ခဲ့ဖူးပေမယ့် ယနေ့အချိန်မှာတော့ ပြတိုက်ဖြစ်နေပါပြီ။ ရီနေးဆွန်းခေတ်က ထင်ရှားတဲ့အဆောက်အဦးလည်း ဖြစ်ခဲ့ပါတယ်။ ထောင်ပေါင်းများစွာသော ကမ္ဘာလှည့်ခရီးသည်တွေလာရောက်တဲ့နေရာဖြစ်ပေမယ့် အတွင်းထဲမှာတော့ ဓာတ်ပုံတွေ ရိုက်လို့မရပါဘူး။

Eiffel Tower

Instagram/paris.insight

အီဖယ်တာဝါဟာ ကမ္ဘာပေါ်မှာ ဓာတ်ပုံရိုက်လို့အကောင်းဆုံးနေရာတွေထဲက တစ်နေရာဖြစ်ပါတယ်။ ဒါပေမယ့် အီဖယ်တာဝါမှာ ဓာတ်ပုံရိုက်လို့မရတဲ့နေရာတွေလည်း ရှိနေပါသေးတယ်။ တကယ်တော့ အီဖယ်တာဝါကို ဓာတ်ပုံရိုက်ဖို့နဲ့ ရိုက်ပြီးသားဓာတ်ပုံတွေကို ပြုပြင်မယ်၊ ပြန်လည်မျှဝေမယ်ဆိုရင် ခွင့်ပြုမိန့်လိုပါတယ်။ ဒါပေမယ့် စာဖတ်သူဟာ ပရိုဖက်ရှင်ဓာတ်ပုံဆရာလည်း မဟုတ်ဘူး၊ အမှတ်တရအဖြစ်နဲ့ တစ်ကိုယ်ရည်အတွက်ပဲ ရိုက်တာ ဆိုရင်တော့ ခွင့်ပြုမိန့်မလိုပါဘူး။ နောက်တစ်ချက်ကတော့ အီဖယ်တာဝါမှာ ဓာတ်ပုံရိုက်ချင်ရင် နေ့ပိုင်းပဲ ရိုက်လို့ရမှာဖြစ်ပြီး ညပိုင်းလုံးဝ ရိုက်ခွင့်မပြုပါဘူး။

READ
ကမ္ဘာအနှံ့က သရဲအခြောက်ဆုံး ဟိုတယ် (၁၀) လုံး

Kumsusan Palace of the Sun

Instagram/willripleycnn

မြောက်ကိုရီးယားက Kumsusan Palace of the Sun ဟာ မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်သူ ကင်အီဆွန်းနဲ့ သားဖြစ်သူ ကင်ဂျုံအီတို့ရဲ့ ဂူဗိမာန်ဖြစ်ပါတယ်။ အထဲကို ရောက်ဖို့တောင် မလွယ်ပါဘူး။ နိုင်ငံခြားသားတွေဆိုရင် နန်းတော်ဂူဗိမာန်ထဲဝင်ဖို့ အစိုးရရဲ့ တရားဝင်ခွင့်ပြုမိန့်ပါမှ ၀င်ရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ ဗိမာန်တွင်းဧရိယာထဲမှာ ဗီဒီယိုကင်မရာရိုက်တာ၊ ဆေးလိပ်သောက်တာ၊ စကားပြောတာမျိုး လည်းခွင့်မပြုပါဘူး။

Neuschwanstein Castle

Instagram/strkatya

ဂျာမနီနိုင်ငံက ရိုမန်းတစ်ဆန်လွန်းတဲ့ရဲတိုက်ကို ဓာတ်ပုံရိုက်ရတာတော့ မလွယ်ကူပါဘူး။ သူ့ရဲ့ လုံခြုံရေးစည်းမျဉ်းစည်းကမ်းတွေကြောင့် ရဲတိုက်အတွင်းလှည့်လည်ဖို့ဆိုရင် အချိန် (၃၅) မိနစ်ပဲ ရပါတယ်။ အထဲမှာတော့ ဓာတ်ပုံ၊ ဗီဒီယိုတွေလုံးဝရိုက်လို့ မရသလို ကလေးလက်တွန်းလှည်းတွေ၊ ကျောပိုးအိတ်တွေလည်း သယ်လို့မရပါဘူး။

READ
ကမ္ဘာ့အလှဆုံးလို့ဆိုနိုင်တဲ့ ရေကန်၊ရေတံခွန်များ

Taj Mahal

Instagram/moraw_photos

Taj Mahal အဆောက်အဦးကြီးကို အပြင်ကနေ ကြိုက်သလောက် ဓာတ်ပုံရိုက်နိုင်ပေမယ့် အတွင်းပိုင်းကနေတော့ ဓာတ်ပုံရိုက်ခွင့်မပေးထားပါဘူး။ အဆောက်အဦးထဲရောက်တဲ့အခါ စမတ်ဖုန်းကို ပိတ်ထားတာ သို့မဟုတ် silent mode ထားဖို့ လိုသလို စားသောက်တာ၊ ဆူညံသံပြုလုပ်တာ၊ ဆေးလိပ်သောက်တာမျိုးကို ခွင့်မပြုပါဘူး။

Grand Canyon

Instagram/daniinchen

ကမ္ဘာပေါ်မှာရှိတဲ့ အနက်ရှိုင်းဆုံး ချောက်ကြီးတွေထဲက တစ်ခုဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း လူပေါင်း(၄) သန်းလာရောက်လည်ပတ်လေ့ ရှိပါတယ်။ ထိုနေရာမှာ ချောက်ကြီးတွေကို ကြည့်နိုင်ဖို့အတွက် ဆောက်လုပ်ထားတဲ့ မှန်တံတားကြီးတစ်စင်းရှိပါတယ်။ အဲဒီနေရာမှာတော့ ဓာတ်ပုံရိုက်လို့မရပါဘူး။ မှန်တံတားပေါ်ကိုတက်တဲ့အခါ ခြစ်ရာတွေမထင်ရလေအောင် အထူးဖိနပ်တစ်ရံကို ၀တ်ဆင်ရပါတယ်။

လင်းလင်း (ShweMom)

SHARE