တစ်နာရီ နှစ်မိုင်နှုန်းနဲ့သွားနိုင်တဲ့ ကမ္ဘာ့အမြန်ဆုံး ဆာဟာရ သဲကန္တာရ ပုရွက်ဆိတ်

Twitter/Harald Wolf

ဆာဟာရသဲကန္တာရအတွင်းမှာပဲ ကျင်လည်ကျက်စားတဲ့ Saharan silver ပုရွက်ဆိတ် ရဲ့ အမြန်နှုန်းဟာ တစ်နာရီကို (၂)မိုင်နှုန်းနဲ့ ဖြစ်ပါတယ်တဲ့။ ဒါဟာ ပုရွက်ဆိတ်လို တိရစ္ဆာန်မျိုးမှာ အလွန်ကို မြန်တဲ့ အရှိန်နဲ့ဖြစ်ပါတယ်။ သူတို့ကို သဲကန္တာရထဲမှာ တွေ့ရှိရလေ့ရှိပေမယ့် အမြဲလိုလို တွေ့ရမှာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အလွန်ကို ပူပြင်းတဲ့ ရာသီဥတုဒဏ်ကို သူတို့ဟာ မခံနိုင်လို့ပါပဲ။

သူတို့ဟာ အစာရှာဖို့အတွက် အပြင်ထွက်ချိန်ဟာ (၁၀)မိနစ်လောက်ပဲရှိပါတယ်။ အလွန်ပူပြင်းတဲ့ အရပ်ဒေသမှာရှိတဲ့ ပုရွက်ဆိတ်ဆိုတော့လည်း ခြစ်ခြစ်တောက်ပူနေတဲ့ အပူဒဏ်ကို ခံနိုင်ဖို့အတွက်  တခြားပုရွက်ဆိတ်တွေနဲ့ မတူညီတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုတွေနဲ့ပါ။ သူတို့ရဲ့ ကျောပေါ်မှာ ရှိတဲ့ ငွေရောင်အမွှေးအမျှင်တွေဟာ နေရောင်ခြည်ခံနိုင်ဖို့အတွက် ကောင်းကောင်း အလုပ်လုပ်ပေးတဲ့ အရာလည်းဖြစ်ပါတယ်။ သူတို့ကျောပေါ် ကျရောက်လာတဲ့ နေရောင်ခြည်နဲ့ အပူချိန်ကို တန်ပြန်လွှတ်ပေးလို့ ဒီလောက် ပူပြင်းတဲ့ အရပ်ဒေသမှာ နေနိုင်တဲ့ တိရစ္ဆာန်တွေပါပဲ။. တခြားပုရွက်ဆိတ်မျိုးစိတ်တွေထက် အခုပုရွက်ဆိတ်တွေရဲ့ အဓိကကွာခြားတာက ခြေတွေ၊ လက်တွေပဲဖြစ်ပါတယ်။ တခြားပုရွက်ဆိတ်တွေထက် ခြေတံ၊လက်တံ ပိုရှည်ပါတယ်။ဒီ ပုရွက်ဆိတ်ဟာ ဘယ်လောက်ဝေးတဲ့ နေရာကို ရောက်နေပါစေ သူ့ရဲ့ အသိုက်ရှိရာကို ပြန်ဖို့အတွက် လမ်းကြောင်းတစ်ခု အမြဲ ရှိနေတတ်ပါတယ်။

Twitter/Harald Wolf

ဒီ ပုရွက်ဆိတ်မျိုးစိတ်ဟာ အလွန်ကို အပြေးမြန်တဲ့ မျိုးစိတ်လည်း ဖြစ်ပါတယ်။ တစ်နာရီကို (၂)မိုင်နှုန်းနဲ့ ပြေးနိုင်ခြင်းဟာ ပုရွက်ဆိတ်တစ်ကောင်ရဲ့ ခန္ဓာကိုယ်အရွယ်အစားနဲ့ ချီတာကျားသစ်​ကျုတ်​ရဲ့ ပြေးနှုန်းထက်ကို ပိုမြန်ပါတယ်တဲ့။ ဒါ့အပြင် ကမ္ဘာ့အပြေးအမြန်ဆုံးချန်ပီယံဖြစ်တဲ့ ဟူစိန်ဘော့ထက်တောင် ပိုမြန်ပါတယ်။ ပုရွက်ဆိတ်တွေထဲမှာတောင်မှ ကမ္ဘာ့အမြန်ဆုံးပုရွက်ဆိတ်အဖြစ် သတ်မှတ်ထားခြင်းခံရပါတယ်။

Ulm တက္ကသိုလ် ပါမောက္ခတစ်ယောက်ဖြစ်တဲ့ Harald Wolf ကတော့ ကန္တာရမှာပဲ တွေ့ရတဲ့ ပုရွက်ဆိတ်တွေ ကြားမှာတောင် ဒီငွေရောင်ပုရွက်ဆိတ်တွေကတော့ ထူးခြားပါတယ်လို့ ပြောဆိုထားပါတယ်။

ဒီလို အမြန်သွားနိုင်၊ ပြေးနိုင်ဖို့အတွက် ငွေရောင်ပုရွက်ဆိတ်ဟာ သူ့ရဲ့ ခြေတံ၊လက်တံတွေကို အကုန်လုံး အသုံးပြုရပါတယ်။ တစ်ခါတစ်ရံမှာ လေးချောင်း၊ တစ်ခါတစ်ရံမှာ ခြောက်ချောင်းစလုံးအထိ ရှည်လျားတဲ့ ခြေတံ၊လက်တံတွေကို အသုံးပြုတာပဲဖြစ်ပါတယ်။ လေ့လာဖို့အတွက် အစာနဲ့ မျှားပြီး ခေါ်ခဲ့တဲ့ ဗီဒီယိုဖိုင်မှာ ငွေရောင်ပုရွက်ဆိတ်ရဲ့ သွားလာနေပုံတွေကို ပုံပါအတိုင်း  မြင်တွေ့ရမှာဖြစ်ပါတယ်။

Ye Yint Kyaw

SHARE