ယခုနှစ်ထုတ် ကမ္ဘာ့အပျော်ရွှင်ဆုံးနဲ့ မပျော်ရွှင်ဆုံး နိုင်ငံများစာရင်း

မတ်လ(၂၀) ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ World Happiness Report ဟာ နိုင်ငံပေါင်း(၁၅၆) နိုင်ငံကို ပျော်ရွှင်ခြင်းအဆင့်အလိုက် တန်းစီထားခဲ့ပါတယ်။ စစ်တမ်းထဲမှာတော့ ဖင်လန်ဟာ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် သရဖူဆောင်းထားတာကို တွေ့ရမှာပါ။ ဖင်လန်နိုင်ငံအပါအ၀င် ထိပ်တန်းနိုင်ငံ (၅) နိုင်ငံဟာ ဥရောပမြောက်ပိုင်းနဲ့ မြောက်အတ္တလန္တိတ်မှာရှိကြတဲ့ စကင်ဒီနေးဗီးယန်းနိုင်ငံတွေ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ World Happiness Report ဟာဆိုရင် ပျော်ရွှင်ခြင်းအဆင့်ကို နိုင်ငံသားတွေရဲ့ သက်တမ်း၊ လူမှုဖူလုံရေးထောက်ပံ့မှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေအပေါ်မှာ အခြေခံပြီး တိုင်းတာထားတာ ဖြစ်ပါတယ်။

ဇယားမှာ ထိပ်ဆုံးနေရာကနေ ဦးဆောင်နေတာကတော့ ဖင်လန်၊ နော်ဝေ၊ ဒိန်းမတ်၊ အိုက်စ်လန်တို့ ဖြစ်ကြပါတယ်။ ဗြိတိန်ကတော့ နံပတ်စဉ်(၁) ကနေ (၁၀) အတွင်းတောင် မ၀င်တာကို တွေ့ရပါတယ်။ အင်္ဂလန်ဟာ မနှစ်တုန်းက နံပတ်(၁၉)နေရာမှာ ရှိခဲ့ရာက ယခုနှစ်မှာတော့ နံပတ်(၁၅) နေရာကို တက်လာခဲ့တာ ဖြစ်ပါတယ်။ အိုင်ယာလန်ကတော့ နံပတ်(၁၆) နေရာမှာ ရှိနေပြီး အမေရိကန်ကတော့ နံပတ် (၁၉)နေရာမှာ ရှိနေခဲ့တာပါ။

READ
အမှန်တရားကိုပြောတတ်ခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာကောင်းကျိုး(၁၀)မျိုး

ဗြိတိန်အနေနဲ့ အိုင်ယာလန်နဲ့ အမေရိကန်နိုင်ငံတွေရဲ့ အထက်မှာ ရှိပေမယ့် အစ္စရေး၊ ကော့စတာရီကာ၊ သြစတေးလျ၊ လူဇမ်းဘာ့ဂ်၊ ကနေဒါ၊ နယူးဇီလန်တို့နဲ့ ယှဉ်ရင်တော့ အောက်ကျနေတာကို တွေ့ရပါတယ်။ ပျော်ရွှင်မှုဇယားရဲ့ ဟိုးအောက်ခြေ ဘိတ်ဆုံးနေရာတော့ မြောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တောင်ဆူဒန် ရှိနေပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ကတော့ တစ်နှစ်ထက် တစ်နှစ် နိုင်ငံသားတွေဟာ ပျော်ရွှင်စရာ နည်းသထက် နည်းလာတယ်လို့ ယူဆရမလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ အမေရိကန်ဟာ (၂) နှစ်အတွင်းမှာပဲ နံပတ်(၁၄) နေရာကနေ အခုဆို နံပတ်(၁၉) ဆီ ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။

ဒါကတော့ ကမ္ဘာပေါ်က နိုင်ငံပေါင်း (၁၅၆) နိုင်ငံရဲ့ ပျော်ရွှင်ခြင်းအများကနေ အနည်းအလိုက် စီစဉ်ထားတဲ့ ဇယားပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုရော ရှာတွေ့ကြရဲ့လား…….

dailymail

မြန်မာနိုင်ငံကတော့ ကမ္ဘာကကောက်နှုတ်ထားတဲ့ စစ်တမ်းထဲမှာ နံပတ်စဉ်(၁၃၁) နေရာမှာ ရှိနေပါတယ်။ တော်တော်ကြီး ခွန်အားစိုက် ကြိုးစားရဦးမယ့် အနေအထားမှာ ရှိနေတာကို စာဖတ်သူတို့ တွေ့ကြမှာပါနော်။

READ
ဗန်ဂိုးနဲ့,အခြားပန်းချီဂန္ထ၀င်တို့ရဲ့ လျှို့ဝှက်ချက်တွေနဲ့ ပန်းချီကားများ

လင်းလင်း (ShweMom)

Ref: Dailymail

SHARE