ဟုတ်မှဟုတ်ရဲ့လားလို့ ပြန်မေးယူရမယ့် လူသိနည်းသေးတဲ့ အချက်လေးများ

© dumutter / reddit, © Sezer146 / reddit

မြေပဲထောပတ်ကနေ စိန်လုပ်လို့ရတယ်ဆိုတာရယ်၊ အိမ်မြှောင်တွေဟာ သုတို့မျက်လုံးထဲက ရေကို သောက်တယ်ဆိုတာရယ်၊ ကိုအာလာဝက်ဝံပေါက်လေးတွေဟာ မိခင်ရဲ့ မစင်ကို စားတယ်ဆိုတာရယ်… စတဲ့ ဒီအချက်လေးတွေကို သင်သိပြီးပြီလား။ ကမ္ဘာကြီးဟာ လူတွေကို တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ပဟေဌိတွေ ပေးနေတာပါ။ အခုအခါမှာတော့ စာဖတ်သူတွေအတွက် ထပ်မံပြီး လူသိနည်းနေသေးတဲ့ ဗဟုသုတဖြစ်ဖွယ် အချက်လေးတွေကို brightside ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

  • စင်္ကာပူနိုင်ငံမှာ တစ်စုံတစ်ယောက်ရဲ့ WiFi ကို သူမသိပဲ ခိုးချိတ်ရင် ထောင်ဒဏ်(၃) နှစ် ဖြစ်ပါတယ်။
  • မြေပဲထောပတ်တွေမှာ ကာဗွန်ပမာဏများစွာပါဝင်တဲ့အတွက် ၄င်းတို့ကို စိန်အဖြစ် အသွင်ပြောင်းနိုင်ပါတယ်။
  • ကိုအာလာဝက်ဝံပေါက်လေးတွေဟာ မိခင်ဖြစ်သူရဲ့ မစင်ကို စားသုံးရပါတယ်။ အကြောင်းကတော့ ယူကလစ်အရွက်တွေကို အစာခြေဖို့ လိုအပ်တဲ့ဆဲလ်အစုအဝေးတွေကို တည်ဆောက်ရတာကြောင့် ဖြစ်ပါတယ်။
READ
နေစဉ်သုံး ပစ္စည်းတွေမှာပါဝင်နေပေမယ့် လူတွေ သတိမထားမိလေ့မရှိတဲ့ အရာများ
© dumutter / reddit
  • ဝေလငါးရဲ့ ခေါင်းခွံဟာ အရွယ်ရောက်ပြီးလူရဲ့ (၂) ဆအချိုးအစား ရှိပါတယ်။
  • အိမ်မြှောင်တွေဟာ သူတို့မျက်လုံးတွေထဲကျလာတဲ့ မနက်ခင်း နှင်းပေါက်ရည်ကို သောက်သုံးလေ့ရှိပါတယ်။
© Firearro / reddit
  • ငှက်ပျောအူကို မိုက်ကရိုစကုပ်နဲ့ ကြည့်တဲ့အခါ..
  • မြင်းတွေဟာ မအန်နိုင်ပါဘူး။ အကြောင်းကတော့ သူတို့မှာ သန်စွမ်းတဲ့ နှလုံးကြွက်သားတွေ ရှိတဲ့အတွက်ကြောင့်ပါ။
  • ပင့်ကူလေးတွေဟာ ရေစက်တွေကို ဦးထုပ်အဖြစ် ဆောင်းလေ့ရှိပါတယ်။
shutterstock/Jess Kraft
  • အီစတာကျွန်းက ခေါင်းကြီးတွေမှာ ကိုယ်လုံးတွေလည်း ရှိပါတယ်။
  • ဟယ်လိုဆိုတဲ့ စကားလုံးဟာ (၁၈၇၆) ခုနှစ် တယ်လီဖုန်းတွေပေါ်ပြီးနောက်မှ နှုတ်ဆက်စကား ဖြစ်လာတာပါ။
  • နာမည်ပေးထားတဲ့ နွားတွေဟာ နာမည်မရှိတဲ့ နွားတွေထက်စာရင် နွားနို့ (၂၅၈) လီတာ နို့ပိုထုတ်နိုင်ပါတယ်။
© Sezer146 / reddit
  • ဇီးကွက်တွေဟာ တင်ပလင်ခွေထိုင်နိုင်ပါတယ်။
  • စက္ကန့်တိုင်း စက္ကန့်တိုင်း ကမ္ဘာရဲ့ နေရာတစ်ခုလောက်မှာတော ရှိတ်စပီးယားပြဇာတ်တစ်ခုကို ပြသနေပါတယ်။
  • ဇာတိပ္ဖိုလ်သီး စားပွဲတင်ဇွန်း (၂-၃) ခန့်ဟာ လူအတွက် အဆိပ်အတောက်ဖြစ်စေပြီး အခန့်မသင့်ရင် လူသေစေနိုင်ပါတယ်။
READ
တိုင်တန်းနစ်အပြင်အခြားမြုပ်ခဲ့တဲ့သင်္ဘော၂စီးပေါ်က လွတ်မြောက်ခဲ့သူ

လင်းလင်း (ShweMom)

SHARE