ကမ္ဘာမှာ အလှပဆုံးနဲ့အခမ်းနားဆုံး အိမ်သာကိုဖန်တီးခဲ့တဲ့ နော်ဝေနိုင်ငံ

Lars Grimsby/Statensvegvesen

နော်ဝေနိုင်ငံဟာ ဗိသုကာလက်ရာ ထူးခြားတဲ့နိုင်ငံအဖြစ် သိရှိကြပါတယ်။ ဗိသုကာလက်ရာထူးခြားတဲ့ နိုင်ငံဖြစ်တဲ့အတွက် သူများနဲ့ မတူတဲ့ လက်ရာတွေကို ဖန်တီးလေ့ရှိပါတယ်။ ခုလည်း ထူးထူးခြားခြား အခမ်းနားဆုံး အိမ်သာကို ဖန်တီးလိုက်ပြန်ပါတယ်။

Lars Grimsby/Statensvegvesen
Lars Grimsby/Statensvegvesen
Lars Grimsby/Statensvegvesen

ဘုရားကျောင်းတွေ၊ ပြဇာတ်ရုံတွေ၊ ပါလီမန်အဆောက်အဦးတွေပဲ ခမ်းနားနိုင်တာမဟုတ်ပါဘူး သာမန်အများသုံး အိမ်သာတစ်ခုဟာလည်း ကြီးကျယ်ခမ်းနားနိုင်တယ်ဆိုတဲ့ အတွေးနဲ့ ဒီအိမ်သာကိုဆောက်လုပ်ခဲ့ကြတာပါ။ နော်ဝေနိုင်ငံရဲ့ နာမည်ကျော် Haugen/Zohar Architects ဗိသုကာ ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Almost there. Norwegian Scenic Routes Uredd / The coast of Helgeland, Norway.

Posted by Haugen/Zohar Arkitekter on Wednesday, November 22, 2017

ဘယ်သူမဆို အိမ်သာတစ်ခုတောင်မှ မှောင်ပြီး စိတ်ညစ်စရာဖြစ်နေရင်အသုံးပြု ဖို့ တော်တော်ဝန်လေးတတ်ကြပါတယ်။ ဒီလိုမျိုး အိမ်သာတက်ရင်း မြင်ကွင်းကောင်းကောင်း အလှအပကိုခံစား နေနိုင်တာကတော့ လုံးဝအတွေ့အကြုံအသစ်တစ်ခုဖြစ်နေမှာပါ။

READ
မြားနတ်မောင်စာတိုက်လို့ တင်စားခေါ်ဝေါ်ရမယ့် ဂျာမနီနိုင်ငံက သစ်ပင်ကြီး
Lars Grimsby/Statensvegvesen
Lars Grimsby/Statensvegvesen
Lars Grimsby/Statensvegvesen

‌နောက်ပြီး ဒီအိမ်သာက Gildeskål မြို့ရဲ့အနီး Fv17 လမ်းမပေါ်မှာရှိပြီး  ဆောင်းတွင်းမှာ ကောင်းကင်ရဲ့လှပတဲ့ မြောက်ဘက်အလင်းတန်းနဲ့ နွေရာသီမှာ တစ်နေ့တာရဲ့အရှည်လျားဆုံးနေ့ကို ဖြတ်သန်းရတဲ့ midnight sun ကို လည်းမြင်တွေ့နိုင်မှာဖြစ်ပါတယ်။

Lars Grimsby/Statensvegvesen
Lars Grimsby/Statensvegvesen
Lars Grimsby/Statensvegvesen

ပုံမှာမြင်နေရတဲ့လှေကားထစ်တွေကတဆင့် အရမ်းလှတဲ့ရှု့ခင်းတွေကိုခံစားနိုင်တဲ့အပြင် traffic ဆူညံသံတွေလည်း မရှိနိုင်အောင် ကာကွယ်ထားပါတယ်။တစ်နည်းအားဖြင့် ဒါဟာ နိုင်ငံအတွက် tourist attraction တစ်ခုလည်းဖြစ်လို့နေပါတယ်။

Lwin Min

SHARE