စပိန်နိုင်ငံရဲ့ဟိုတယ်တစ်ခုထဲက ကမ္ဘာ့ဈေးအကြီးဆုံး ခရစ်စမတ်သစ်ပင်

Kempinski.com

အရိုးရှင်းဆုံးခရစ်စမတ်သစ်ပင်တိုင်းမှာ သူ့အလှတရားနဲ့သူရှိပေမယ့် ရတနာတွေနဲ့အလှဆင်ထားတဲ့ ခရစ်စမတ်သစ်ပင်တွေကတော့ လက်ဖျားခါရလောက်အောင်ကို အကြည့်မလွှဲချင်စရာကောင်းအောင် လှပကြပါတယ်။

စပိန်နိုင်ငံ Marbella မြို့အနီးမှာရှိတဲ့ Kempinski Hotel Bahia ဟိုတယ်ရဲ့ ဧည့်ခန်းထဲမှာထားထားတဲ့ ခရစ်စမတ်သစ်ပင်ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ခရစ်စမတ်သစ်ပင်တွေထဲက ဈေးအကြီးဆုံးခရစ်စမတ်သစ်ပ င်ဖြစ်လိမ့်မယ်လို့ CNN ရဲ့ဖော်ပြခဲ့ပါတယ်။

Kempinski.com

ဟိုတယ်ကိုလာရောက်တဲ့ဧည့်သည်တွေက ခရစ်စမတ်သစ်ပင်ကြီးမှာကြီးမားတဲ့စိန်တွေနဲ့ အလှဆင်ထားတာကိုတွေ့ရ တာကြောင့် အရမ်းလှတဲ့ခရစ်စမတ်သစ်ပင်ကြီးကို မျက်စိမလွှဲနိုင်လောက်အောင် နှစ်ခြိုက်သဘောကျကြပါတယ် ။ဒီခရစ်စမတ်သစ်ပင်ကြီးကို နာမည်ကြီးဒီဇိုင်နာ Debbie Wingham က ပုံမှန်အဖြူရောင်စိန်တွေတင်မကပဲ အနီရောင်၊ ပန်းရောင်၊အနက်ရောင်တွေနဲ့အလှဆင်ဖန်တီးထားတာဖြစ်ပါတယ်။ မင်းသမီး Marilyn Monroe မနာလိုချင်စရာဖြစ်မယ့် အစိမ်းရောင်စိန်တွေလည်းထည့်သွင်းအလှဆင်ထားပါတယ်။ဘာလို့ဆို Marilyn Monroe ရဲ့အကြိုက်ဆုံးအရောင်က အစိမ်းရောင်မို့လို့ပါနော်။

ဒီသစ်ပင်ကို အဖိုးတန်ကျောက်တွေ၊ ဒီဇိုင်းနာလက်ဝတ်ရတနာတွေအပြင် ဒေါင်းရုပ်နဲ့ ငှက်ကုလားအုတ်ရဲ့ဥတွေကို 3D ပုံနှိပ်ထားပြီးချောကလက်နဲ့ပြုလုပ်ထားကာ အလှဆင်ထားတာဖြစ်ပါတယ်။သစ်ပင်ပေါ်မှာအလှဆင်ထားတဲ့ပစ္စည်း  တော်တော်များများကို Art Deco ဗိသုကာဆိုင်ရာပုံစံနဲ့ပြုလုပ်ထားတာဖြစ်တယ်လို့ Robb Report မဂ္ဂဇင်းရဲ့ကဖော်ပြခဲ့ပါတယ်။ ဒီသစ်ပင်ကိုအလှဆင်ချိန်မှာ ဒစ်ဂျစ်တယ်အနုပညာရှင် Gary James McQueen နဲ့ လက်မှုအနုပညာရှင် Debra Frances Bean တို့က ၀ိုင်းဝန်းကူညီအလှဆင်ပေးခဲ့တယ်လို့ Robb Report မဂ္ဂဇင်းရဲ့ဖော်ပြချက်ထားမှာတွေ့ရပါတယ်။

READ
ခင်ပွန်းဖြစ်သူကို ချီးမွမ်းခန်းဖွင့်လိုက်တဲ့ Victoria Beckham
Kempinski.com
Kempinski.com

ဒီခရစ်စမတ်သစ်ပင်ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ(၁၅)သန်းလောက်ရှိတယ်လို့ CNN ကဆိုပါတယ်။

နယူးယော့ခ်မြို့ရှိ Rockefeller စင်တာမှာရှိတဲ့ခရစ်စမတ်သစ်ပင်ကတော့ အမေရိကန်ဒေါ်လာ(၇၃၅၀၀)သာတန်ဖိုး ရှိပါတယ်။

ဂင်းနစ်စံချိန်ဝင်ခဲ့တဲ့ ကမ္ဘာ့ဈေးအကြီးခရစ်စမတ်သစ်ပင်ဖြစ်တဲ့ Abu Dhabi မြို့ရှိ Emirates Palace ဟိုတယ်မှာထားတဲ့ ခရစ်စမတ်ပင်ကတော့ အမေရိကန်ဒေါ်လာ(၁၁)သန်းရှိပါတယ်။ ဒီသစ်ပင်ဟာ (၂၀၁၀)ခုနှစ်က စံချိန်တင်မှတ်တမ်းဝင်ခဲ့တဲ့ သစ်ပင်ပဲ ဖြစ်ပါတယ်။

Thae Su

SHARE