ဆွစ်ဇာလန်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ကမ္ဘာ့ဈေးအကြီးဆုံးကျောင်း (၄)ကျောင်း

Institut Le Rosey

မိဘတိုင်းအတွက် သားသမီးတွေရဲ့ ပညာရေးထက်ပိုကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာ မရှိပါဘူး။ ယနေ့ခေတ်ကမ္ဘာမှာ ဒေါ်လာသိန်းနဲ့ချီပေးရတဲ့ ဈေးအကြီးဆုံကျောင်းတွေရှိပါတယ်။ ထူးခြားတာက ဒီလိုဈေးကြီးပေးရတဲ့ကျောင်းတွေဟာ ဗြိတိန်လို့ ကိုယ်ပိုင်ပညာရေးခံတပ်နေရာထက် ဆွစ်ဇာလန်နိုင်ငံမှာ အားလုံးနီးပါးတည်ရှိနေတာပါ။ ကဲ ဒီတော့ ကျောင်းအလိုက် တစ်နှစ်တစ်နှစ်ပေးရတဲ့ တန်ဖိုးတွေနဲ့ဘာလို့ဈေးကြီးတာလဲ  ဈေးကြီးပေးပြီး ဘာတွေပြန်ရလဲဆိုတာသိဖို့ ကမ္ဘာပေါ်က ဈေးအကြီးဆုံးကျောင်း(၄)ကျောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Institut Le Rosey

Institut Le Rosey ကျောင်းက ဆွစ်ဇာလန်နိုင်ငံ Rolle မြို့မှာ တည်ရှိပါတယ်။ ကျောင်းစရိတ် (၁)နှစ်ကို အမေရိကန်ဒေါ်လာ(၁၃၀,၀၀၀) နီးပါးကုန်ကျပါတယ်။ အလယ်ပိုင်းခေတ်ပုံစံကျောင်းဖြစ်ပြီး၊ထူးခြားတဲ့အဆောက်အအုံတွေ၊ Lake Geneva ရေကန်တစ်လျှောက်ရွက်လွင့်စင်တာနဲ့ ဆောင်းရာသီအတွက် လှပတဲ့နှင်းလျှောစီးအပန်းခြေစခန်းရှိပါတယ်။ Le Rosey ဟာ လုံးဝစစ်မှန်တဲ့ နိုင်ငံတကာစာသင်ကျောင်းဖြစ်ပြီး၊ ခွဲတန်းစနစ်အရ တူညီနိုင်ငံတစ်ခုတည်းက ကျောင်းသားဦးရေကို စုစုပေါင်း ကျောင်းသားဦးရေရဲ့ (၁၀)ရာခိုင်နှုန်းထက်ပိုပြီး လက်မခံဘူးလို့  သိရပါတယ်။

Collège Alpin Beau Soleil         

Alpin Beau Soleil ကောလိပ်က ဆွစ်ဇာလန်နိုင်ငံ Villars-sur-Ollon မြို့မှာတည်ရှိပါတယ်။ ဒီကျောင်းရဲ့ ကုန်ကျစရိတ်ကတော့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ(၁၂၉,၃၂၈) ဖြစ်ပါတယ်။  ပြင်သစ်မင်းသမီးနဲ့အဆိုတော် Charlotte Gainsbourg၊ လူဇင်ဘတ်တော်ဝင်မင်းသားနှစ်ဦး၊ ဒိန်းမတ်တော်ဝင်မင်းသမီး Marie နဲ့ Formula 1 world ချန်ပီယံဟောင်း Jacques Villeneuve တို့ တက်ရောက်ခဲ့တဲ့ ကျောင်းဖြစ်ပါတယ်။ ယူနီဖောင်းတန်ကြေးတင် အမေရိကန်ဒေါ်လာ(၆၂၀၀)ရှိတယ်လို့သိရပါတယ်။

Aiglon College

READ
ပွေ့ဖက်ခြင်း၏ အံ့သြဖွယ်ကောင်းကျိုးများ

Aiglon ကောလိပ်ကလည်း ဆွစ်ဇာလန်ရဲ့ Villars-sur-Ollon မြို့မှာ တည်ရှိပါတယ်။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ(၁၂၀,၄၆၃) ကုန်ကျစရိတ်ရှိပါတယ်။ ကျောင်းကို Swiss Alps တောင်ပေါ်မှာ တည်ဆောက်ထားပြီး၊ ဗြိတိန်ကျောင်းပုံစံ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဗြိတိန်မင်းသားချားလ်တက်ခဲ့တဲ့ Gordonstounက Scottish independent school မှာ စာသင်ကြားခဲ့တဲ့ ကျောင်းဆရာ John C Corlette က (၁၉၄၉)ခုနှစ်မှာ ဒီကျောင်းကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ကျောင်းသားတွေအတွက် စာပေတင်မကဘဲ campingတွေ၊ အပျော်ခြေလျင်ခရီးထွက်တာ၊ ကျောက်ဆောင်တက်တာ၊ တောင်တက်ခြင်းစတဲ့ လှုပ်ရှားမှုများစွာနဲ့အတွေ့အကြုံကောင်းပေးနိုင်တဲ့ ကျောင်းဖြစ်ပါတယ်။

St George’s International School

ဒီကျောင်းကလည်း ဆွစ်ဇာလန်ရဲ့ Montreux မြို့မှာတည်ရှိပြီး ၊ တစ်နှစ်ကို အမေရိကန်ဒေါ်လာ(၁၀၈,၆၄၆) တန်ဖိုးကုန်ကျပါတယ်။ ဒီ St George ကျောင်းကို Lorna Southwellနဲ့ Osyth Pottsဆိုတဲ့ Oxford တက္ကသိုလ်ဘွဲ့ရအင်္ဂလိပ်နှစ်ဦးက (၁၉၂၇)ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ လူမျိုးပေါင်းစုံကျောင်းသားတွေ အတူတကွ နေထိုင်ပြီး ပညာသင်ကြားနိုင်ဖို့နဲ့ ပထမကမ္ဘာစစ်ဖြစ်ပေါ်စေတဲ့ပဋိပက္ခတွေကို ထပ်မံရှောင်းရှားဖို့ရည်ရွယ်ချက်နဲ့ဒီကျောင်းကို ထူထောင်ခဲ့ကြတာပါ။ နိုင်ငံ(၅၀)ကကျောင်းသားတွေလာရောက်ပညာသင်ကြားခဲ့ကြပြီး တည်ထောင်သူတွေရဲ့ ရည်ရွယ်ချက်တွေအထမြောက်ခဲ့ပါတယ်။

Khaing Sandar

SHARE