The World of The Married တစ်ပိုင်းစာအတွက် Kim Hee Ae ရတဲ့ အနုပညာကြေး

Image:IG/Jbtc

Kim Hee-ae က တော့ နာမည်ကြီး တောင်ကိုရီးယား မင်းသမီးတစ်ယောက်ပါ။April 23, 1966 မှာ မွေးပြီး အသက် ကတော့ (၅၄)နှစ်ရှိနေပါပြီ။သူမရဲ့ အသက်နဲ့ ယှဉ်မယ်ဆိုရင်တော့ တော်တော်လေးနုပျို တဲ့ မင်းသမီး တစ်ယောက် လို့ ပြောလို့ရပါတယ်။Sons and Daughters, Perfect Love, My Husband’s Woman, A Wife’s Credentials, Secret Affair ဆိုတဲ့ ဇာတ်ကားတွေ ကတော့ သူမရဲ့ နာမည်ကြီး ဇာတ်ကား တွေ ပါ။လက်ရှိမှာတော့  The World of the Married ဆိုတဲ့ ဇာတ်ကားက ပရိသတ်ကြားမှာ တော်တော် လေး နာမည် ကြီး နေပါတယ်။ခံစားချက်နဲ့ သရုပ်ဆောင်သွားတဲ့ သူမရဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ် တော်တော် များများ သ   ဘောကျ အားပေးတာကို တွေ့ရပါတယ်။

ဒီဇာတ်ကား အတွက် သူမရတဲ့ အနုပညာကြေး ပမာဏ ကို ပရိသတ်တွေ သိချင်ကြမယ်ထင်ပါတယ်။သူမရဲ့ အနုပညာ ကြေး အ ကြောင်းကိုတော့ Koreaboo ရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြ ခဲ့ပါတယ်။ကိုရီးယား TV ပရိုဂရမ် Rumor  Has It မှာ တော့ The World of The Married  ဇာတ်ကား အပိုင်းတစ်ပိုင်းစာ အတွက် သူမရ တဲ့ အနုပညာ ကြေးကို ထုတ်ပြောခဲ့ပါတယ်။ပျှမ်းမျှ  ကို ပြောရတာ ဖြစ်တာ ကြောင့် အတိအကျ တော့ မဟုတ်ပါဘူး။သူမဟာ တစ် ပိုင်း စာ အတွက် $57,000  ကနေ $65,000 ကြား ရ လောက်တယ်ဆိုပြီး ပြောခဲ့ပါတယ်။အနုပညာမီဒီယာ တစ်ခု ကနေ  Kim Hee Ae ဟာ  Dr. Ji Sun Woo ဆိုတဲ့ ဇာတ်ကောင် နေရာ အတွက် တစ် ပိုင်းကို ကိုရီးယားဝမ်ငွေ  70,000,000 – 80,000,000 လောက်အထိ ရတယ်လို့ ဆိုပါတယ်။ဒီဇာတ်ကား မှာဆို ရင် တော့ အပိုင်း (၁၆)ပိုင်း ပါဝင် ပါတယ်။တစ်ပိုင်းကို ဒေါ်လာ ( $57,000) ဒါမှမဟုတ် $65,000 နဲ့ (၁၆)ပိုင်း ဆို ရင် တော့ သူမရတဲ့ အနုပညာကြေး စုစုပေါင်းကို မှန်းဆ ကြည့်မယ်ဆိုရင်တော့ တစ်ကားလုံးစာ အတွက် ဒေါ်လာ တစ်သန်း ကျော် လောက် တော့ ရ တဲ့ အ နေ အထားပါ။

ဒီဇာတ်ကား ကတော့ အာရှတစ်လွှားမှာလည်း တော်တော်လေး ပေါက် ခဲ့ပြီး ကြည့်ရှုနှုန်း ကလည်း စံ ချိန် သစ် တင် နိုင်တဲ့ အထိ အောင်မြင်မှု ရခဲ့ပါတယ်။ဒီကား အတွက် သူမရတဲ့ အနုပညာကြေးက မင်းသမီး တော်တော် များများ ထက် ပိုများပါတယ်။ဒါပေမယ့်လည်း   ထိပ်တန်းမင်းသမီးတွေ ဖြစ်တဲ့ Go Hyun Jung, Jun Ji Hyun, Son Ye Jin,  Song Hye Kyo တို့နဲ့ ယှဉ်ရင် တော့ သူမရတဲ့ အနုပညာကြေးက နည်းတယ်လို့ Media Associate က ပြောခဲ့ပါတယ်။Jun Ji Hyun က တော့ တစ်ပိုင်းကို ဒေါ်လာ (၈)ထောင် ကျော် လောက် ရတာပါ။ဇာတ်ကား တစ်ခု လုံးစာ အတွက် ဒေါ်လာ တစ်သန်းေ ကျာ် အနုပညာကြေး ရ တဲ့ သတင်း ထွက် လာ ပြီး နောက်မှာတော့ …

သူမရတဲ့ အနုပညာကြေးဟာ မမျှ တ ဘူး၊ဒီ့ထက် ပို ရသင့်တယ်လို့ ပရိသတ်တွေ က ဝေဖန် ခဲ့ ကြပါတယ်။ ပရိသတ် တစ်ချို့ ကတော့ တစ်ပိုင်းစာမှ $57,000 ပဲ လား ဒါက တော့ မမျှ တ ဘူး။သူမကြိုးစားထားတာ နဲ့ ယှဉ်ရင် ဒီ့ထက် တောင် ပိုရသင့်တယ်လို့ ပြောခဲ့ကြ ပါတယ်။ Kim Hee Ae က တော့ (၂၀၂၀) ဇွန် (၅) ရက်နေ့ မှာ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ (၅၆)ကြိမ် မြောက် Baeksang Arts Awards ပွဲရဲ့  “Best Actress”  ဆုအတွက် ဆန်ကာ တင်စာရင်း ၀င်ထားပါတယ်။ပရိသတ် တော်တော်များများ ကတော့ ဒီနှစ်ရဲ့ အ ကောင်းဆုံး မင်းသမီးဆုက သူမ အတွက်ပဲ လို့ လည်း ခန့်မှန်းထားကြပါတယ်။

SHARE