Snickers ချောကလက်ခါးပတ်နဲ့ အောင်ပွဲခံနေတဲ့ လက်ဝှေ့ကျော် Andy Ruiz Jr

Instagram/andy_destroyer13

ရှုံးပွဲမရှိ ပြိုင်ပွဲတွေ ဆက်တိုက်အနိုင်ရပြီး ချန်ပီယံခါးပတ်တွေချည်း စုဆောင်းနေခဲ့တဲ့ Andy Ruiz Jr ဟာ အခုတစ်ကြိမ်မှာလည်း နောက်ထပ်ခါးပတ်တစ်ခုကို ဆွတ်ခူးနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ယခုလ အစောပိုင်းတုန်းက မက္ကစီကန်-အမေရိကန် သွေးနှောတဲ့ Andy Ruiz Jr ဟာ နယူးယောက်မြိုမှာ Anthony Joshua နဲ့ ထိုးသတ်ကာ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့တာကို talksport နဲ့ Dailymail သတင်းများအရ သိရပါတယ်။

Ruiz ဟာ Snickers အမှတ်တံဆိပ်ချောကလက်ကို နှစ်နှစ်ခြိုက်ခြိုက် ၀ယ်ယူစားသုံးသူလည်း ဖြစ်ပါတယ်။ ခါးပတ်လုဖို့လေ့ကျင့်ခန်းလုပ်နေရင်းနဲ့တောင် Snickers ချောကလက်တွေကို စားသုံးလေ့ရှိတယ်လို့ သိရပါတယ်။ Joshua ကို အလဲထိုးနိုင်ခဲ့ပြီးတဲ့နောက် Ruiz ရဲ့ အောင်မြင်မှုကို နာမည်ကျော်ချောကလက်အမှတ်တံဆိပ်ဖြစ်တဲ့ Snickers က တွစ်တာပေါ်မှာ ချီးကျူးစကားပြောကြားခဲ့ပါသေးတယ်။ Ruiz ဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ချန်ပီယံလုပွဲမှာ ပထမဆုံး မက္ကစီကန်လူမျိုး ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

Ruiz ဟာ WBA ၊ IBF ၊ WBO နဲ့ IBO အစရှိတဲ့ ခါးပတ်တွေကိုလည်း ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ အခုဆိုရင်တော့ Ruiz ဟာ “Snickers” ဟဲဗီးဝိတ်တန်းခါးပတ်ကိုပါ ရရှိခဲ့တာ ဖြစ်ပါတယ်။ Ruiz ဟာ သူ့အင်စတာဂရမ်ပေါ်မှာတော့ သူ့ရဲ့တန်ဖိုးကြီးခါးပတ်ကြီးကိုကိုင်ထားတဲ့ဓာတ်ပုံကို တင်ခဲ့ပါသေးတယ်။ ခါးပတ်မှာ သရဖူတစ်ခုထွင်းထားပြီး စိန်စီထားတဲ့ “Snickers” ချောကလက်တံဆိပ်အပြင် သူ့နာမည်ကိုပါ အခုလို တွေ့ရမှာပါ။

Andy Ruiz Jr ရဲ့ ပုံပန်းသွင်ပြင်ဟာ အားကစားလိုက်စားတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုး မဟုတ်သလို Anthony Joshua နဲ့ ပွဲမတိုင်ခင်မှာလည်း ကမ္ဘာ့လက်ဝှေ့ပရိသတ်တွေက “ဖက်တီးပုတ်” ဆိုပြီး သူ့ကိုလှောင်ပြောင်ခဲ့ကြပါတယ်။ Andy ကတော့ လက်ဝှေ့ချန်ပီယံ ဖြစ်လာခဲ့ချိန်မှာ သူ့ကိုလှောင်ပြောင်ခဲ့သူတွေကို ပြန်လည်ခနဲ့တဲ့ အနေနဲ့ ကော၊ သူအရမ်းကြိုက်တဲ့ Snickers ရဲ့ ဂုဏ်ပြုမှုကို ၀မ်းသာတဲ့အနေနဲ့ပါ Snickers ခါးပတ်နဲ့ အတူတွဲပြီး ဓာတ်ပုံရိုက်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

READ
အရက်ဆေးလိပ် ပုံမှန်သောက်ပေမယ့် အမေရိကန်အသက်ကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာတဲ့အဖိုး

လင်းလင်း (ShweMom)

SHARE