ကိုရီးယားမှာ ကမ္ဘာ့ အကြီးဆုံး 3D သမုဒ္ဒရာ ရေလှိုင်းတွေကို ဖန်တီး

Image Source: D’strict

Shopping စင်တာ တွေ နဲ့ တခြား အ ဆောက်အအုံတွေ၊ လမ်းဘေး တွေမှာ ဘုတ်အကြီးကြီးတွေ ထောင်ပြီး ကြော်ြ ငာ တွေ  ကြော်ငြာ ထားတာကို အားလုံးပဲ တွေ့ ဖူးကြမှာပါ။တစ်ချို့က ရုပ် သေ ကြော်ငြာ မျိုး ၊တစ်ချို့ ကတော့  ဗီဒီယို တွေ နဲ့ ကြော်ငြာ ကြတာပါ။ကိုယ်ချစ်တဲ့ အနုပညာရှင် အတွက် မွေးနေ့ ဆုတောင်းတွေ ကိုပါ  ကြော်ငြာ ဘုတ် ကြီး တွေ ပေါ်မှာ ဆုတောင်းပေးကြတာမျိုးတွေ လည်းရှိပါတယ်။အခုနောက်ပိုင်းမှာက တော့ electronic billboard တွေ ကိုပဲ ကြော်ငြာ အတွက် သုံးတာ များလာပါတယ်။ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မှာတော့ ပုံမှန်မြင် နေကျ နဲ့ မတူ ပဲ လုံးဝ ကွာခြားပြီး အရမ်းမိုက်နေတဲ့ 3D billboard ကြီးကို ဖန်တီးခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ Boredpanda မှာ ဖော်ပြထားတာပါ။

သမုဒ္ဒရာ ရေလှိုင်းကြီး တွေက ကိုယ့်ကို လာပြီးရိုက်ခတ် နေသလို မျိုး အပြည့်အ၀ ခံစားမှု တွေ ပေးစွမ်း နိုင်ပါတယ်။ ဆိုးလ် ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး advertising screen ရှိတဲ့ နေရာပါ။ Public Media Series ရဲ့ D’strict က နေ #1_WAVE with Anamorphic illusion ကို ဖန်တီးခဲ့တာပါ။ D’strict ဆိုတာ ကတော့ digital media tech company ကုမ္ပဏီ တစ်ခု ဖြစ်ပြီး Display အမိုက်စားလက်ရာ တွေကို ဖန်တီး ပေး နေတာပါ။ ရေလှိုင်းကြီးကိုတော့ ဆိုးလ်မြို့မှာရှိတဲ့ COEX Square မှာ ထားရှိထားပါတယ်။ COEX  ကတော့ လူစည် ကားတဲ့ Gangnam  ရပ်ကွက်မှာ ရှိတာပါ။K Pop နဲ့ ပတ်သက်တဲ့ အရာတွေ အများအပြား ကို  Screen မှာ မကြာခဏ တွေ့ရလို့ COEX ကို K-pop Square ဆိုပြီး တော့လည်း  ခေါ် ကြပါတယ်။

READ
တပည့်ကို သွားတစ်ချောင်းထွက်/မေးရိုးကျိုးအောင် ထိုးနှက်ခဲ့သည့်ဆရာကို ဖမ်းဆီးစစ်ဆေး
Image Source: YouTube/D’strict

3D သမုဒ္ဒရာ ရေလှိုင်းကြီးကိုတော့ anamorphic illusion method ကို ဖန်တီးထားတာပါ။smart LED displays တွေ ကို သုံးထားတာပါ။Screen ကတော့ အလျား(80.1)မီတာ နဲ့ အနံ (20.1 ) ရှိပါတယ်။ LED display modules 31,000  ရှိသလို  resolutions  ကတော့  7,840×1,952 pixels အထိ ရှိတာ မို့  ကြည်လင် ပြတ်သားမှု ပိုင်းမှာတော့ ပြောစရာ မလို အောင် ကို ပြည့်စုံ နေပါတယ်။

SHARE