ကမ္ဘာ့ အလှဆုံး နို့ ထွက် ပစ္စည်းဆိုင် အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ထားတဲ့ ဆိုင်လေး

Image:IG/travellingcarola/morelovetravele

နို့ နဲ့ နို့ ထွက် ပစ္စည်း အ ရောင်းဆိုင်လို့ ကို လုံးဝ မထင်ရတဲ့ ဆိုင် လေး တစ်ဆိုင် အ ကြောင်းကိုတော့ odditycentral မှာ အခုလို ဖော်ပြထားပါတယ်။ဒီဆိုင် လေး ထဲမှာတော့ ဒိန်ချဉ်၊ချိစ် နဲ့ တခြား နို့ ထွက် ပစ္စည်း တွေကို ၀ယ်လို့ ရပါတယ်။ဆိုင်ရဲ့ အပြင် အဆင် ကို ကြည့်မယ်ဆိုရင် တော့ နို့ ထွက် ပစ္စည်း ဆိုင် ထက် လက်မှု ပစ္စည်း ဆိုင်လို့ တောင် ထင်ရ လောက်တဲ့ အထိ အရမ်းကို လှပ ပါတယ်။ဒါ ကြောင့် လည်း ကမ္ဘာ့ အလှ ဆုံး နို့ ထွက် ပစ္စည်းဆိုင်လို့ သတ်မှတ် ခံထားရတာပါ။

 

View this post on Instagram

 

#dresden #pfundsmolkerei #original #sightseeing #wochenende #mitfreunden

A post shared by Christina Schäfer (@tina_schaefer) on

ဆိုင် လေးက တော့ ဂျာမနီနိုင်ငံ Dresden မြို့ Bautzner Straße 79 မှာ တည်ရှိပါတယ်။နာမည် က တော့ Pfunds Molkerei ပါ။သာမန် ဆိုင် လေး တော့ မဟုတ်ပါဘူး။ကမ္ဘာ လှည့် ခရီးသွားတွေကိုပါ ဆွဲ ဆောင် နေတဲ့ နေရာ လေး ဖြစ် နေပြီး ကိုဗစ် မတိုင်ခင်က ဆိုရင် ဆိုင်ကို နှစ်စဉ် ကမ္ဘာ လှည့် ခရီးသွား (၅)သိန်း လောက် လာရောက်လည် ပတ် လေ့ရှိပါတယ်။ နို့ ထွက် ပစ္စည်းဆိုင် ဆို ပေမယ့် အတွင်းပိုင်း မှာတော့ အရမ်းကို လှပတဲ့ Villeroy & Boch ကုမ္ပဏီရဲ့ Hand- Painted လက်ရာ တွေ၊ ဒေသခံ Artist တွေရဲ့ လက်ရာေ တွကို ပါ ခံစားကြည့်ရှုလို့ ရပါတယ်။ဒါ ကြောင့် လည်း “World’s Most Beautiful Dairy Shop” ဆိုပြီး ဂင်းနစ်မှတ် တမ်း ၀င်ခဲ့တာပါ။

ဆိုင်လေးရဲ့ သမိုင်း ကြောင်းကို ပြောရမယ်ဆိုရင်တော့ (၁၈၇၉)လောက်ကို နောက် ကြောင်းပြန် ရမှာပါ။ဂျာမန် လယ်သမား Paul Pfund ဆိုသူက Dresden မြို့ကို သူ့ရဲ့ နွား ခြောက် ကောင်၊ ၀က် အ ကောင် ရေ အများကြီးနဲ့ ပြောင်းလာခဲ့တာပါ။ဒီကို ရောက်တဲ့ နို့ ထွက် စီးပွားရေး ဆိုင် လေး စ လုပ် ခဲ့ပါတယ်။ Paul ရဲ့ အစ်ကို မင်းသား Friedrich Pfund ကလည်း ဒီစီးပွား ရေးမှာ ပါဝင် လာခဲ့ပါတယ်။နှစ်ယောက် အတူတူ Dresdner Gebrüder Pfund ကို ထူထောက် ခဲ့ပါတယ်။

Friedrich Pfund  က တော့ (၁၈၉၃)မှာ ကွယ်လွန်သွားခဲ့ပါတယ်။Paul ရဲ့ သား Kurt နဲ့ Max တို့  အတူ ပေါင်းပြီး ကုမ္ပဏီ ကို တိုးတက်လာေ အာင် ကြိုးစားခဲ့ပါတယ်။အစပိုင်းတုန်းက တစ်နေ့ကို နို့ လီတာ (၁၅၀) လောက် ထွက်ခဲ့ပါတယ်။(၁၉၃၀)မှာတော့ (၆၀၀၀၀)လောက် အထိ ထွက်လာခဲ့ပါတယ်။ Pfund က တော့ နို့ အဖြစ် နဲ့ တင် မဟုတ် တော့ပဲ နို့ ဆပ်ပြာ တို့ ကိုပါ ထုတ်လာခဲ့ပါတယ်။ Pfunds Molkerei ဆိုင် ကိုတော့ (၁၈၉၁)တည်းက တည် ဆောက် ခဲ့တာ ဒီနေ့ အထိ တည်တံ့ နေတုန်းပါ။

Pfunds Molkerei  က တော့ ဒုတိယ ကမ္ဘာ စစ်တုန်းက လည်း ဗုံး ကြဲ တဲ့ ဒဏ် တွေကို ကြံ့ ကြံ့ ခိုင် ကျော် ဖြတ် လာခဲ့ပါတယ်။(၁၉၇၈) အထိ လုပ်ငန်းတွေ လုပ်ခဲ့ ပေမယ့် ကြားထဲမှာ ခဏ နားခဲ့ပါတယ်။(၁၉၉၅)မှာ တော့ ပြန်စ ခဲ့ပါတယ်။ကိုယ်တိုင် တော့ နို့ ထုတ်တဲ့ လုပ်ငန်းတွေ မလုပ် တော့ ပေမယ့် လည်း နို့ ထွက် ပစ္စည်း ရောင်းချတာတွေကိုတော့ ဆက်လုပ် ကိုင် နေတုန်းပါ။

#SHWEMOM

SHARE