ကြယ်တာရာကြည့်ရတာ ၀ါသနာပါသူတို့ ထီပေါက်ရင် သွားသင့်တဲ့ နေရာအလှများ

“ကြယ်တာရာ လင်းလက်လွန်းတဲ့ ကောင်းကင်ယံမှာ……”

ညအချိန် ကောင်းကင်ယံဟာ အံသြဖွယ်ရာ အရာတစ်ခုပါ။ ပြန့်ကြဲနေတဲ့ စကြာဝဠာတစ်ခွင်ဟာ ကျွန်တော်တို့ ရှိနေတဲ့ နေရာက ကြည့်မယ်ဆို အလင်းတန်းတွေထွက်နေတဲ့ မြေပုံတစ်ခုလို ရှိနေပါတယ်။ အဲ့ဒီလို အဝေးကြီးမှာ ရှိနေတဲ့ အရာတွေကို ရောက်ဖို့ အတွက် အလင်းနှစ်သန်းပေါင်များစွာ ကြာနိုင်ပါတယ်။ အဲ့ဒီအခါ အချိန်တွေကို ဖြတ်သန်းသွားလာနိုင်တဲ့ ခရီးသွားတစ်ယောက်ဖြစ်ချင်တဲ့ စိတ်တွေ တစ်ဖွားဖွားဖြစ်ပေါ်လာရတယ်။

Carl Jones

ကမ္ဘာရဲ့ နေရာဒေသ အပိုင်းအခြာတွေနဲ့လိုက်ပြီး ညဥ့်ကောင်းကင်ယံကို မြင်ရပုံချင်းလည်း ခြားနားပါတယ်။ ရန်ကုန်ကမြင်ရတဲ့ ကောင်းကင်နဲ့ တောင်ကြီးမှာ မြင်ရတာ မတူသလိုပေါ့။ အမြင့်ပိုင်း ဒေသတွေ၊ လေထုခြောက်သွေ့တဲ့ နေရာ၊ အလင်းရောင် ထိန်တဲ့ မြို့နဲ့ ကင်းဝေရာ အရပ်တွေဟာ ညဉ့်ကောင်းကင်ယံရဲ့ အလှကို အပြည့်အ၀ ခံစားနိုင်တဲ့ နေရာတွေဖြစ်ပါတယ်။

ကြယ်တာရာကို ကြည့်ရှုလေ့လာရတာ ၀ါသနာပါတဲ့ သူတွေ ထီတွေဘာတွေပေါက်လို့ ကမ္ဘာပတ်နိုင်တဲ့အခါ သွားရောက် လေ့လာနိုင်ဖို့အတွက် ကမ္ဘာတစ်လွှားက ကြယ်ကြည့်ဖို့ အကောင်းဆုံး အရပ်ဒေသတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

နာမီဘီယာနိုင်ငံက NamibRand သစ်တောကြိုးဝိုင်ဟာ International Dark-Sky Association ရဲ့ ပထမဆုံး ရွှေတံဆိပ် ခတ်နှိပ်ထားခြင်းခံရတဲ့ နေရာတစ်ခုဖြစ်တယ်။ ကြယ်တာရာတွေကြည့်ဖို့ရာ ပြည့်စုံတဲ့ကောင်းကင်ကို မြင်ရတဲ့အတွက်ကြောင့် မို့လို့ အခုလို သတ်မှတ်ခဲ့တာဖြစ်တယ်။
Bobby Bradley
Kruger အမျိုးသားဥယျာဉ်ဟာ တောင် အာဖရိက နိုင်ငံမှာရှိပါတယ်။ အကြီးဆုံး သစ်တောကြိုးဝိုင်းကြီးတစ်ခုဖြစ်ပြီး မြို့ပြရဲ့ ညစ်ညမ်းမှုတွေ၊ ဖန်တီးထားတဲ့ အလင်းတုတွေရဲ့ ဝေးရာ အရပ်တစ်ခုလည်း ဖြစ်တယ်။
Martijn Barendse
ဒီနေရာကတော့ ဟာဝိုင်ယီကျွန်းက အမြင့်ပေ (၁၄၀၀၀) နီးပါးရှိတဲ့ Mauna Kea တောင်ရဲ့ တောင်ထိပ်တစ်နေရာဖြစ်ပါတယ်။ မြင့်မားလွန်းပြီး အပေါ်ရောက်လေလေ တိမ်တွေပေါ်ရောက်လေလေရှိတယ်။ ကိုယ်ခံအားကောင်းပြီး အအေးဒဏ်ခံနိုင်တဲ့သူတိုရင်တော့ အာကာသ ဟင်းလင်းပြင်ရှိ ကြယ်စုရဲ့ မြင်ကွင်းကို ထင်းထင်းရှင်းရှင်း ခံစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
sjhags/Flickr
ဒီနေရာက Canary ကျွန်းစုထဲမှာရှိတဲ့ Tenerife ဒေသမှာရှိပါတယ်။ ကမ္ဘာ့ အမှောင်မိုက်ဆုံးနဲ့ အရှင်းဆုံး ညဥ့်ကောင်းကင်ယံကို မြင်မှာဖြစ်တယ်။ အီကွေတာနဲ့ နီးပြီး အပူပိုင်းမုန်တိုင်းတွေနဲ့လည်း လုံခြုံတဲ့ နေရာမှာရှိတယ်။
Raico Bernardino Rosenberg Follow
ကမ္ဘာပေါ်က အခြောက်သွေ့ဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ Atacama သဲကန္တာရဟာ ချီလီနိုင်ငံမှာ တည်ရှိပါတယ်။ မိုးနည်းတဲ့ ဒေသတစ်ခုလည်းဖြစ်တယ်။ ဒီ သဲကန္တာရဟာ ကြယ်တာရာတွေ ရှုမြော်လို့ကောင်းတဲ့ အနေအထာတွေရှိနေပါတယ်။ မျက်နှာပြင်မြင့်မားမှု၊ ကြည်လင်တဲ့ ကောင်းကင်မိုးထားမှု၊ အလင်းပျံနှံ့မှုတွေ ကင်းစင်မှုတို့ကြောင့် အခုလို စာရင်းဝင်နေတာဖြစ်ပါတယ်။
European Southern Observatory
ကြယ်စု (၇၀၀၀) နဲ့ အထက်ကို မြင်ရပြီး ရောင်စဉ်တန်းတွေ ယှက်ပြေးနေတဲ့ ညဥ့်ကောင်းကင်ယံကို စကော့တလန်နိုင်ငံ Galloway သစ်တောဥယျာဉ်ထဲက Scottish Dark Sky လေ့လာရေးနေရာမှာ မြင်တွေ့နိုင်ပါတယ်။
David Warrington
ဒီနေရာက နယူးဇီလန်နိုင်ငံထဲက ကုန်းပြင်မြင့်တစ်ခုရဲ့ ထိပ်မှာ နေရာချထားတဲ့ Aoraki Mackenzie International Dark Sky ကြိုးဝိုင်းဖြစ်ပါတယ်။ ဒီနေရာကနေ မှော်ဆရာတိမ်တွေကို မြင်တွေ့နိုင်ပြီး ကြယ်တာရာတွေရဲ့ အလှကို အပြည့်အ၀ခံစားနိုင်မှာ ဖြစ်ပါတယ်။
Joel Gillespie/Earth&Sky LTD
ဒီနေရာကတော့ Texas ပြည်နယ်ထဲက Big Bend အမျိုးသားဥယျာဉ်ထဲမှာ ရှိပါတယ်။ တခြား အမျိုးသား ဥယျာဉ်တွေထက် အလင်းပျံနှံ့မှု နည်းတဲ့ နေရာဖြစ်တယ်။ သာမန် မျက်စိနဲ့ အတိုင်းအတာနဲ့တောင် ကြယ် (၂၀၀၀) လောက် မြင်နိုင်တယ်လို့သိရပါတယ်။
Vincent Lock

Ref: Business Insider

READ
ပေ (၅၀၀) အထက်မှာ ရေကူးရမယ်ဆို ကူးရဲပါမလား......
Matthew (ShweMOM)
SHARE