ရေတံခွန်ထဲဖြတ်ပြီး ဖောက်လုပ်ထားတဲ့ ကမ္ဘာ့အန္တရာယ်အများဆုံး လမ်းမကြီး

နီပေါနိုင်ငံက အန်နာပါနာတောင်တစ်လျှောက်မှာ ဖောက်လုပ်ထားတဲ့ မာနန်းလမ်းမကြီးဟာ ကမ္ဘာတစ်ခွင်မှာ အန္တရာယ်အများဆုံးရှိတဲ့ လမ်းဖြစ်ပါတယ်။ ရှည်လျားပြီး လေတဖြူးဖြူးတိုက်တဲ့အပြင် လမ်းတွေဟာ တညီတညာတည်း မဟုတ်ပဲ နိမ့်လိုက် မြင့်လိုက်နဲ့ သွားပါတယ်။ ဘီစီရှာဟာမြို့ကနေ စတင် ဖောက်လုပ်ထားတဲ့ လမ်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် (၁၁,၅၄၅) မှာရှိတဲ့ မာနန်းမြို့အထိကို ကီလိုမီတာ(၉၅.၈) အထိ ရှည်လျားပါတယ်။

wikdpanda

ဒီလမ်းကနေ ဖြတ်ပြီး ခရီးသွားမယ်ဆိုရင်တော့ ရက်ပေါင်းများစွာ ကြာပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိမှာတော့ ခရီးသွားလာသူတွေအတွက် အန္တရာယ်များလွန်းပြီး လုံခြုံစိတ်ချရမှုမရှိတာကြောင့် လမ်းပိတ်ထားပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ လပိုင်းတွေမှာဆို တောင်ထိပ်က ရေခဲနဲ့၊ ဆီးနှင်းတွေက အရေပျော်ကျလာပြီး တောင်အောက်ဆီ ရေတံခွန်သဖွယ် တဟုန်ထိုး စီးဆင်းလာလေ့ရှိပါတယ်။

လမ်းမှာတော့ ရင်သပ်ရှုမောစရာ မြင်ကွင်းပေါင်းများစွာကို တွေ့ရမှာပါ။ နီပေါရဲ့ ပန်းသီးမြို့တော်လို့ သိကြတဲ့ မာဖာ၊ ရေခဲနဲ့ ဆီးနှင်းတွေကို မြင်ရမယ့် ကလိုပါနီ၊ ဂါဆာမြို့နဲ့ ရေပူစမ်းရှိရာ တာတိုပါနီရွာကလေးဆီပါ ရောက်ရှိမှာဖြစ်ပါတယ်။ ကားလမ်းခရီးနဲ့ သွားရမှာ ကြောက်တတ်သူတွေအဖို့တော့ လေယာဉ်ခရီးနဲ့ မာနန်းမြို့ဆီအလည်ရောက်နိုင်တယ်လို့ သိရပါတယ်။

READ
လက်ကိုင်ဖုန်းကြောင့် အသားအရေပျက်စီးစေတဲ့အချက်(၅)ချက်

လင်းလင်း (ShweMom)

Ref: wikdpanda

SHARE