ဘီလျံနာဦးရေ အများဆုံးတည်ရှိရာ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးများ

ကမ္ဘာ့ပေါ်မှာရှိတဲ့ ဘီလျံနာဦးရေ စုစုပေါင်းရဲ့ (၄)ပုံ (၃) ပုံဟာ အောက်မှာဖော်ပြထားတဲ့ နိုင်ငံ (၁၅) နိုင်ငံမှာ ရှိနေပါတယ်။ စုပေါင်းဖော်ပြရရင် ၄င်းနိုင်ငံတွေမှာ နေထိုင်နေကြတဲ့ ဘီလျံနာ(၁,၉၄၂) ယောက်တို့ရဲ့ စုစုပေါင်းစည်းစိမ်တန်ဖိုးဟာ အမေရိကန် ဒေါ်လာ (၆.၈) ထရီလီယံတန်ဖိုးရှိနေပါတယ်။ အမေရိကန်နိုင်ငံမှာ ကမ္ဘာ့ဘီလျံနာအရေအတွက်စုစုပေါင်းရဲ့ (၂၇) ရာခိုင်နှုန်းနေထိုင်နေပါတယ်။ အောက်ဘက်မှာတော့ ဘီလျံနာဦးရေ အနည်းကနေ အများအလိုက်ရှိကြတဲ့ နိုင်ငံတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁၄) စင်ကာပူ

shutterstock

ကျွန်းနိုင်ငံဖြစ်တဲ့ စင်္ကာပူဟာ မလေးရှားတောင်ပိုင်းကမ်းရိုးတန်းမှာ ရှိပါတယ်။ ကမ္ဘာ့ပေါ်က အချမ်းသာဆုံးမြို့ထဲမှာ ပါသလို စရိတ်စကကြီးလွန်းတဲ့ မြို့လဲဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာတော့ ဘီလျံနာ(၃၉) ဦးရှိပြီး ဘီလျံနာတွေရဲ့ ချမ်းသာကြွယ်ဝမှုစုစုပေါင်းဟာ အမေရိကန်ဒေါ်လာ (၈၄) ဘီလီယံရှိပါတယ်။

(၁၃) ကနေဒါ

shutterstock

ကနေဒါနိုင်ငံကတော့ တဖြည်းဖြည်းနဲ့ ကြွယ်ဝချမ်းသာသူတွေ ပေါများလာတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဘီလျံနာ (၄၅) ဦးရှိပြီး ဘီလျံနာတွေရဲ့ ချမ်းသာကြွယ်ဝမှုစုစုပေါင်း အမေရိကန်ဒေါ်လာ (၈၇) ဘီလီယံရှိပါတယ်။

(၁၂) အီတလီ

shutterstock

အီတလီနိုင်ငံမှာတော့ နိုင်ငံရေးမတည်ငြိမ်တာကြောင့် ဘီလျံနာအရေအတွက်ဟာ ကျဆင်းနေပါတယ်။ လက်ရှိမှာတော့ ဘီလျံနာ(၄၇) ဦးရှိပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၄၁) ဘီလီယံကြွယ်ဝပါတယ်။

(၁၁) ဘရာဇီး

shutterstock

ဘရာဇီးနိုင်ငံမှာလည်း ချမ်းသာကြွယ်ဝမှုပမာဏရော၊ ဘီလျံနာအရေအတွက်ဟာ အရင်ကထက်စာရင် ကျဆင်းလာပါတယ်။ လက်ရှိမှာတော့ ဘီလျံနာ(၄၉) ဦးရှိကာ စုစုပေါင်းအမေရိကန် ဒေါ်လာ (၁၅၄) ဘီလီယံ ကြွယ်ဝမှုရှိပါတယ်။

READ
မရိုးနိုင်တဲ့ အသစ်အဆန်းပေါင်းများစွာနဲ့ လူသားတွေကို မိတ်ဆက်ပေးနေတဲ့ ကမ္ဘာကြီး

(၁၀) ယူအေအီး၊ ပြင်သစ်

shutterstock

ဒီနှစ်နိုင်ငံမှာတော့ ဘီလျံနာဦးရေ (၅၅) ဦးစီ ရှိကြပါတယ်။ ချမ်းသာကြွယ်ဝမှုအပိုင်းမှာတော့ ယူအေအီး(အမေရိကန် ဒေါ်လာ ၁၆၅ ဘီလီယံ) ၊ ပြင်သစ် (အမေရိကန်ဒေါ်လာ ၁၉၅ ဘီလီယံ) အသီးသီး ရှိကြောင်း သိရပါတယ်။

(၉) ဆော်ဒီအာရေဗျ

shutterstock

ဆော်ဒီအာရေဗျမှာတော့ ဘီလျံနာ(၅၇) ဦးရှိပြီး စုစုပေါင်း ကြွယ်ဝချမ်းသာမှုကတော့ အမေရိကန်ဒေါ်လာ (၁၄၇) ဘီလီယံ ရှိပါတယ်။

(၈) အိန္ဒိယ

shutterstock

အိန္ဒိယနိုင်ငံကတော့ နိုင်ငံသားတွေရဲ့ ၀င်ငွေကွာဟချက် ကြီးကြီးမားမားရှိနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ လက်ရှိမှာ ဘီလျံနာ (၈၂) ဦးရှိကာ စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၈၄) ဘီလီယံကြွယ်ဝချမ်းသာပါတယ်။

(၇) ဟောင်ကောင်

shutterstock

ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်းမှာပဲ ဘီလျံနာဦးရေဟာ လျှော့ကျလာခဲ့ပါတယ်။ ဟောင်ကောင်ဟာ လက်ရှိမှာ ဘီလျံနာ (၈၇) ဦးကို ပိုင်ဆိုင်ထားပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၅၉) ဘီလီယံ ချမ်းသာကြွယ်ဝပါတယ်။

(၆) ဆွစ်ဇာလန်

shutterstock

ဆွစ်ဇာလန်မှာတော့ ဘီလျံနာ (၉၁) ဦးရှိပြီး စုစုပေါင်းချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ (၂၄၀) ဘီလီယံရှိပါတယ်။

READ
မဖြစ်သေးတဲ့အရာကို ကြိုတင်ခံစားသိမြင်နိုင်တဲ့ ခွေးလေးတွေရဲ့ ခံစားချက် (၅) မျိုး

(၅) အင်္ဂလန်

shutterstock

အင်္ဂလန်က ဘီလျံနာတွေကတော့ အမေရိကန်ငွေကြေးနဲ့ ငွေလဲလှယ်နှုန်းထားကနေ အကျိုးအမြတ်တွေ ရရှိကြတာပါ။ လက်ရှိမှာ ဘီလျံနာ (၉၇) ဦးရှိပြီး စုစုပေါင်း ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ (၂၀၉) ဘီလီယံ ရှိပါတယ်။

(၄) ရုရှား

shutterstock

ရုရှားကတော့ စွမ်းအင်ဈေးတွေ မတည်မငြိမ်ဖြစ်နေတာ၊ နိုင်ငံရေးအရ တင်းမာမှုတွေရှိနေတာတောင် ဘီလျံနာအရေအတွက်က တစစတိုးတက်လာတာပါ။ လက်ရှိ ရုရှားမှာ ဘီလျံနာ (၁၀၂) ဦးရှိပြီး အမေရိကန် ဒေါ်လာပေါင်း (၃၃၅) ဘီလီယံချမ်းသာကြွယ်ဝပါတယ်။

(၃) ဂျာမနီ

shutterstock

ဂျာမနီနိုင်ငံကတော့ ဥရောပရဲ့ အကြီးဆုံး အမျိုးသားဈေးကွက်ကို ပိုင်ဆိုင်ထားတာပါ။ ဘီလျံနာဦးရေ (၁၄၆) ဦးရှိပြီး စုစုပေါင်း(၄၄၂) ဘီလီယံဒေါ်လာ ကြွယ်ဝပါတယ်။

(၂) တရုတ်ပြည်မကြီး

shutterstock

တရုတ်ပြည်မကြီးမှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘီလျံနာတွေရဲ့ (၁၂) ရာခိုင်နှုန်းရှိပါတယ်။ ဘီလျံနာဦးရေ (၂၈၅) ဦးရှိကာ စုစုပေါင်းတန်ဖိုးငွေ အမေရိကန်ဒေါ်လာ (၉၉၆) ဘီလီယံ ကြွယ်ဝချမ်းသာပါတယ်။

(၁) အမေရိကန်

shutterstock

အမေရိကန်ကတော့ တစ်ကမ္ဘာလုံးမှာ ဘီလျံနာအများဆုံးရှိရာ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ စုစုပေါင်း ဘီလျံနာ (၇၀၅) ယောက်ရှိပြီး ချမ်းသာကြွယ်ဝမှုတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၃.၀၁၃) တန်ဖိုးရှိတယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

Ref: scmp

SHARE