ကမ္ဘာလှည့်ခရီးသည်များကိုဆွဲဆောင်နိုင်သော ထူးထူးခြားခြားနေရာများ

အခု ဖော်ပြမယ့် အံ့သြဖွယ်ခရီးသွား စွဲဆောင်မှုနေရာတွေထဲမှာ တစ်ချို့နေရာတွေဟာ Adult တွေအတွက် ရည်ရွယ်
တည်ဆောက်ထားတာတွေ ပါပါတယ်။ ဒီနေရာတွေကို သုံးသပ်သူတော်တော်များများက နိုင်ငံယဉ်ကျေးမှုအရ မရှိသင့်ဘူးလို့ ဝေဖန်ထားခြင်း ခံထားရပါတယ်။ အခု Shwemom ပရိသတ်ကြီးအတွက် အံ့သြဖွယ် ခရီးသွားစွဲဆောင်မှုတွေရှိတဲ့
နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Penis Park, (တောင်ကိုရီးယား)

နာမည်ကြားလိုက်တာနဲ့ ကျောချမ်ချင်စရာကြီးပါ။ အဲဒီကိုသာ ရောက်သွားရင် အမျိုးသမီးတွေအဖို့ ထွက်ပေါက်ရှာပြီး
ချက်ချင်း ထွက်ပြေးရမယ့် ကိန်းမျိုးပါ။ ဟုတ်ပါတယ်။  Penis Park ဆိုတဲ့ အမည်နဲ့လိုက်ဖက်စွာ အမျိုးသားအင်္ဂါရဲ့ ဧရာမ ပုံစံရုပ်တုကြီးတွေကို နေရာအနှံ့မှာ အလှဆင်ထားပါတယ်။ ဒီပန်းခြံဖြစ်ပေါ်လာပုံ သမိုင်းကတော့ အလုပ်အလွန်ကြိုးစားတဲ့ တံငါသယ်ကောင်လေးဟာ ငါးရှာထွက်ချိန်မှာ အပျိုစင်ချစ်သူကို ကျောက်ဆောင်တစ်ခုပေါ်ကနေ စောင့်နေဖို့ မှာခဲ့ပါတယ်။ အဲဒီမှာ မုန်းတိုင်းကြောင့် ထိုင်စောင့်နေခဲ့တဲ့ အမျိုးသမီးငယ် သေဆုံးသွားခဲ့ပါတယ်။ နောက်ပိုင်း ငါးတွေဖမ်းမမိ
တော့လို့ တံငါသည်တွေဟာ အလွန်ကြီးမားတဲ့ (သေဆုံးသူ အမျိုးသမီးငယ်ကို ပူဇော်ပသတဲ့အနေနဲ့) လိင်တံရုပ်တုတွေ
ကြားထဲမှာ နေပေးဖို့ ရွာသူအပျိုစင်တစ်ယောက်ကို တောင်းဆိုခဲ့ပါတယ်။ အဲဒီတော့မှ ငါးတွေလည်း ဖမ်းလို့ရတယ်လို့
ဆိုပါတယ်။

(၂) Market Theatre Gum Wall, (အမေရိကန်)

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ တည်ရှိတဲ့ ပီကေတံတိုင်းလို့ခေါ်တဲ့ Market Theatre Gum Wall
ကြီးဟာလည်း တကယ် ရွံစရာပါဘဲ။ တကယ့်လူပေါင်းစုံဝါးထားတဲ့ ပီကေတွေ တံတိုင်းတစ်လျှောက်မှာ ပေပွနေပြီး၊ 2015 ခုနှစ်မှာတော့ အဲဒီပီကေတွေကို သန့်ရှင်းရေးလုပ်ကာ ပီကေမကပ်ရ တားမြစ်ချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ရက်ပိုင်းအတွင်းမှာပဲ နံရံတစ်လျှောက် ပီကေတွေ ပြန်ပြီး ပြည့်နှက်ခဲ့ပါတယ်။

READ
ပန်းခရမ်းရောင်ကမ္ဘာငယ်လေးအလားထင်မှတ်ရတဲ့ သက်တမ်း (၁၄၄) နှစ်ရှိတဲ့ အပင်ကြီး

(၃) Erotkaland (ဘရားဇီး)

ဘရားဇီးနိုင်ငံမှာ ရှိတဲ့ Erotkaland ပန်းခြံဟာ (2018) ခုနှစ်မှာ ဖွင့်လှစ်ဖို့ ရာထားတဲ့ ပန်းခြံဖြစ်ပါတယ်။ အရွယ်ရောက်တဲ့ သူတွေကိုသာ ပေးဝင်မှာ ဖြစ်ပြီး အမျိုးသမီးတွေ သီးသန့်ကြည့်လို့ရတဲ့ ရုပ်ရှင်ရုံ ထိုင်ခုံတွေမှာ အာသာဖြေ Vibrator တွေ ထည့်သွင်းပေးထားမှာ ဖြစ်သလို၊ အ၀တ်မဲ့ရေကန်၊ ရထားပေါ်က ပျော်ရွှင်မှု၊ အာသာဖြေအနှိပ်ခန်း-စတာတွေ ပါဝင်
မယ်လို့ သိရပါတယ်။

(၄) Yunessun Spa Resort (ဂျပန်)

ဂျပန်နိုင်ငံမှာ တည်ရှိတဲ့ Yunessun Spa Resort ကလည်း တကယ်တွေးကြည့်ရင် ရွံဖွယ်ရာ ကောင်းပါတယ်။ အမျိုးသမီးလေးတွေနဲ့အတူ တန်ဖိုးကြီး ၀ိုင်အပြည့်ဖြည့်ထားတဲ့ ရေကန်ထဲမှာ ရေကူးခွင့်နဲ့အတူ ၀ိုင်ကန်ထဲမှာ စိမ်ရင်း လက်ဖက်စိမ်းလက်ဖက်ရည်၊ ကော်ဖီ၊ သတင်းစာနဲ့ အခြားစားသောက်ဖွယ်တွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဈေးကလည်း အင်မတန်
ကြီးလွန်းတယ်လို့ သိရပါတယ်။

(၅) Kingdom of the Little People (တရုတ်ပြည်)

တရုတ်ပြည်မှာ နာမည်ကျော်ကြားတဲ့ လူပုလေးတွေရဲ့ ဖျော်ဖြေပွဲကလလည်း အံ့သြဖွယ်ရာ ကောင်းပါတယ်။ အရပ်အမြင့် (4.3)ပေ ၀န်းကျင်သာ ရှိသေးတဲ့ လူပုလေးတွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ခံစားရမှာ ဖြစ်ပြီး အကအလှ၊ သီချင်းပဒေသာ၊ ပြဇာတ် စတာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

READ
ဧရာမရေခဲချပ်ကြီးပေါ်မှာ တည်ဆောက်ထားတဲ့ ဒီဇိုင်းအဆန်းနဲ့ ရေပေါ်ဟိုတယ်

(၆) Jeju Loveland (တောင်ကိုရီးယား)

တောင်ကိုးရီးယာနိုင်ငံ Jeju အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ဆယ်မိုင်သာ ကွာဝေးတဲ့ Jeju Loveland ကလည်း ၀တ်စလစ်
ရုပ်တုပေါင်း 140 နဲ့ အလှဆင်ထားတဲ့ နေရာ ဖြစ်ပါတယ်။ 2004 ခုနှစ်မှာ ကျောင်းသားတွေက စတင်တည်ဆောက်ခဲ့တဲ့ ပန်းခြံဖြစ်ပြီး နောက်ပိုင်း တစ်ဖြည်းဖြည်း နာမည်ကြီးလာတဲ့ ပန်းခြံဖြစ်ပါတယ်။

(၇) Haw Par Villa (စင်္ကာပူ)

စင်္ကာပူမှာတည်ရှိတဲ့ Haw Par Villa ထဲမှာတော့ ကြောက်မက်ဖွယ် ရုပ်တုပေါင်း 1000 ကျော်တည်ရှိပါတယ်။ 1937 ခ
နှစ်မှာ တရုတ်မြန်မာ ကပြားတွေ ဖြစ်တဲ့ တိုက်ဂါးဘမ်းပရုတ်ဆီလုပ်ငန်းပိုင်ရှင် ညီအစ်ကိုနှစ်ယောက်  Aw Boon Haw နဲ့ Aw Boon Par တို့က စတင်တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။ Villa ကို ညီအစ်ကိုနှစ်ယောက်ရဲ့ နောက်ဆုံးနာမည်
တွေဖြစ်တဲ့ Haw နဲ့ Par ကို ယူထားလို့ ဆိုပါတယ်။ စင်္ကာပူရဲ့ အထင်ကရပန်းခြံတစ်ခု ဖြစ်ပါတယ်။

ညီလင်းထက် (Shwemom)

source : thesun.co.uk

SHARE