ကမ္ဘာ့အဆိုးဝါးဆုံး လူသားချင်းစာနာမှု ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံများ…

Unicef.Org

နှစ်စဉ် ကမ္ဘာ့အဆိုးဝါးဆုံးလူသားချင်းစာနာမှုပဋိပက္ခတွေနဲ့ရင်ဆိုင်နေရတဲ့ နိုင်ငံတွေရဲ့စာရင်းကို အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီ (IRC) ကထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုထုတ်ပြန်ခဲ့တာဟာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ကယ်ဆယ်ရေး လုပ်သားတွေလုပ်ရတဲ့အလုပ်ပမာဏကိုမီးမောင်းထိုးပြချင်တာကြောင့်ဖြစ်ပါတယ်။

ပဋိပက္ခတွေ၊ ရောဂါကူးစက်ပျံ့နှံ့မှုတွေနဲ့သဘာဝဘေးအန္တရာယ်တွေဟာလည်း ပြီးခဲ့တဲ့နှစ်ကအတိုင်း (၂၀၂၀)ခုနှစ်မှာ လည်းမပြောင်းလဲပဲရှိနေပါတယ်။ ဒါ့အပြင် ဒီပြဿနာတွေကိုဖြေရှင်းနိုင်မယ့်အရင်းအမြစ်ကိုလည်း မတွေ့သေးဘူးလို့ IRC ကပြောပါတယ်။

1. Central African Republic

Seleka လို့ခေါ်တဲ့ လက်နက်ကိုင်အဖွဲ့ဟာ (၂၀၁၃)ခုနှစ်က Central African Republic ကို သိမ်းပိုက်ခဲ့ပါတယ်။ Seleka တွေနဲ့ ခရစ်ယာန်စစ်ဝန်ထမ်းတွေကြားတိုက်ခိုက်မှုတွေဖြစ်ပြီးနောက် လူထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ လက်နက်ကိုင်တပ်ဖွဲ့(၁၄)ဖွဲ့နဲ့အစိုးရဟာ (၂၀၁၉)ခုနှစ်ဖေဖော်ဝါရီလက ငြိမ်းချမ်းရေးသဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါပေမယ့် ဒီသဘောတူလက်မှတ်ရေးထိုးမှုကို အပြည့်အ၀မလိုက် နာတဲ့သူတွေရှိတယ်လို့ IRC ကပြောပါတယ်။

နိုင်ငံရဲ့လူဦးရေ(၄)ပုံ (၁)ပုံကျော်ဟာ အိုးအိမ်မဲ့တွေဖြစ်နေပြီး လူ(၆)သိန်းလောက်ဟာ နေအိမ်တွေကိုစွန့်ခွာထွက်ပြေး ခဲ့ကြသလို နောက်ထပ်လူ(၆)သိန်းလောက်ကတော့ အိမ်နီးချင်းနိုင်ငံတွေကိုပြောင်းရွှေ့နေထိုင်ကြတယ်လို့ ကုလသမဂ္ဂကိန်းဂဏန်းတွေအရသိရပါတယ်။ ဒါ့အပြင် အဲ့ဒီနိုင်ငံမှာ ဆိုးဝါးတဲ့ရေကြီးမှုတွေဖြစ်ပွားခဲ့တာကြောင့် လူတွေဟာ အစားအစာမလုံလောက်မှုတွေနဲ့အိမ်နီးချင်းနိုင်ငံ ကွန်ဂိုကနေ အီဘိုလာရောဂါကူးစက်ခံခဲ့ရပါတယ်။

2. Somalia

Somalia နိုင်ငံဟာ (၁၉၉၀)ခုနှစ်ကတည်း ပဋိပက္ခတွေ ဆက်တိုက်ဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ဒါ့ကြောင့် နိုင်ငံရဲ့လူဦးရေ တော်တော်များများဟာ အိမ်နီးချင်းနိုင်ငံတွေဆီကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။

အာဖရိကချိုင့်ဝှမ်းဒေသဖြစ်တာကြောင့် မိုးခေါင်မှုတွေဖြစ်ပွားတဲ့အတွက် အစားအစာရှားပါးမှုအန္တရာယ်နဲ့ ကြုံတွေ့ရတာကြောင့် လူတွေဟာသူတို့ရဲ့နေအိမ်တွေကို စွန့်ခွာသွားကြပါတယ်။

al-Shabab လက်နက်ကိုင်အဖွဲ့အပါအ၀င် Al Qaeda နဲ့ ISIS စစ်သွေးကြွတွေရဲ့အကြမ်းဖက်တိုက်ခံမှု တွေနဲ့ရင်ဆိုင်နေရတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

READ
ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ နာမည်မကျော်ခင် ငယ်ရွယ်စဉ်ဘဝက ရှားပါးဓာတ်ပုံများ

3. Burkina Faso

Burkina Faso နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ကစပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာခြိမ်းခြောက်မှုတွေဟာ ပိုမိကြီး ထွားလာခဲ့ပါတယ်။Al Qaeda နဲ့ ISIS စစ်သွေးကြွအဖွဲ့တွေနဲ့ဆက်နွှယ်နေတဲ့ အဖွဲ့ခွဲတွေ ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေက ဒေသခံတွေကိုနေရာအတင်းရွှေ့ပြောင်းခိုင်းစေခဲ့ပြီး သူတို့အဖွဲ့တွေဝင်ရောက် နိုင်ဖို့လုပ်ဆောင်ခဲ့တယ်လို့ IRC ရဲ့မြေပြင်ရှိဝန်ထမ်းတွေကပြောပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ကျောင်းပေါင်း(၂၀၀၀)နဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းပေါင်း(၉၁)ခုကို ပိတ်ထားခဲ့ရပြီး ကလေး(၂၇၀၀၀၀)လည်း တရားဝင်ပညာရေးမရှိခဲ့ပဲ၊ လူ(၁.၂)သန်းကျော် ကျန်းမာရေးစောင့်ရှောက် မှုမရရှိခဲ့ဘူလို့ IRC ကဖော်ပြပါတယ်။(၂၀၁၈)ခုနှစ်မှာတော့ ဒီနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာ ခဲ့ပါတယ်။

4. South Sudan

ဆူဒန်နိုင်ငံမှာ ဆယ်စုနှစ်ကြာပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် South Sudan နိုင်ငံကိုတည်ထောင်ခဲ့တာဖြစ်ပြီး တည်ထောင်ပြီး (၂)နှစ်အကြာ (၂၀၁၃)ခုနှစ်ကတည်းက အရပ်ဘက် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

(၂၀၁၃)ခုနှစ်ကတည်းက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် လူ(၂.၂)သန်း ဒုက္ခသည်ဖြစ်သွားသလို (၁.၅)သန်းက တော့ အိုးအိမ်မဲ့တွေဖြစ်ပွားခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ဖော်ပြချက်အရသိရပါတယ်။

စားနပ်ရိက္ခာလုံလောက်မှုမရှိတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတဲ့အပြင် အကျင့်ပျက်ခြစားမှုတွေ၊ မိုးခေါင်မှုတွေနဲ့ မုန်တိုင်းအန္တရာယ်တွေနဲ့လည်းရင်ဆိုင်ခဲ့ရပါတယ်။(၂၀၁၉)ခုနှစ်တုန်းကတော့ ကြီးမားတဲ့ရေကြီးမှုတွေဖြစ်ပွားခဲ့ပြီး လူတော်တော်များများ ငှက်ဖျားရောဂါနဲ့ဝမ်းပျက်ဝမ်းလျှောရောဂါတွေဖြစ်ပွားခဲ့တယ်လို့ ကုလသမဂ္ဂကပြောပါတယ်။

5. Afghanistan

Afghanistan နိုင်ငံဟာ (၂၀၀၁)ခုနှစ် အမေရိကန်ဦးဆောင်တဲ့ ကျူးကျော်စစ် ပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ဒီမတည်ငြိမ်မှုတွေဆက်လက်ဖြစ်ပွားနေတာကြောင့် အမေရိကန်အခွန်ထမ်း(၁)ထရီလီယံကုန်ကျခဲ့ ပါတယ်။နိုင်ငံအစိုးရဟာ တာလီဘန်နဲ့ ISIS အပါအ၀င် လက်နက်ကိုင်တပ်ဖွဲ့တော်တော်များများ နဲ့တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

READ
နိုင်ငံအချို့ရဲ့ ချစ်ခင်ဖွယ်ရာ အထက်တန်းကျောင်း ယူနီဖောင်းဝတ်စုံများ

ဒီပဋိပက္ခတွေကြောင့် နိုင်ငံမှာ ဒုက္ခသည်ပေါင်း(၂.၅)သန်းနီးပါးထွက်ပေါ်လာခဲ့တယ်လို့ ကုလသမဂ္ဂကပြောပါတယ်။ ဒါ့အပြင် နိုင်ငံဟာ မိုးခေါင်မှုတွေ၊ မြေပြိုမှုတွေနဲ့ ငလျင်လှုပ်ခတ်မှုတွေကိုရင်ဆိုင်နေရပြီး အခြေခံအဆောက်အအုံ ညံ့ဖျင်းမှုတွေကြောင့် အိုးအိမ်မဲ့တွေဖြစ်ပွားခဲ့ပါတယ်။

IRC ကလည်း အကြမ်းဖက်မှုနဲ့လူ့အခွင့်အရေးချိုးဖောက်မှုအန္တရာယ်တွေကိုမီးမောင်းထိုးပြခဲ့ပါတယ်။

အမေရိကန်က တာလီဘန်တွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြုလုပ်ခဲ့ပြီးနောက် (၂၀၁၉)ခုနှစ်ကစပြီး အပစ်အခတ် ရပ်စဲမှုတွေကိုလုပ်ဆောင်ခဲ့ပါတယ်။ သမ္မတဒေါ်နယ်လ်ထရမ့်က အာဖဂန်နစ္စတန်ကဲ့သို့ ထာဝရစစ်ပွဲတွေကနေ အမေရိကန်ကိုဖယ်ရှားပေးဖို့ကတိပြုခဲ့ပါတယ်။ဒါပေမယ့် ပေးထားတဲ့ကတိအတိုင်းတော့ ဖြစ်မလာသေးပါဘူး။

6. Venezuela

Venezuela နိုင်ငံရဲ့ဆိုရှယ်လစ်သမ္မတ Nicolás Maduro ဟာ သမ္မတတာဝန်ကိုယူထားစဉ်မှာပဲ ငွေကြေးဖောင်းပွမှု 10,000,000 ရာခိုင်နှုန်းထိရောက်နေတဲ့ စီးပွားရေးအကြပ်အတည်းတွေဖြစ်ပွားခဲ့ပြီး အစားအစာနဲ့ဆေးဝါးပြတ်လတ်မှု တွေကြောင့် လူတွေဟာ နေအိမ်စွန့်ခွာထွက်ပြေးခဲ့ကြပါတယ်။

ဆက်လက်ဖြစ်ပွားနေတဲ့အကြပ်အတည်းတွေကြောင့် အိမ်ထောင်စု(၉၄)ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးနေပြီး ဆေးရုံ(၉၀)ရာခိုင်နှုန်းလောက်ဟာ ရိက္ခာပြတ်တောက်မှုတွေဖြစ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ (၂၀၁၈)ခုနှစ်စာရင်းဇယားအရသိရပါတယ်။

လူ(၇)သန်းလောက်ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေကြောင်းလည်း ကုလသမဂ္ဂက ဖော်ပြခဲ့ပါတယ်။

7. Nigeria

နိုင်ဂျီးရီးယားဟာ ဆယ်စုနှစ်တစ်ခုကြာတဲ့အထိ နိုင်ငံရဲ့အရှေ့မြောက်ဘက်မှာ သောင်းကျန်းမှုတွေနဲ့ အနောက်မြောက်ဘက်ပိုင်းမှာ တင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။ဒေသတွင်းမတည်ငြိမ်မှုတွေကြောင့် ပြည်တွင်းမှာ ရွှေ့ပြောင်းဒုက္ခသည်ဦးရေ(၅၄၀၀၀၀)အထိရှိလာခဲ့ပါတယ်။

အရှေ့မြောက်ဘက်ပိုင်းရဲ့ကြီးမားတဲ့အစိတ်အပိုင်းနေရာတွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတာကြောင့် ဒေသခံ(၁.၂)သန်းလောက်ဟာ အစာရေစာ လုံလောက်စွာ မရရှိခဲ့ပါဘူး။

မိုးရာသီမှာ ရေကြီးခြင်းနဲ့ ကာလ၀မ်းရောဂါတွေလည်း ဆက်လက်ဖြစ်ပွားနေပြီး ဒီဖြစ်ရပ်ကို ဖြေရှင်းမယ့် ကျန်းမာရေးအဆောက်အအုံတွေကလည်း ရှားပါးတဲ့အခြေအနေမျေိုး ကြုံတွေ့နေရပါတယ်။

Thae Su

SHARE