ဟောလီးဝုဒ်လောကရဲ့ ကျော်မကောင်း ကြားမကောင်း အဆိုးရွားဆုံး ကွာရှင်းမှုများ

Imdb/RumDiary

လူတိုင်းမှာ ကိုယ်အရမ်းအားကျရတဲ့ အနုပညာရှင်အတွဲတွေဆိုတာရှိကြစမြဲပါပဲ။သူတို့ကို အတက်နိုင်ဆုံးတော့ ဘယ်သူမှ လမ်းကွဲစေချင်မှာမဟုတ်ပါဘူး။ဒါပေမယ့်လည်း အနုပညာရှင်ဆိုတာလဲ သာမန်လူဖြစ်တာမို့ သူတို့မှာလည်း သာမန်လူလို စိတ်ခံစားချက်တွေရှိမှာပါ။ဘယ်လောက်ပဲချစ်ချစ် ဖောက်ပြန်မှုတွေ၊အကြွေးပြဿနာတွေ၊သားသမီးကိစ္စတွေ၊မူးယစ်ဆေးဝါးပြဿနာတွေ အစရှိတဲ့ ပြဿနာတွေနဲ့ကြုံလာရင်တော့ အနုပညာရှင်အတွဲအများစုဟာ ကွာရှင်းတတ်ကြပါတယ်။

အခုကျွန်တော်ပြောပြချင်တာကတော့ လူသိများတဲ့ အနုပညာရှင်တော်တ်ေများများရဲ့ ကွာရှင်းမှုတွေကို တင်ဆက်ပေးချင်ပါတယ်။

(1)Brad Pitt and Angelina Jolie

Mr and Mrs Smith ဇာတ်ကားနဲ့ နာမည်ရခဲ့တဲ့ Brad Pittနဲ့ Jolieတို့ဟာ လက်ထပ်ပြီး ၂နှစ်အကြာ ၂၀၁၆ စက်တင်ဘာလမှာ တရားဝင်ကွာရှင်းခဲ့တာဖြစ်ပါတယ်။အဓိကကတော့ Brad Pittဟာ အသက်၁၅နှစ်ရှိတဲ့ သူတို့ရဲ့ သားတစ်ဦးဖြစ်တဲ့ Maddoxကို ညှင်းပန်းနှိပ်စက်ခဲ့လို့ပဲဖြစ်ပါတယ်။အဲလိုစွပ်စွဲချက်ကို Los Angelရဲ့ ကလေးသူငယ်စောင့်ရှောက်ရေးအသင်းက စီရင်ချက်ချပြီးနောက် စွပ်စွဲခံရမှုကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။အဲဒီကိစ္စဖြစ်ပြီးနောက်ပိုင်း သူတို့နှစ်ဦးဟာ ကွာရှင်းခဲ့ပြီးတော့ သူတို့ကလေးတွေဖြစ်တဲ့ Maddox, Pax, Zahara, Shiloh, Vivienne နဲ့ Knoxတို့ရဲ့ အုပ်ထိန်းခွင့်ကို လုခဲ့ကြပါသေးတယ်။နိုဝင်ဘာ ၂၀၁၈မှ သူတို့အသီးသီးကလေးအုပ်ထိန်းခွင့်ကို သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။

READ
Gay တစ်ယောက်ပါလို့ အမှန်အတိုင်း ၀န်ခံလိုက်တဲ့ ဥက္ကာမင်းမောင်
(2)Johnny Depp and Amber Heard

Pirates of the Caribbean ဇာတကားနဲ့ နာမည်ကြီးခဲ့တဲ့ Johnny Deepနဲ့ Danish Girl ဇာတ်ကားရဲ့ မင်းသမီးဖြစ်တဲ့ Amber Heardတို့နှစ်ဦးဟာ ဇွန်လ ၂၀၁၆မှာ ကွာရှင်းခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ၂နှစ်နီးပါး လက်ထပ်ပေါင်းသင်းခဲ့တာဖြစ်ပြီး Amberဟာ မေလ ၂၀၁၆ခုနှစ်မှာ စတင်ကွာရှင်းခွင့်တောင်းခဲ့တာဖြစ်ပါတယ်။အကြောင်းရင်းကတော့ Johnnyဟာ အင်မတန်ကြမ်းတမ်းရိုင်းဆိုင်းပြီး မူးယစ်ဆေးတွေလဲ အလွံအကျွံအသုံးပြုပါတယ်လို့ Amberဘက်က ဖွင့်ဟပြောကြားခဲ့ပါတယ်။

(3)Madonna and Guy Ritchie

သူတို့နှစ်ဦးဟာလည်း ၈နှစ်ကျော်နီးပါး ပေါင်းသင်းခဲ့ပြီး ကွာရှင်းခဲ့တာဖြစ်ပါတယ်။ တခြားအနုပညာရှင်တွေလို တစ်ယောက်နဲ့တစ်ယောက် အားနည်းချက်တွေ ထုတ်မပြောခဲ့ပဲ သက်ဆိုင်ရာမီဒီယာအနည်းငယ်ကိုသာ အသိပေးခဲ့ပါတယ်။ ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ကို ပြန်ပေါင်းစေချင်ပေမယ့် အခုလက်ရှိထိနှစ်ယောက်လုံးဟာ နားလည်မှုရဖို့ထပ်မံကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူးလို့ ပြောကြားခဲ့ပါတယ်။

READ
အလန်းစား ဖက်ရှင်နဲ့ ထိထိမိမိမိုက်နေပြန်တဲ့ အောန်ဆိုင်း
(4)David Hasselhoff and Pamela Bach

သူတို့ လင်မယားနှစ်ဦးဟာလည်း ၁၆နှစ်ကျော်ပေါင်းလာပြီးနောက်ပိုင်း ၂၀၀၆ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။အခုလက်ရှိမှာတော့ Davidဟာ သူရဲ့ ဇနီးဟောင်း Pamelaကို လစဉ် ဒေါ်လာ၂၁၀၀၀ကို ထောက်ပံ့ကြေးအနေနဲ့ ပေးနေတာဖြစ်ပြီး သူတို့ရဲ့ သမီးနှစ်ဦးဖြစ်တဲ့ Hayley နဲ့ Taylorကိုတော့ အလှည့်ကျအုပ်ထိန်းခွင့်ရခဲ့ပါတယ်။

(5)Britney Spears and Kevin Federline

Britneyနဲ့ Kevinရဲ့ ယိုင်နဲ့နဲ့ဖြစ်နေတဲ့ အိမ်ထောင်ရေးဟာလည်း လက်ထပ်ပြီး ၂နှစ်အကြာမှာ အဆုံးသတ်ခဲ့ပါတယ်။နိုဝင်ဘာ ၂၀၁၆မှာ နှစ်ဦးသဘောတူကွာရှင်းခဲ့တာပဲဖြစ်ပါတယ်။Federlineတစ်ဦးတည်းကပဲ သူတိုနှစ်ဦးလုံးရဲ့ သားတွေဖြစ်တဲ့ Sean Preston နဲ့ Jayden Jamesတို့ကို တရားဝင်မိဘအုပ်ထိန်းခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။

 

Pyi Hein Kyaw

SHARE