Wuhan ဗိုင်းရပ်စ်ဟာ မြွေမှ ကူးစက်နိုင်ချေ အများဆုံးဖြစ်ကြောင်း သိပ္ပံပညာရှင်များ ပြော

[email protected] Pixabay-Josch13

တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော Wuhan ဗိုင်းရပ်စ်သည် မြွေများမှ ကူးစက်နိုင်ခြေအများဆုံးဖြစ်သည်ဟု တရုတ်သိပ္ပံပညာရှင်များမှ ပြောကြားခဲ့ကြောင်း Business Insider ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ တရုတ်နိုင်ငံတွင်  ဖြစ်ပွားလျက်ရှိသော Wuhan ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၁၇ဦးထိသေဆုံးမှုတွေရှိခဲ့ပြီး လက်ရှိတရုတ်နိုင်ငံအနာဂတ်ကို ခြိမ်းခြောက်နေတဲ့ ရောဂါကပ်ဆိုးကြီးတစ်ခုလည်း ဖြစ်ပါတယ်။

[email protected]

အဆိုပါ Wuhan ဗိုင်းရပ်စ်ဟာ လင်းနို့များသာမက မြွေများထံမှပါ ကူးစက်နိုင်ကြောင်း သိပ္ပံပညာရှင်များမှ အတည်ပြုပြောကြားခဲ့ပါတယ်။ အဆိုပါ သိပ္ပံပညာရှင်တေအဖွဲ့ဟာ Wuhan မြို့တင်သာမက တရုတ်နိုင်ငံ မြို့ပေါင်းစုံက သိပ္ပံပညာရှင်တွေဖွဲ့စည်းထာတဲ့ သုတေသနပညာရှင်အဖွဲ့ဖြစ်ကြောင်း သိရှိရပါတယ်။ လက်ရှိအဆိုပါ Wuhan ဗိုင်းရပ်စ်ကို အခြားမည်သည့်တိရစ္ဆာန်များတွင်ရှိနိုင်သေးကြောင်း စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ရာ မြွေဟောက်များနှင့် အခြားမြွေမျိုးစိတ်များတွင် အများဆုံးတွေ့ရကြောင်း လေ့လာသိရှိခဲ့ရပါတယ်။

Youtube- SnakeID TV

Reduce your risk of coronavirus infection

Posted by World Health Organization (WHO) on Thursday, January 23, 2020

Wuhan ဗိုင်းရပ်စ်ရှိတဲ့  မြွေမျိုးစိတ်တော်တော်များများကို Wuhan မြို့အနီး၊ Hubei ဒေသအနီးအနားတစ်ဝိုက်တွင် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ နောက်ဆုံးသတင်းအရဆိုရင်တော့ Wuhan ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင် လူပေါင်း ၁၇ယောက်သေဆုံးပြီး ၅၇၁ ယောက်ကူးစက်ခံထားရကြောင်း သိရှိရပါတယ်။ အဆိုပါ ဗိုင်းရပ်စ်ဟာ အမေရိကန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ထိပါ ကူးစက်ပြန့်ပွားနေပြီဖြစ်ကြောင်း Bussiness Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဒီရောဂါစတင်ကူးစက်ခဲ့တဲ့နေရာကတော့ Wuhan မြို့လယ်ခေါင်မှာ တည်ရှိတဲ့ တိရစ္ဆာန်အရှင်တွေ ရောင်ဝယ်ဖောက်ကားနေတဲ့ ဈေးဖြစ်ပြီး တရုတ်အစိုးရကတော့ လက်ရှိမှာ အဆိုပါဈေးကို ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

READ
ကြီးမားလွန်းတဲ့ မျိုးပွားအင်္ဂါကြောင့် ဘ၀တစ်လျှောက်လုံး စိတ်ညစ်ခဲ့ရတယ်ဆိုတဲ့ အမျိုးသမီး

Pyi Hein Kyaw

SHARE