2020 New York Fashion Week ရဲ့ အသက်အငယ်ဆုံးဒီဇိုင်နာ Ashlyn So

AshlynSo.com

အသက်(၁၂)နှစ်အရွယ်မှာ သင်အရူးအမူးစွဲလမ်းခဲ့တာတွေကို မှတ်မိနိုင်ပါ့မလား။ အဲ့ဒီတုန်းကမက်ခဲ့တဲ့ အိမ်မက်တွေကကော အကောင်အထည်ဖော်ဖြစ်နေပြီလား။ အသက်(၁၂)နှစ်အရွယ်ပါရမီရှင်လေး Ashlyn So ကတော့ သူ့ရဲ့မျှော်လင့်ချက်၊ ရည်မှန်းချက်တွေဟာ အမှန်တစ်ကယ်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

Ashlyn So ရဲ့ဇာတိက San Francisco ကဖြစ်ပြီး ဖေဖော်ဝါရီလ(၄)ရက်နေ့ကနေ(၁၂)ရက်နေ့အထိကျင်းပခဲ့ တဲ့ နယူးယော့ခ်ဖက်ရှင်ပွဲမှာ သူမကိုယ်တိုင်ဖန်တီးထားတဲ့ဒီဇိုင်းတွေနဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အသက်အငယ်ဆုံးဒီဇိုင်းပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ Ashlyn ဟာ သူ့ရဲ့ဒီဇိုင်းတွေကို (၂၀၁၇) ခုနှစ်တုန်းကကျင်းပတဲ့ နယူးယော့ခ်ဖက်ရှင်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်ဖြစ်ပါဝင်ပြသခဲ့တာဖြစ်တာကြောင့် ဒီတစ်ခေါက်ဟာ သူမအတွက်တော့ ဒုတိယအကြိမ်ပဲဖြစ်ပါတယ်။ ပွဲမှာ Shapes in Space ခေါင်းစဉ်နဲ့ သူမဖန်တီးထားတဲ့ဒီဇိုင်း(၁၅)မျိုးကိုပြသခဲ့ပါတယ်။

 

 

View this post on Instagram

 

The past week has been so homework intensive it’s nice to have a little break. Now it’s a little sad that schools are officially going to be closed for the rest of the year. For now for the greater good, we will be zooming and FaceTiming with friends and family. 😊🖤🏠👧🏻🖤😷 . . . . . . #fashionforward #fashiongirl #madewithlove #styledbyme #superfashionkids #shemadethis #stylekids #womensfashion #newyorkfashionweek #blackmesh #homework #streetwear #springbreak2020 #distantlearning #photooftheday #love #cute #littlefashionista #minifashionista #kidsootd #fashion #fashionista #fashionweek #fashiondaily #fashionblogger #fashiondesigner #fashiondesign #minime

A post shared by Ashlyn So (pin2gether) (@ashlynso_) on

ရိုးရာဖက်ရှင်ပြပွဲတော့မလုပ်ချင်ဘူး။ ပြပွဲရဲ့အစမှာကတည်းက လူတွေအံ့သြမင်သက်သွားစေမယ့် ဒီဇိုင်း တွေကိုသာဖန်တီးချင်တာဖြစ်တဲ့အတွက်ကြောင့် ပွဲရဲ့အစမှာ အခန်းတစ်ခုလုံးကိုအမှောင်ချထားပေးဖို့တောင်း ဆိုခဲ့ပါတယ်။အဲ့ဒီနောက် မော်ဒယ်တွေထွက်လာတဲ့အချိန်မှာ LED မီးတွေတပ်ဆင်ထားတဲ့ဧရာမဘောလုံး တွေကို မီးတွေထွန်းလင်းအောင်လုပ်ဆောင်ထားခဲ့တယ်လို့ Ashlyn ကပြောပြခဲ့ပါတယ်။

ပွဲကိုလာတဲ့ပရိသတ်တွေထဲမှာ မကြာခင်က Project Runway ချန်ပီယံဖြစ်လာတဲ့ Kentaro Kameyama လည်းပါဝင်ခဲ့ပြီး တစ်နေ့တည်းမှာပဲ သူဟာလည်း Art Hearts ဖက်ရှင်ရှိုးမှာ သူ့ရဲ့ဒီဇိုင်းတီထွင်မှု ကိုပြသခဲ့ပါတယ်။

သူနဲ့တွေ့ဆုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူ့ရဲ့အင်္ကျီတွေက အတွေးအမြင်သစ်တွေကိုဖြစ်စေပြီး သူဟာ အရမ်းတော်တဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

 

ဒီဒုတိယတစ်ခေါက်မှာပါဝင်ခဲ့တဲ့နယူးယော့ခ်ဖက်ရှင်ပွဲမှာ သူမရဲ့အ၀တ်အစားတွေကို ဂြိုလ်တွေ၊ ဒုံးပျံပုံစံတွေ စတဲ့ဒီဇိုင်းအမျိုးမျိုးကိုတီထွင်ဖန်တီးပြသခဲ့ပါတယ်။

တီထွင်ဖန်တီးမှုတွေကိုကြည့်တာနဲ့တဲ့ လူငယ်ဒီဇိုင်နာတစ်ယောက်ရဲ့လက်ရာမှန်းတန်းသိနိုင်မယ့်ဒီဇိုင်းမျိုး တွေပဲဖြစ်ပါတယ်။ Ashlyn ဟာ အသက်(၆)နှစ်အရွယ်ကလေးကစပြီး အပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ အသက်(၇)နှစ်အရွယ်မှာတော့ သူမရဲ့မိခင်ဖြစ်သူ ဗိသုကာပညာရှင် Angela Wu က အပ်ချုပ်သင်တန်း တက်ဖို့ခွင့်ပြုပေးခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူတို့သားအမိနှစ်ယောက်ဟာ Pin2gether လို့ခေါ်တဲ့ကုမ္ပဏီတစ်ခုကိုတည်ထောင်ခဲ့ပြီး  အဲ့ဒီကုမ္ပဏီမှာ Ashlyn ဟာ ဒီဇိုင်းပညာရှင်အဖြစ်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။

 

 

View this post on Instagram

 

#Repost @scmp_style ・・・ What were you doing at 12 years old? Ashlyn So of @Pin2gether presented a collection she designed on her own at New York Fashion Week—for the second time. Read about this young Asian-American designer at the @scmp_style link in bio.⁠ ⁠ Photo: Instagram and Getty Images⁠ ⁠ #Pin2gether #FashionWeek #FashionWeek2020 #ashlynso #FashionWeekNYC #FashionWeeks #NewYorkFashionWeek #NewYorkFashionWeek2020 #NewYorkfashion #NewYorkfashion #nyfw #NewYorkfashionshow #runway #runwaymodel #runwaymodels #runwayfashion #runwalkwalk #runwaymakeup #runwayshow #runwaylook #runwaylooks #runwayready #youngdesigner #youngdesigners #youngfashion #youngfashiondesigner

A post shared by Ashlyn So (pin2gether) (@ashlynso_) on

နောက်ပိုင်းမှာ သူမကိုယ်ပိုင်စတိုင်ကိုတီထွင်ခဲ့ပြီး မိခင်နဲ့သူတို့ရဲ့သမီးတွေအတွက် အသင့်ဝတ်အင်္ကျီတွေကို ချုပ်လုပ်ခဲ့ပါတယ်။ အင်္ကျီတွေကို ကိုယ်တိုင်းနဲ့လည်းချုပ်လုပ်ပေးကြောင်း Ashlyn ဟာ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Ashlyn ဟာ New York Fashion Week မှာလည်းပါဝင်ပြသခဲ့သလို Kidfash San Antonio Fashion Show၊ San Francisco Community Fashion Show နဲ့ Sacramento Fashion Week တွေမှာလည်း ပါဝင်ပြသခဲ့ပါတယ်။ Ashlyn ရဲ့အိမ်မက်တွေကတော့ တစ်နေ့မှာ နယူးယော့ခ်မြို့ရှိ Parsons School ရဲ့ Design ဌာနမှာလေ့လာသင်ယူနိုင်ဖို့ပဲဖြစ်ပါတယ်။

Thae Su

SHARE