မြန်မာနိုင်ငံမှာ trend အသစ်နဲ့ ပရိသတ်တွေကို သိမ်းပိုက်နေတဲ့ သရုပ်ဖော်ပန်းချီဆရာမလေး

ဖေ့စ်ဘုတ်ပေါ်က လူငယ်ပရိသတ်တွေကြားမှာတော့ Thee’ Oo’s Artvenue  ဆိုတဲ့ နာမည်လေးကို တော်တော်လေးကြားဖူးကြမှာပါ။ သူမကတော့ ထူးခြားတဲ့ ပန်းချီအရည်အချင်းကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် ဇာတ်လမ်းလေးတွေပါ ကိုယ်တိုင်ဖန်တီးပြီး သရုပ်ဖော်ရေးဆွဲလေ့ရှိတာကြောင့် တစ်နေ့တစ်ခြား ပရိသတ်တွေ ပိုပိုလို့တိုးလာတဲ့ လူငယ်မျိုးဆက်သစ် ပန်းချီပညာရှင်လေးလည်းဖြစ်ပါတယ်။

အသက် ၂၀ကျော်သာ ရှိသေးတဲ့ သဲဦးကတော့ Thee’ Oo’s Artvenue  ဆိုတဲ့ သူမရဲ့ ဖေ့စ်ဘုတ်ပေ့ဂ်ျကနေ တစ်ဆင့် ပန်းချီလက်ရာတွေကို မျှဝေပေးနေတာဖြစ်ပါတယ်။ သူမကတော့ စင်ကာပူနိုင်ငံက LASALLE College of the Arts မှာ Fine Arts ဘာသာရပ်ကို သင်ယူနေတာလည်းဖြစ်ပါတယ်။

သူမရေးသားတဲ့ ကာတွန်းပန်းချီ ဇာတ်လမ်းလေးတွေထဲမှာတော့ အ၀င်းလို့ခေါ်တဲ့ ၂၀ရာစုက မိန်းမပျိုလေးနဲ့ ကိုထွန်းဖေဆိုတဲ့ အမျိုးသားကြားက ဆက်ဆံရေးကို ရေးဆွဲထားတဲ့ အဝင်းစီးရီးက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သူမရဲ့ ပန်းချီအချို့ကတော့ ပရိသတ်တွေကို တော်တော်လေး စဉ်းစားစရာလေးတွေ ပေးတတ်လို့ စိတ်ဝင်စားစရာကောင်းတယ်လို့လည်း ဆိုရမှာပါ။

READ
ဆံကေသာ လှလှကို ပိုင်ဆိုင်ထားတဲ့ ဆယ်လီမမ များ

နောက်ဆုံးအသစ်တင်ထားတာတွေထဲက ပို့စ်တစ်ခုကတော့ “Elena’s Exes” ဆိုတဲ့ သရုပ်ဖော်ပုံလေးတွေ ဖြစ်ပါတယ်။ ဒီ >> Link << လေးထဲမှာလည်း သွားကြည့်နိုင်တယ်နော်။ အောက်ဘက်မှာတော့ သဲဦးရဲ့ လက်ရာတွေထဲက အချို့ကိုလည်း ဖေါ်ပြပေးလိုက်ပါတယ်။

Source: Thee’ Oo’s Artvenue

SHARE