သူတို့ ကမ္ဘာကျော် ဖြစ်မလာခင်က ဘယ်လိုအလုပ်တွေ လုပ်ခဲ့ကြလဲ …..

YouTube/ABCNews

အောင်မြင်မှုဆိုတဲ့ စကားလုံးက အရမ်းကို ကျယ်ပြန့်တဲ့ ဝေါဟာရတစ်ခုပါ။ လူတိုင်းကအောင်မြင်မှုဆိုတာကို လိုချင်ကြတယ်။ မက်မောတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီအောင်မြင်မှုရဲ့ နောက်ကွယ်က အကြောင်းတွေကို မလေ့လာပဲနဲ့ ငါအောင်မြင်ချင်တယ်ဆိုပြီး ထိုင်အော်နေလို့ မရပါဘူး။ အဲဒီတော့ လက်ရှိအချိန်မှာ အောင်မြင်နေတဲ့ ကမ္ဘာကျော်ထိပ်သီးပုဂ္ဂိုလ်တွေရဲ့ နောက်ကွယ်ကပေးဆပ်ခဲ့ရတဲ့ အချိန်တွေကို ပြန်သွားကြည့်ကြရအောင်။

Oprah Winfrey

[email protected] Winfrey

Oprah တစ်ယောက်အခုလို နာမည်ကြီးအစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်လာဖို့ဆိုတာ သူ့အလိုလိုဖြစ်လာခဲ့တာ မဟုတ်ပါဘူး။ ငယ်စဉ်ကလေးဘ၀ကတည်းက အပိုဝင်ငွေလိုချင်လို့ ကုန်စုံဆိုင်တစ်ခုမှာ နှစ်ပေါင်းတော်တော်ကြာ လုက်ကိုင်ခဲ့ရတာပါ။ အဲဒီနောက်ပိုင်းမှ ရေဒီယိုအသံလွှင့်ရုံတစ်ခုမှာ အလုပ်ရပြီး အဲဒီဘ၀ကနေ တစိုက်မတ်မတ်ရုန်းကန်ခဲ့လို့ အခုလို နာမည်ကြီး အစီအစဉ်တင်ဆက်သူတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Hilary Clinton

[email protected] Clinton

အမေရိကန်နိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီးဒုသမ္မတဖြစ်လာတဲ့ Clintonရဲ့ ပထမဆုံးအလုပ်က ကလေးထိန်းအလုပ်ဖြစ်ပါတယ်။ သူဟာ နှစ်ပေါင်းအတော်တော်ကြာကြာ ကလေးထိန်းအလုပ် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ နောက်ပိုင်းမှ သူကိုယ်တိုင် “ကလေးထိန်းအဖွဲ့” ကို စတင်တည်ထောင်ခဲ့ပြီး လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

READ
ရုပ်ဆိုးတယ်လို့ အလှောင်ခံရလို့ ယူရို (၃) သောင်းကျော်သုံးစွဲပြီး ပြောင်းလဲခဲ့သူ

Micheal Dell

[email protected] Dell

“Dell” ကုမ္ပဏီရဲ့ CEO တစ်ယောက်ဖြစ်တဲ့ Micheal Dell ဟာ အသက်(၁၂)နှစ်သားအရွယ်တုန်းက တရုတ်စားသောက်ဆိုင်တစ်ခုမှာ ပန်းကန်ဆေးတဲ့အလုပ်ကို ပထမဆုံးလုပ်ကိုင်ခဲ့ရတာ ဖြစ်ပါတယ်။ တံဆိပ်ခေါင်းစုဆောင်းရတာကို ဝါဿနာကြီးမားလှတဲ့ Dellဟာ တံဆိပ်ခေါင်းတွေ ပိုစုဆောင်းနိုင်ပြီး အပိုဝင်ငွေရအောင်လို့ အခုလိုလုပ်ကိုင်ခဲ့ရတာ ဖြစ်ပါတယ်။

Marissa Meyer

[email protected] Mayer

Yahooရဲ့ CEO မဖြစ်ခင်တုန်းက Meyerဟာ စူပါမားကတ်တစ်ခုမှာ ပထမဦးဆုံးအလုပ်လုပ်ခဲ့ရတာပါ။ သူမဟာ အလုပ်တစ်ခုကို လျင်မြန်စွာ လုပ်ဆောင်ရန် လိုအပ်ကြောင်း အဲဒီအလုပ်မှာ သင်ယူနိုင်ခဲ့ပြီး တစ်မိနစ်အတွင် ပစ္စည်းအခု(၄၀)ကျော်ကို scanning လုပ်နိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Barack Obama

[email protected] Obama

အမေရိကန်နိုင်ငံရဲ့ ပထမဆုံးလူမည်းသမ္မတဟောင်းတစ်ဦးဖြစ်တဲ့ Obamaရဲ့ ပထမဦးဆုံးအလုပ်ဟာ ရေခဲမုန့်ရောင်းတဲ့အလုပ်နဲ့ စူပါမားကတ်တစ်ခုမှ ဈေးရာင်းတာပဲ ဖြစ်ပါတယ်။ ဒီအလုပ်တွေဟာ Obama တစ်ယောက် နိုင်င့ရေးလောကထဲ မ၀င်ရောက်ခင်အချိန်က အမှန်တစ်ကယ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ “မင်းဘယ်နေရာက စတင်ခဲ့တယ်ဆိုတာ အရေးမကြီးဘူး။ ဘယ်မှာ အဆုံးသတ်သွားတယ်ဆိုတာပဲ အရေးကြီးတယ်” ဆိုတဲ့စကားကို Obama က ကောင်းကောင်းကြီး သက်သေပြသွားခဲ့တာပါပဲ။

READ
ဘယ်လိုအခြေအနေမှ ထည့်မတွက်ဘဲ လက်တွဲမြဲခဲ့ကြတဲ့ Down ရောဂါ စုံတွဲလေး

Pyi Hein Kyaw

SHARE