ဝိုင်ပုလင်းဖွင့်ရာကနေ မျက်လုံးတစ်ဖက်ကန်းသွားတဲ့ ဗြိတိန်ရဲ့အနုပညာကြယ်ပွင့်

Twitter "Metro"

ဗြိတိန် နာမည်ကျော် reality show ရဲ့ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ Theo Campbell ဟာ ကံမကောင်းအကြောင်းမလှတဲ့ ဖြစ်ရပ်နဲ့ကြုံကြိုက်ခဲ့ပါတယ်။ စပိန်နိုင်ငံမှာရှိတဲ့ Ibizaကမ်းခြေကိုအပန်းဖြေခရီးသွားရင်း အခုလိုမတော်တဆဖြစ်ခဲ့တာပါ။ ဖြစ်ရတဲ့အကြောင်းအရင်းကတော့ထူးထူးခြားခြားပါပဲ။ ၀ိုင်ပုလင်းကိုဖောက်ရာကအဆို့ကျွတ်ထွက်လို့ မျက်စိကို ထိမှန်ခဲ့ပြီးမျက်လုံးတစ်ဖက်ကန်းသွားရတဲ့အဖြစ်ပါပဲ။

Campbell က “ကျွန်တော် မတော်တဆဖြစ်လို့ မျက်လုံးနှစ်လုံးခွဲစိတ်လိုက်ရတယ်။ ညာဘက်မျက်လုံးတစ်ဖက်ကတော့ လုံးဝမမြင်ရတော့ပါဘူး၊ ၀ိုင်အဆို့တစ်ခုက ကျွန်တော့်ကိုဒီလိုအဆုံးသတ်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ၊ ဒါပေမယ့်စိတ်မပူကြပါနဲ့ ကျန်တဲ့တစ်ဖက်က ကောင်းကောင်းကြီးမြင်နိုင်သေးပါတယ်” ဆိုပြီး ဆေးရုံကုတင်ပေါ်မှာ ရိုက်ထားတဲ့ ဆယ်ဖီပုံနဲ့အတူ ဗုဒ္ဓဟူးနေ့က သူ့အကောင့်မှာတင်ခဲ့ပါတယ်။

 

ဆရာဝန်က Campbellရဲ့ ထိခိုက်သွားတဲ့ညာဘက်မျက်လုံး တစ်ဖက်ကတော့ပြန်ကောင်းနိုင်ဖို့ အလားအလာမရှိဘူးလို့ဆိုပါတယ်။

ပါတီမှာ လူတစ်ယောက်က၀ိုင်ပုလင်းကိုဖောက်လိုက်ချိန် ပုလင်းအဆို့က Campbellရဲ့မျက်လုံးကို သွားမှန်ခဲ့တာလို့ မျက်မြင်သက်သေတစ်ဦးက OKမဂ္ဂဇင်းကိုပြောပါတယ်။

လူတွေက သူ့မျက်လုံးကိုမြင်လိုက်တဲ့အချိန် အားလုံးထိတ်လန့်တကြားဖြစ်သွားကြပြီး၊လူတစ်ယောက်ဆို မျက်လုံးပေါက်ထွက်သွားပြီလို့တောင်ထင်ခဲ့တာပါ။ Campbellရဲ့ချစ်သူ Kaz Crossleyက သတင်းကြားကြားချင်း Campbellရောက်နေတဲ့ ဆေးရုံကိုလိုက်လာခဲ့ပါတယ်။

Theo Campbell / Instagram

Crossley က “Campbellဟာအရမ်းကိုရဲရင့်ပြီး၊အကောင်းမြင်စိတ်ရှိသူပါ။ဒါကြောင့်သူအများဆုံးပြန်ကောင်းလာဖို့မျှော်လင့်ပါတယ်။ ဒီဖြစ်ရပ်ကိုကြည့်ပြီး ပါတီလိုနေရာမျိုးတွေမှာ အခုလိုအန္တရာယ်တွေဖြစ်တတ်တယ်ဆိုတာ လူတွေပိုသတိထားပြီး၊ ပိုဂရုစိုက်ကြပါ” လို့ပြောပါတယ်။

မင်းသားCampbellနဲ့သူချစ်သူCrossleyတို့ဟာ ITVရုပ်သံချယ်နယ်မှထုတ်လွှင့်တဲ့ Love Story ဇာတ်လမ်းတွဲက မင်းသားမင်းသမီးတွေလည်းဖြစ်တယ်လို့ သိရပါတယ်။

 

Khaing

READ
အမေရိကန်တို့ရဲ့ အောက်မေ့ဖွယ်နေ့မှာ ရင်ထဲထိစေခဲ့တဲ့ ဓာတ်ပုံလေးအကြောင်း

 

SHARE