မင်းသား Keanu Reeves ခေတ်အဆက်ဆက်အသက်ရှင်နေခဲ့တယ်ဆိုတဲ့ ထူးဆန်းသီအိုရီများ

ဘာလိုလိုနဲ့ (၂၀၁၈)ကိုတောင် ရောက်လာပါပြီ။ ဒါပေမယ့် လူတစ်ယောက်က သိပ်ထူးထူးခြားခြားမပြောင်းလဲသွားတာကို လူတွေ သတိထားမိနေကြပါတယ်။

အခုဆိုရင် ဟောလိဝုဒ်မင်းသား Keanu Reeves ဟာ ထာဝရအသက်ရှင်နိုင်တဲ့ဆိုတဲ့ စွပ်စွဲချက်သီအိုရီတွေက ပိုပိုခိုင်မာသလိုရှိလာပြီဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ မဖြစ်နိုင်ဘူးလို့ပြောမှာသိပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့အတွက် ဖတ်ကြည့်လိုက်ပါဦး။

အောက်ပါဓာတ်ပုံဟာ Paul Mounet ဆိုတဲ့အမည်နဲ့ ရှေးခေတ်ပြင်သစ်မင်းသားရဲ့ သမိုင်းဝင်ဓာတ်ပုံဖြစ်ပါတယ်။ ၎င်းပုံကို ကြည့်ကြပြီး သူဟာ Keanu ဖြစ်တယ်လို့ လူတွေက လုံးဝယူဆကြပါတယ်။

Wiki Commons

ဒါပေမယ့် အဲဒီ့တစ်ပုံတည်းမဟုတ်ပါဘူး။ ဒီရှေးဟောင်းပန်းချီကားတစ်ချပ်ထဲက လူဟာလည်း Keanu ပဲ ဖြစ်နေပြန်ပါတယ်။

Wiki Commons

ဆက်ပြောရမယ်ဆိုရင်တော့ Keanu က အခုထိ လုံးဝအသက်ကြီးလာပုံမပြတဲ့အချက်ပါ။ သူဟာ (၁၉၈၉)ခုနှစ်ကထွက်ရှိခဲ့တဲ့ Bill & Ted’s Excellent Adventure ဇာတ်ကားကတည်းက အခုထိ ထူးထူးခြားခြား ဘာမှမပြောင်းလဲသွားပါဘူး။ ဒါေ့ကြာင့် သူဟာအမြဲနုပျိုရှင်သန်နေနိုင်သူဖြစ်နိုင်ပြီး မဟုတ်ရင်တော့ သူရဲ့ အသားအရည်ထိန်းသိမ်းနည်းတွေကို မေးကြည့်ရပါတော့မယ်။

READ
ချစ်စရာ အမူအယာလေးတွေ လုပ်ပြလိုက်တဲ့ သင်ဇာဝင့်ကျော်
Bill & Ted’s Excellent Adventure

သူ့ရဲ့မျက်နှာက အမြဲနုပျိုနေရုံသာမက သူ့ရဲ့ ဝတ်ပုံစားပုံကလည်း ခေတ်ရေစီးကြောင်းနောက်သိပ်မလိုက်ဘဲ အမြဲတမ်း ပွဲကြီးခမ်းနားတွေကိုတောင် ဘလေဇာကုတ်နဲ့ တီရှပ်လောက်သာ ဝတ်ပြီး တက်ပါတယ်။ ရုပ်ရှင်ရိုက်တိုင်းလည်း အခြားအဖွဲ့ဝင်တွေ အနုပညာကြေးပိုရဖို့ သူ့ရဲ့အနုပညာကြေးကိုတောင် လျှော့ယူတတ်တဲ့အတွက် အရမ်းရက်ရောသူတစ်ဦးဖြစ်ကြောင်းလည်း လူသိများပါတယ်။

The Matrix

ကမ္ဘာပေါ်မှာ နှစ်ပေါင်းများစွာ ရှင်သန်လာပြီးနောက် ငွေက သူ့အတွက် သိပ်အရေးမကြီးတော့ပုံပါပဲ။ ကမ္ဘာကျော် The Matrix ဇာတ်ကား ရိုက်စဉ်အခါကဆိုရင်လည်း အထူးပြုလုပ်ချက်နဲ့ ဝတ်စုံဆင်ပေးတဲ့ အဖွဲ့ဝင်တွေအတွက် ကန်ဒေါ်လာ (၇၅)သန်းကိုတောင် လှူခဲ့ဖူးသူဖြစ်ပါတယ်။

“ပိုက်ဆံက ကျွန်တော့်အတွက် အရေးမကြီးဆုံးအရာပါ။ အခုရှိနေတာလောက်နဲ့ကို နောက်နှစ်ရာပေါင်းအနည်းငယ်ထိ ဆက်နေသွားလို့ရပါတယ်” လို့ မင်းသားက ပြောခဲ့ပါတယ်။ အဲဒီ့စကားနဲ့တင် သူအမြဲအသက်ရှင်နေနိုင်တယ်လို့ စဉ်းစားနေကြပါပြီ။

gazettereview.com

ဒီသီအိုရီနဲ့ပတ်သက်ပြီး Keanu က ထာဝရအသက်ရှင်နိုင်သူဟုတ် မဟုတ် The Tylt အွန်လိုင်းမဂ္ဂဇင်းက စစ်တမ်းကောက်ခဲ့ရာမှာ (၇၄)ရာခိုင်နှုန်းသောလူတွေက သူအမြဲရှင်သန်နေနိုင်တာ ဖြစ်နိုင်တယ်ဆိုတဲ့ဘက်ကို မဲပေးခဲ့ကြပါတယ်။ ငြင်းရမယ့်လူကတော့ မနည်းဘူးနော်။

READ
မြန်မာဆန်ဆန်အလှနဲ့ ဖမ်းစားလိုက်ပြန်တဲ့ သင်ဇာဝင့်ကျော်

White (Shwemom)

Ref: LAD BIBLE

SHARE