လူတွေမေ့သယောင် ဖြစ်နေတဲ့ နေ့စဉ်ဘ၀ထဲက အမှန်တရားများ

ကလေးဘ၀နဲ့ လူကြီးဘ၀ဆိုတာ အများကြီးကွာခြားလွန်းသွားပါပြီ။ လူကြီးဘ၀ရောက်တဲ့အခါ မလိုက်နာချင်တဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာရနဲ့ ကိုယ့်ကိုတိုင်က လွဲလို့ တခြားသူတွေအပေါ်မှာ စိတ်ဝင်စားမှု လျော့နည်းလာပါပြီ။ လူကြီးဖြစ်လာတဲ့အခါ အောင်မြင်မှုဆီရောက်ဖို့ တစ်စုံတစ်ယောက်ကနေ ဂိုက်လိုင်းချပေးတာ၊ အရမ်းဝမ်းနည်းနေတဲ့အခါမျိုးမှာ စိတ်ရှည်လက်ရှည်နဲ့ ချော့မော့နှစ်သိမ့်ပေးတဲ့သူဆိုတာ မရှိတော့ပါဘူး။ အောက်ဘက်မှာတော့ လူတွေမေ့နေကြတဲ့ အမှန်တရားတွေကို ဖော်ပြပေးလိုက်ပါတယ်။

အလုပ်ကို စိတ်ပင်ပန်းခံ၊ ကိုယ်ပင်ပန်းခံပြီး အတင်းလုပ်စရာ မလိုအပ်ပါ

© Fight Club / Atman Entertainment, Fox 2000 Pictures, Knickerbocker Films, Linson Films, Regency Enterprises, Taurus Film

အလုပ်ထဲမှာ အလုပ်မှန်သမျှ ကိုယ်က သိမ်းကြုံးပြီးလုပ်၊ ဘာပဲခိုင်းခိုင်း အဆင်ပြေတယ်ဖြစ်နေရင် မကြာခင်မှာ သူဌေးနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူ ဘယ်လိုအလုပ်မျိုးမဆို လုပ်နိုင်တာပဲလို့ နားလည်သွားကြမှာပါ။ ကြာလာတဲ့အခါ ကိုယ်က စေတနာနဲ့ လုပ်ပေးလေ့ရှိတဲ့ အလုပ်ပိုတွေကိုတောင် အချိန်မရလို့ မလုပ်နိုင်တဲ့အခါ ကိုယ့်အပြစ်လို့တောင် မြင်သွားကြမှာပါ။

ပြင်ပပုံပန်းဟာ အရေးကြီးပါတယ်

brightside

လူတစ်ယောက်ရဲ့ အတွင်းစိတ်ဟာ ပြင်ပပုံပန်းထက် အရေးကြီးတယ်ဆိုလို့ ကိုယ့်ရဲ့ အသွင်အပြင်ကို လုံးလုံး လျစ်လျူရှုထားလို့ မရပါဘူး။ ထိုက်သင့်တဲ့ ပြင်ဆင်မှု၊ ၀တ်စားဆင်ယင်မှုတော့ ရှိရပါမယ်။ ဥပမာ အင်တာဗျူးသွားဖြေတဲ့အခါ လူကြီးတွေဟာ ကိုယ့်ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းရည်ကို ကြည့်တာတင်မဟုတ်ပဲ အင်တာဗျူးဖြေဆိုသူရဲ့ ရုပ်ရည်သွင်ပြင်နဲ့ လူမှုဆက်ဆံရေးတွေကိုပါ လေ့လာတာ ဖြစ်ပါတယ်။

READ
ပျော်ရွှင်မှူတွေကို တစ်နေ့တစ်ခြား ကုန်ခမ်းသွားစေနိုင်တဲ့ အလေ့အကျင့်ဆိုးများ

နေရာတကာ အနစ်နာခံဖို့ မလိုအပ်ပါ

© free-images © depositphotos

အရိုးသားဆုံးပြောရရင် ကိုယ့်နားမှာ ရှိတဲ့လူတွေဟာ ကိုယ့်ဆီက အနစ်နာခံမှုတွေကို အမှန်တကယ် မလိုအပ်ကြပါဘူး။ ကိုယ်က အနစ်နာခံလိုက်ရင်တောင် တစ်ခါတစ်လေမှာ သူတို့အတွက် စိတ်ညစ်၊ စိတ်ရှု့ပ်ရတာမျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် relationship တစ်ခုမှာ ကိုယ်ကချည်း အနစ်နာခံတာမျိုးမလုပ်ပဲ နှစ်ဖက်မျှတဲ့ ပြုမူဆက်ဆံရေးတွေ ရှိဖို့ လိုအပ်ပါတယ်။

အချိန်တိုင်း ပညာဆည်းပူးနေရပါမယ်

© pixabay © depositphotos

ယနေ့ခေတ်နည်းပညာဟာ အံ့သြစရာကောင်းလောက်တဲ့ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေပါတယ်။ အခုကိုယ်လုပ်နေတဲ့ အလုပ်တောင်မှာ နောင် (၁၀-၁၅) နှစ်အတွင်းမှာ ရှိနေပါဦးမလား မသေချာတော့ပါဘူး။ ဒါကြောင့် အမြဲတမ်း အတွေ့အကြုံသစ် ပညာရပ်အသစ်တွေကို လေ့လာထားသင့်ပြီး အလုပ်မှာ တော်တဲ့သူဖြစ်အောင် ကြိုးစားသင့်ပါတယ်။

ကိုယ်ရဲ့ လက်ရှိအခြေအနေဟာ ကိုယ့်ရဲ့ ရွေးချယ်မှုပါပဲ

© Led / “Vodorod” cinema company, “ROSSIYA 1” TV Channel, Art Pictures Studio

ကိုယ့်ရဲ့ အပြုအမူ အပြောအဆိုတွေ အားလုံးအတွက် တာဝန်ရှိတာဟာ ကိုယ်ကိုတိုင်ပဲဖြစ်ပါတယ်။ အင်္ဂလိပ်စကားမတတ်ဘူးဆိုရင်၊ မသင်ယူတာက ကိုယ်ပါပဲ။ တကယ်လို့ သူဌေးက ကိုယ့်ကိုအော်တယ်ဆိုရင်လည်း အော်ခွင့်ပေးတာက ကိုယ်ကိုတိုင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်  နေ့ရက်တိုင်းရဲ့ လက်ရှိအချိန်တွေကို အမြဲတမ်း တိုးတက်နေအောင် ကြိုးစားအားထုတ်သင့်ပါတယ်။

READ
မကြာခင်မင်္ဂလာဆောင်ကြတော့မယ့် သတို့သမီးလေးတွေ Pre-Wedding ရိုက်တဲ့အခါ လှနေစေဖို့

ကိုယ့်ထက်သာတဲ့သူဆိုတာ အမြဲရှိတယ်

brightside

ကမ္ဘာပေါ်မှာ ကိုယ့်ထက် သာလွန်ကောင်းမွန်တဲ့သူ တော်ထက်တဲ့သူဆိုတာ အမြဲရှိပါတယ်။ လူတွေက ကိုယ့်ကိုကိုယ် ငယ်တယ်၊ အရွယ်တင်တယ်ဆိုပြီးတော့ ကြံဖန်ဂုဏ်ယူနေကြပေမယ့် တကယ်တမ်း တစ်နှစ်ပြီး တစ်နှစ်အသက်တွေ ကြီးလာတာ၊ အရေးအကြောင်းတွေ ထင်းလာတာကိုတော့ ဖုံးကွယ်လို့ မရပါဘူး။ ကိုယ်ဘယ်လောက် လှတယ်၊ တော်တတ်တယ်ပြောပြော ကိုယ့်ထက် သာတဲ့သူဆိုတာ အမြဲတမ်းရှိနေပါတယ်။

လင်းလင်း (ShweMom)

Ref: Brightside

SHARE