မွေး​နေ့အမီ ပရိတ်​သတ်​​တွေဖန်​တီးခဲ့တဲ့ G-Dragon အမည်​ရှိသစ်​​တော

G-Dragon ဆိုတာနဲ့ ပရိတ်​သတ်​အခိုင်​အမာရရှိပြီးဖြစ်​တဲ့ အာရှတခွင်​​မှာသာမက ကမ္ဘာတစ်​ဝန်း​ကျော်​ကြားတဲ့ အနုပညာသည်​တစ်​​ယောက်​မှန်း လူတိုင်းသိကြပါတယ်​။ဒါ့​ကြောင့်​ G-Dragon ကိုချစ်​တဲ့ပရိတ်​သတ်​များဟာ လူမှုဝန်​​ဆောင်​မှုအသင်းနဲ့ ပူး​ပေါင်းပြီး Citrus(​ရှောက်​၊သံပုရာ၊လိ​မ္မော်​)ပင်​များစိုက်​ပျိုးထားတဲ့​သစ်​​သီး​တောတစ်​ခုကို G-Dragon အမည်​ဖြင့်​ ဂျယ်​ဂျုကျွန်းမှာ ဖွင့်လှစ်​ခဲ့ပါတယ်​။
ဒီ Project ကို လာမယ့်​ သြဂုတ်​လ ၁၈ ရက်​​နေ့မှာကျ​ရောက်​မယ့်​ G-Dragon ရဲ့ ၂၉ နှစ်​​မြောက်​​မွေး​နေ့အမှီဖွင့်​လှစ်နိုင်​ဖို့အတွက်​စီစဉ်​ခဲ့ခြင်းဖြစ်​ပါတယ်​။
ဒီ အပင်​​တွေကရတဲ့ အသီးများကို ပရဟိတအဖြစ်​လှူဒါန်းသွားမှာဖြစ်​ပြီး ဒီ​​သစ်​သီး​တောမှရရှိတဲ့အမြတ်​​ငွေများကိုလည်း လူမှုဝန်​​ဆောင်​မှုလုပ်​ငန်း​တွေမှာလှူဒါန်းသွားမှာဖြစ်​​ပါတယ်​။
ဒီသစ်​သီး​​တောဟာ G-Dragon ​အမည်​နဲ့​ဖွင့်​လှစ်​တဲ့ဒုတိယ​မြောက်​​​သစ်​သီး​တောဖြစ်​ပါတယ်​။ပထမတစ်​ခုက​တော့ ဆိုးလ်​မြို့ Yeiuido မှာ ၂၀၁၄ ခုနစ်​တုန်းကဖွင့်​လှစ်​​ပေးခဲ့တာပါ။
ခုဒုတိယ​မြောက်​ဒီသစ်​သီး​တောက​တော့ Always-GD ဆိုတဲ့ G-Dragon ပရိတ်​သတ်​​တွေနဲ့ သစ်​​တော​ရေးရာတို့ပူး​ပေါင်းဖန်​တီးခဲ့တာဖြစ်​ပြီး ​ရှောက်​၊သံပုရာ၊လိမ္မော်​ အပင်​​ပေါင်း ၅၀ ​လောက်​စိုက်​ပျိုးထားပါတယ်။
Grinny (Shwemom)
Source: Koreaboo
SHARE