မုန်တိုင်းကြောင့် အိုင်ယာလန်ကမ်းခြေတစ်ခုမှာ သောင်တင်နေတဲ့ “သရဲသင်္ဘော”

Twitter/KirenMcCarthy

အိုင်ယာလန်နဲ့ယူကေတစ်ခွင်ကို မွှေသွားတဲ့ မုန်းတိုင်းဒဲနစ်ကြောင့် လေကြောင်းလိုင်းတွေ ရာနဲ့ချီပြီးဖျက်သိမ်းခဲ့ရပါတယ်။ ပြည်တွင်းရထားပို့ဆောင်ရေးလုပ်ငန်းတွေလည်း ဖျက်သိမ်းခဲ့ရပါတယ်။ အခုလည်း အိုင်ယန်လန်က ကမ်းခြေတစ်ခုမှာ “သရဲသင်္ဘောတစ်စီး ”မုန်တိုင်းဒဲနစ်ကြောင့် သောင်တင်နေပါတယ်။

အဲဒီသင်္ဘောကြီးဟာ ပုံကိုမြင်တာနဲ့ အတော်လေး အိုမင်းဟောင်းနွမ်းနေပါပြီ။ ဒီသင်္ဘောကြီးဟာ အနောက်အာဖရိက ကမ်းရိုးတမ်းတစ်လျှောက်မှာ (၆)လကြာ ပေါလောလွင့်မျောနေခဲ့ရာက၊ မုန်တိုင်းဒဲနစ်ကြောင့် အိုင်ယာလန်ကမ်းရိုးတန်းဆီထိ ရောက်လာခဲ့တာပါ။ လူသူလုံးဝ မပါလာပါဘူး။

ဒီသင်္ဘောကြီးအမည်ကတော့ MV Alta ဖြစ်ပါတယ်။ ကုန်တင်သင်္ဘောအမျိုးအစားဖြစ်ပြီး တက်စမေးနီးယားအလံ လွှင့်ထူထားပါတယ်။ ဒီသင်္ဘောကြီးဟာ County Cork ပြည်နယ်၊ Ballycotton ကမ်းခြေမှာ ဖေဖော်ဝါရီ(၁၆)ရက်နေ့က သောင်တင်နေခဲ့တာပါ။

 

Ballycotton RNLI Lifeboat မှ စီမံခန့်ခွဲရေးမန်နေဂျာ John Tattan က Irish Examiner သတင်းစာနဲ့တွေ့ဆုံစဉ်မှာ “ ဒါက တကယ့်ကို ထူးခြားပါတယ် … ဒီသင်္ဘောကြီးက အာဖရိက ကမ်းရိုးတန်းဘက်ကနေ စပိန်းကမ်းရိုးတမ်း … နောက် အင်္ဂလန်ကမ်းရိုးတန်း … အဲဒီကနေ အိုင်ယာလန်ကမ်းရိုးတမ်း ရောက်လာခဲ့တာပါ ”လို့ ပြောခဲ့ပါတယ်။

READ
ကားပေါ်ကနေ အမှိုက်လွှင့်ပစ်ခဲ့သူကို ပညာပေးခဲ့တဲ့ ကလေးငယ်လေး

သူက ဆက်လက်ပြီး “ ကျွန်တော် ဒီလို အဖြစ်အပျက်မျိုး တစ်ခါမှ မတွေ့ဖူးပါဘူး … ”လို့ ပြောခဲ့ပါတယ်။ John က သူတို့အနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ပူးပေါင်းပြီး သင်္ဘောကို ဘယ်သူက ပိုင်ဆိုင်တယ်ဆိုတာကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ကမ်းခြေလုံခြုံရေးတပ်ဖွဲ့ကလည်း ဒီသင်္ဘောကြီးဟာ ကမ်းခြေကို ညစ်ညမ်းမှုတွေ ဖြစ်စေမလားဆိုတာ စစ်ဆေးနေပါတယ်။ MV Alta သင်္ဘောဟာ (၇၇)မီတာအရှည်ရှိပြီး၊ (၁၉၇၆)ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာပါ။ (၂၀၁၈)ခုနှစ် စက်တင်ဘာမှာ ဘယ်သူမှ ထိန်းချုပ်မောင်းနှင်ခြင်းမရှိဘဲ ပင်လယ်ထဲကို အလိုလျှောက် မျောပါခဲ့တာကြောင့် သင်္ဘောသား(၁၀)ဦးကို ကယ်ဆယ်ခဲ့ရပါတယ်။

'Ghost ship' MV Alta washes ashore Irish coast during Storm Dennis

Storm Dennis brought this "ghost ship" that was abandoned back in October 2018, 1,300 miles southeast of Bermuda. https://bit.ly/39PBzOd

Posted by Enquirer – Cincinnati and Kentucky on Tuesday, February 18, 2020

အဲဒီသင်္ဘောသားတွေဟာ သင်္ဘောပေါ်မှာ ရက်(၂၀)ကြာ ပိတ်မိနေခဲ့ပြီး၊ ဘာမြူဒါဧရိယာအရှေ့တောင်ပိုင်း (၁၃၈၀)မိုင်အကွာမှာ အမေရိကန်ကမ်းခြေလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ၎င်းတို့ကို အသက်ရှင်လျှက် ကယ်တင်ခဲ့နိုင်တာပါ။ အဲဒီနောက် သင်္ဘောကြီးဟာ လေကြောင်းသင့်ရာ မျောလွင့်ရင်း Ghost ship တစ်စီး ဖြစ်လာခဲ့ပါတယ်။

[စကားချပ်-သရဲသင်္ဘော(Ghost ship)ဆိုတာ အမှန်အားဖြင့်တော့ သမုဒ္ဒရာတွေ ပင်လယ်တွေထဲမှာ လူသူလုံးဝမပါဘဲ ပင်လယ်ထဲမှာ ပေါလောမျောနေတဲ့ (အကြောင်းအမျိုးမျိုးကြောင့် သင်္ဘောသားတွေ မရှိတော့တဲ့) သင်္ဘောတွေကို ယေဘုယျခေါ်တဲ့အမည်ပါ။ သရဲသင်္ဘောဆိုပေမယ့် သရဲတွေ ပါချင်မှ ပါနိုင်မှာပါ။ မပါဘူးလို့လည်း အတပ်တော့ မပြောနိုင်ဘူးပေါ့။]

လင်းသုတ

SHARE