Transformers နဲ့ နီကျား အတူပါဝင်မယ့် ကာတွန်းကား မကြာခင် ထွက်ရှိတော့မည်

Weibo/Youku

တရုတ်ရိုးရှာပုံပြင်ဇာတ်လမ်းတွေထဲက နီကျားနဲ့ ကားစက်ရုပ်လို့ ကလေးတွေ သိကြတဲ့ Transformers တို့ တွဲဖက်ရိုက်ကူးတဲ့ ကာတွန်းကားတစ်ကားကို မြင်တွေ့ရတော့မှာဖြစ်ကြောင်း SouthChinaMorningPost သတင်းစာက ဖော်ပြခဲ့တာပါ။

ရုပ်ရှင်အဖြစ်ရိုက်ကူးရမှာတော့ အရုပ်အဖြစ်ရောင်းချရာမှာရော ဝင်ငွေအရကြမ်းခဲ့တဲ့ Transformer စက်ရုပ်တွေဟာ ကာတွန်းကားအဖြစ် ရိုက်ကူးရာမှာလည်း လူကြည့်များတဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။ Transformers ကို ကာတွန်းဇာတ်လမ်းတွဲအဖြစ် အရင်ဆုံးထုတ်လွှင့်ခဲ့တာဖြစ်ပြီး Transformers: Generation 1 ကို  စက်တင်ဘာ ၁၇၊ ၁၉၈၄ ခုနှစ်ကတည်းကစပြီး ထုတ်လွှင့်ခဲ့တာပါ။

Weibo/Youku

Nezha: Transformers  လို့ အမည်ပေးထားပြီး official poster နဲ့ trailer ကို Weibo မှာ တင်ရှိခဲ့ပြီးတဲ့ နောက် လူစိတ်ဝင်စားတဲ့ အရာတစ်ခုဖြစ်လာခဲ့ပါတယ်။ CCTV ကထုတ်လွှင့်ပြသသွားမှာပါ။

CCTV Animation က တာဝန်ရှိသူတစ်ယောက်က “နီကျားဆိုတာ တရုတ်ရိုးရာကို ကိုယ်စားပြုနိုင်တဲ့ ဇာတ်ကောင်တစ်ကောင်ပါ။ ပြီးတော့ Transformers ဆိုတာကလည်း ကမ္ဘာကျော်ဇာတ်ကောင်တွေဆိုတော့ သူတို့နှစ်ယောက်ရဲ့ ပေါင်းစည်းခြင်းနဲ့ တိုက်ခိုက်တာတွေက ကြည့်လို့ အဆင်ပြေမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။

Trailer ထဲမှာတော့ နီကျားဟာ Transformer စက်ရုပ်တစ်ရုပ်ဖြစ်လာခဲ့ပြီး တရုတ်ရိုးရာအပြင်အဆင်တွေနဲ့ စက်ရုပ်တစ်ရုပ်ကို မြင်တွေ့ရမှာပါ။ တရုတ်နိုင်ငံက အထင်ကရ နေရာတွေ ကာတွန်းကားထဲမှာ ပါဝင်လာမှာဖြစ်ပြီး ရန်သူတွေကို အပြင်းအထန်တိုက်ခိုက်တဲ့ နေရာတွေမှာလည်း တရုတ်ရိုးရာအခြေခံတွေကို ထည့်သွင်းထားပါတယ်။ 

Transformers ဘက်က တာဝန်ရှိတဲ့လူတွေကတော့ ဒီလို တရုတ်ရိုးရာဇာတ်ကောင်တစ်ကောင်နဲ့ ပေါင်းစည်းပြီး ကာတွန်းကား ရိုက်ဖို့အတွက် အင်မတန်စိတ်လှုပ်ရှားခဲ့ရကြောင်းကို ပြောဆိုခဲ့ပါတယ်။

“‘ဒီကာတွန်းကားထုတ်လွှင့်မှုက တော်တော်မိုက်တယ်လို့ ပြောလို့ရပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ထုတ်လွှင့်သွားမှာပါ။ ဒီလို  CCTV နဲ့ ပူးပေါင်းလုပ်ဆောင်ရတာကို ကျနော်တို့ တော်တော်လေး စိတ်လှုပ်ရှားမိပါတယ်။ ပြီးတော့ တရုတ်နိုင်ငံတွင်းက ဘာတွေပြောဆိုကြမလဲဆိုတာကိုလည်း ကြားချင်နေမိပါတယ” လို့ Transformer အရုပ်ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Brian Goldnerက ပြောဆိုခဲ့ပါတယ်။

သိပ်မကြာခင်တုန်းက အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ တရုတ်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ခြင်းတွေ ဖြစ်ပြီးနောက်မှာ  အခုလို နီကျား-transformers ဇာတ်လမ်းတွဲပူးပေါင်းထွက်လာခြင်းက ဘယ်လိုအခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်ချေရှိသလဲဆိုတာကတော့ စိတ်ဝင်စားစရာကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။

Ye Yint Kyaw

SHARE