ဘ၀မှ အသက်ရှည်ရှည်နေနိုင်ဖို့အတွက် လိုအပ်တဲ့ အချက် ၅ ချက်

ဘ၀မှာ ပျော်ရွှင်နဲ့ အရှည်ကြာကြီး နေချင်တယ်ဆို ကိုယ့်ရဲ့ ကျန်းမာရေးကို ကိုယ် ဂရုတစိုက်ထိန်းသိမ်းဖို့ လိုအပ်တယ်ဆိုတာ အားလုံးပဲ သိကြပါတယ်။ ဒီလို ကိုယ့်ရဲ့ ပုံမှန် သက်တမ်းထက် ၁၀ နှစ်လောက် ပိုရှည်ရှည်နေရဖို့ဆို နေထိုင်ပြုမူပုံ အကျင့်စရိုက်ထဲ တကယ်ကို ဖြည့်စွက်သင့်တဲ့ အချက် ၅ ချက်ကို ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်က လတ်တလောလေးကပဲ ဖော်ပြခဲ့ပါတယ်။

ဘာမှ သိပ် ထူးခြားတာမျိုးတွေ မဟုတ်ဘဲ ငယ်ငယ်တုန်းက အိမ်မှာ၊ ကျောင်းမှာ၊ တီဗီမှာ ကြားသိမြင်တွေ့ခဲ့ရတဲ့ အရာတွေပဲဖြစ်တယ်။

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့ စကားအတိုင်း ကျန်းမာမှ ချမ်းသာခြင်းကို ဖွေရှာနိုင်မှာပဲလေ။ အထက်မှာ ဖော်ပြခဲ့တဲ့ ဟားဗတ်တက္ကသိုလ်က လေ့လာမှုကတော့ လူတွေရဲ့ နှစ်သုံးဆယ်စာ ကျန်းမာရေး မှတ်တမ်းပေါ် အခြေခံပြီး ဆန်းစစ်လေ့လာခဲ့ကြတာပါ။ လေ့လာသူတွေဟာ တစ်ဦးတစ်ယောက်ချင်းရဲ့ ရှင်သန်မှုအပေါ် ယင်း အမူအကျင့် ၅ ချက်က ဘယ်လိုသက်ရောက်မှုရှိလဲ ကြည့်ခဲ့ကြတယ်။

ပျှမ်းမျှသက်တမ်းကို အနှစ် ၅၀ ထားခဲ့ကြပြီး ယင်း အမူအကျင့်တွေကို နည်းနည်း မွေးမြူခြင်းမရှိတဲ့ သူတွေဟာ အမျိုးသမီးဆို ၂၉ နှစ်နဲ့ အမျိုးသားတွေဆို ၂၆ နှစ်ပို ရှည်ပြီး နေရပါတယ်။ လိုက်နာတဲ့ ကျင့်ကြံတဲ့ သူတွေကတော့ အမျိုးသမီးဆို ၄၃ နှစ် နဲ့ အမျိုးသားဆို ၃၈ နှစ်ပို နေနိုင်တာကိုတွေ့ခဲ့ရတယ်။

ဒါကြောင့် အသက်ရှည်ရှည်နဲ့ နေလိုရင်တော့ အခုဖော်ပြမယ့် အချက် ၅ ချက်ကို မဖြစ်မနေ လိုက်နာရမှာပါ။ ဘာမှ ခက်ခဲတာတွေမဟုတ်ပါဘူး…

READ
စိတ်ဒဏ်ရာရှိနေတဲ့မိန်းကလေးတစ်ယောက်၏ လူတွေသတိမထားမိတဲ့အကျင့် (၅)ခု
၁။ ဆေးလိပ် မသောက်ပါနဲ့
Yeti studio/Shutterstock.com

အမေရိကန်နိုင်ငံမှာ ဆေးလိပ်သောက်သုံးမှုကြောင့်နဲ့ ဆက်စပ်ပြီး သေဆုံးတဲ့ ဦးရေဟာ နှစ်စဉ် ၄၈၀၀၀၀ ကျော်ရှိပါတယ်။ စီးကရက်သောက်သုံးခြင်းက တားဆီးကာကွယ်လို့မရတဲ့ ရောဂါဘယနဲ့ သေဆုံးခြင်းရဲ့ အဓိက အကြောင်းအရင်းဖြစ်တယ်လို့ U.S. Centers for Disease Control and Prevention (CDC) က ဖော်ပြထားတာကို တွေ့ရတယ်။ ပုံမှန်သောက်နေရင်တော့ ဖြည်းဖြည်းချင်း ဖြတ်ဖို့ ကြိုးစားသင့်ပြီး မသောက်တတ်သေးရင်တော့ လုံးဝ မစပါနဲ့…။ ဆေးလိပ်သောက်တတ်မှ အထာကျတာမဟုတ်ပါဘူး…။ Be Smart and don’t start!!!

၂။ အရက်ကို အလွန်အကျွံ မသောက်ပါနဲ့
Samo Trebizan

မဖြစ်မနေ သောက်ရတာမျိုး၊ စွဲစွဲလမ်းလမ်း သောက်နေတာမျိုး၊ သောက်လေ့ သောက်ထရှိတာမျိုး တစ်ယောက်တစ်မျိုးနဲ့ သောက်တာကို ခေါင်းစဉ်တွေခွဲထားကြပါတယ်။ ဒါပေမယ့် သောက်တာက သောက်တာပဲ မဟုတ်လား။ အလွန်အကျွံသောက်သုံးတာ၊ သဘောရှိသောက်သုံးတာမျိုးက ကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူး။ ကင်ဆာနဲ့ နှလုံးရောဂါ သတဲ့ ထင်ရှားတဲ့ ကျန်းမာရေး ပြဿနာတွေကြုံရပြီး ယာဉ်မတော်တဆမှု၊ အကြမ်းဖက်မှုနဲ့ အန္တရာယ်များတဲ့ အမူအပြုတွေကိုလည်း အခန့်မသင်ရင် ကြုံတွေ့ရနိုင်တယ်။ အမျိုးသားတစ်ယောက်အတွက် တစ်နေ့ကို နှစ်ခွက်၊ အမျိုးသမီးတွေအတွက် တစ်နေ့ကို တစ်ခွက်ကို သောက်သုံးဖို့က အသင့်အတော်ဆုံးဖြစ်ကြောင်း အကြုံပြုထားပါတယ်။ အရက်သောက်တာကို လုံးဝမဖြတ်ချင်လည်း ရပါတယ်.. လုံးဝမသောက်တာထက်စာရင် သင့်တော်မျှတစွာ သောက်သုံးခြင်းက ကျန်းမာရေကို ပိုအထောက်အကူဖြစ်စေတယ်လို့ လေ့လာသူတွေက ဖော်ပြထားပါတယ်။

READ
လူမုန်းများစေတဲ့ အပြုအမူများ
၃။ ကိုယ် အလေးအချိန်ကို ထိန်းပါ။
MarShot/Shutterstock

BMI (body mass index) ကို ၁၈.၅ နဲ့ ၂၄.၉ အတွင်းမှာ ထိန်းသိမ်းထားသင့်တယ်လို့ လေ့လာသူတွေက အကြုံပြုထားပါတယ်။ ကိုယ့်ရဲ့ BMI ကို သိချင်ရင် အွန်လိုင်းမှာ မိမိ ကိုယ်အလေးချိန်၊ အရပ်အမြင့်နဲ့ တွက်ချက်ပြထားတာတွေရှိပါတယ်။ ကျန်းမာတဲ့ BMI က နှလုံးရောဂါ၊ နှလုံးဖောက်၊ ဖျားနာယောင်ရမ်းခြင်းနဲ့၊ သွေးပေါင်တက်ခြင်းနဲ့ ကင်ဆာရောဂါ ဖြစ်ပွားမှု နှုန်းတွေ လျော့ကျခြင်းနဲ့ တိုက်ရိုက် ဆက်နွှယ်နေပါတယ်။

၎။ အာဟာရ အရည်အသွေးပြည့်မှီစွာ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသောက်ပါ…။
studioworkstock

သင့်ရဲ့ BMI ကို မကောင်းတဲ့ သက်ရောက်မှုတွေ မရှိစေတဲ့ ဗီတာမင်၊ သက်စောင့်ဓာတ်ကို ဖြည့်မှီဖို့အတွက်ဆို အစားအဟာရတွေကို မျှမျှတတစားပေးမှရမှာပါ။ ကောက်ပဲ သီးနှံ၊ ဟင်းသီးဟင်းရွက်၊ အဆီဓာတ်နည်းတာတွေကို စားသောက်ရတဲ့အပြင် ၊ အသားဓာတ်၊ လိုအပ်တဲ့ အဆီဓာတ်၊ သကြားဓာတ်၊ ဆားဓာတ်တို့လည်း ဖြည့်တင်းရပါမယ်။

၅။  တစ်နေ့ကို မိနစ် (၃၀)လောက် လေ့ကျင့်ခန်းလုပ်ပါ။
Syda Productions

တစ်ရက်ကို မိနစ် ၂၀ လောက် သွက်သွက်လျှောက်တာ၊ jogging ၂၅ မိနစ်လောက်လုပ်တာ၊ ခန္ဓာကိုယ် ကြွက်သားတွေအတွက် တစ်ပတ်ကို ၂ ကြိမ် ထက်ပိုလုပ်တာ စတာတွေက အရွယ်ရောက်ပြီးသား သူတိုင်း လုပ်သင့်ပါတယ်။ လေ့ကျင့်ခန် အဆင့်တက်လာတာနဲ့အမျှ ဆဲလ်ဖွဲ့စည်းမှုစနစ်မှ ရင့်ရော်မှုတွေလည်း လျော့နည်းလာလေပါပဲ။

 

Matthew (ShweMOM)

 

 

SHARE