ဒီအမူအကျင့်တွေက ရွံစရာကောင်းပေမဲ့ ကျန်းမာရေးကောင်းဖို့အတွက် လုပ်သင့်ပါတယ်

brightside

လောကကြီးမှာ အကောင်းနဲ့အဆိုးကတော့ အမြဲတမ်း ဒွန်တွဲနေလေ့ရှိပါတယ်။ ဥပမာ ဆေးကခါးပေမယ့် ကျန်းမာစေသလိုပေါ့။ ခုလည်း ရွံစရာတော့ကောင်းပေမယ့် ကျန်းမာရေးအရ သင့်တော်တဲ့ အမူအကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပုံမှန်ရေမချိုးခြင်း

pixabay/sasint

နေ့တိုင်းရေချိုးရင် ခန္ဓာကိုယ်မှာရှိသင့်တဲ့ မရှိမဖြစ် အဆီတွေကို ဖယ်ရှားလိုက်သလို ဖြစ်သွားပြီး အသားအရေနဲ့ ဆံပင်ကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် တစ်ခါတလေမှာ ရေမချိုးပဲနေတာ ဟာလည်း ကောင်းတဲ့အကျင့်တစ်ခုဖြစ်ပါတယ်။

(၂) နှပ်ချေးဖတ်စားခြင်း

သုတေသနတစ်ခုမှာ ဖော်ပြထားတာကတော့ နှပ်ချေးဖတ်မှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ စွမ်းအားရှိတာကြောင့် စားသုံးခြင်းဖြင့် ဘက်တီးရီးယားတွေမဖြစ်အောင် တားဆီးကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

(၃) ရေချိုးရင်း အပေါ့သွားခြင်း

brightside

ရေချိုးရင်းနဲ့ အပေါ့မသွားဖူးတဲ့သူဟာ တော်တော်ရှားပါတယ်။ ဒါဟာ ရှက်စရာလည်း မဟုတ်ပါဘူး။ ဆီးထဲမှာပါတဲ့ Uric အက်ဆစ်ဟာ ခြေမမှာဖြစ်တတ်တဲ့ မှိုရောဂါတွေကို တားဆီးကာကွယ်ပေးပါတယ်။ ဒါကြောင့် ရေချိုးရင်း အပေါ့သွားခြင်းဖြင့် ငွေကုန်ကြေးကျ သက်သာစွာနဲ့ ကာကွယ်ပြီးသားဖြစ်သွားပါပြီ။

READ
အောက်ပိုင်းသေနေတဲ့မိခင်ကို ကျောင်းတစ်ဖက်နဲ့ ပြုစုပေးနေရှာတဲ့ (၁၀)နှစ်သားလေး

Source : BrightSide

Em Em

SHARE