ဘီလျံနာ ဘဝကနေ ခဏလေးနဲ့ ဆင်းရဲသွားခဲ့တဲ့ ကမ္ဘာကျော် စီးပွားရေးသမားများ

Wikimedia Commons

ကံကြမ္မာရဲ့ အလှည့်အပြောင်းဆိုတာ စကားသိပ်ပြောပါတယ်။ တစ်ချိန်တုန်းက ဒေါ်လာသန်းချီပေးတဲ့ ရွက်လှေတွေ ပိုင်ဆိုင်ခဲ့ဖူးသူ၊ ဖိတ်ဖိတ်တောင်အောင် ပြင်ဆင်ထားတဲ့ အိမ်ကြီးခြံကြီးတွေနဲ့ နေထိုင်သူ၊ ကိုယ်ပိုင်ဂျက်လေယာဉ်တွေနဲ့ ခရီးသွားသူ၊ စူပါကားအစင်းရေများများ ပိုင်ဆိုင်ထားသူတွေဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲ အဲဒီအဆောင်အယောင်တွေ မရှိတော့ဘဲ ဘီလျံနာဘဝကနေ လျှောကျသွားခဲ့ကြတဲ့လူတွေရှိပါတယ်။ သူတို့ဟာ ဆုံးဖြတ်ချက်အမှားကြောင့် ဒီလို ဘီလျံနာဘဝကနေ လျှောကျသွားတာဖြစ်သလို ကြိုတင်မခန့်မှန်းနိုင်တဲ့ ကမ္ဘာ့စီးပွားရေးပျက်ကပ်လိုမျိုး အဖြစ်အပျက်တွေကြောင့်ဖြစ်ပါတယ်။ အခုကတော့ ဘီလျံနာဘဝကနေ ရုတ်တရက် လျောကျသွားခဲ့ကြသူ ၅ ယောက်အကြောင်းပါ။ ဘယ်သူတွေလဲဆိုတော့ – 

  • Patricia Kluge
Wikimedia Commons

Patricia Kluge ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ တစ်ချိန်တုန်းကတော့ သန်းကြွယ်သူဌေးတစ်ယောက်ပါ။ သူ့ရဲ့ ယောက်ျားဖြစ်သူကတော့ ကမ္ဘာ့အချမ်းသာဆုံးလူတွေထဲက တစ်ယောက်ဖြစ်တဲ့ အမေရိကန်-ဂျာမန် စွန့်ဦးတီထွင် John Kluge ပါ။ John Kluge ရဲ့ ပိုင်ဆိုင်မှုဟာ ၁၉၉၀ ခုနှစ်တုန်းက စာရင်းအရဆိုရင်တော့ အမေရိကန်ဒေါ်လာ ၅ ဘီလျံရှိပါတယ်။ သူတို့ ဇနီးမောင်နှံ့ ကွာရှင်းပြတ်ဆဲချိန်မှာတော့ သူ(မ)ဟာ ကလေးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၁ မီလျံရရှိခဲ့ပါတယ်။ ဒါ့အပြင် သူ(မ)အတွက် ဈေးနှုန်းမြင့်မားတဲ့ အိမ်ကြီးတစ်အိမ်လည်း ရရှိခဲ့ပါတယ်။

Patricia Klugeဟာ သိပ်မကြာခင်မှာပဲ အိမ်ခြံမြေလုပ်ငန်းထဲကို ဝင်ရောက်လာပါတယ်။ ဇိမ်ခံအိမ်ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်ပါတော့တယ်။ ဒါပေမယ့်  အဲဒီလို အိမ်ခြံမြေလုပ်ငန်းထဲ ဝင်ရောက်လာတာဟာ သူ(မ)အတွက် ဆုံးဖြတ်ချက်အမှားတစ်ခုဖြစ်လာခဲ့ပါတော့တယ်။ ၂၀၀၈ ခုနှစ် ဘဏ်လုပ်ငန်းနဲ့ အိမ်ခြံမြေလုပ်ငန်းအကျပ်အတည်းကြီးဖြစ်လာချိန်မှာတော့ သူ(မ)ပိုင်ဆိုင်သမျှ အရာအားလုံးကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ သူ(မ)ရဲ့ အိမ်ခြံမြေနေရာဖြစ်တဲ့ ဝိုင်ထုတ်လုပ်ရေးလုပ်ငန်းနဲ့ စပျစ်ခြံကြီကို ဒေါ်နယ်ထရန့်က အမေရိကန်ဒေါ်လာ ၆ မီလျံနဲ့ ဝယ်သွားခဲ့ပါတယ်။

  • Huang Wenyi

Huang Wenyi ဟာ ဟောင်ကောင်အခြေစိုက် ထီးထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဌတစ်ယောက်ပါ။ ကုမ္ပဏီရဲ့ ရှယ်ယာငွေ ၇၅ ရာခိုင်နှုန်းဟာ သူနဲ့ သူ့ဇနီးဖြစ်သူ Chen Jieyou တို့ ပိုင်ဆိုင်ထားပါတယ်။ (၂၀၀၈)ခုနှစ်အတွင်း စတော့ဈေးကွက် ကျဆင်းလာချိန်မှာတော့ ကုမ္ပဏီရဲ့ စတော့ရှယ်ယာငွေတွေဟာ ၉၁ ရာခိုင်နှုန်းအထိ ၂ ရက်အတွင်း ကျဆင်းသွားခဲ့ပါတယ်။ ဒီလို ကျဆင်းမှုဟာ သူ့ရဲ့ ပိုင်ဆိုင်ငွေထဲကနေ အမေရိကန်ဒေါ်လာ ၁.၉ ဘီလျံအထိ ဆုံးရှုံးစေခဲ့ပြီး ပိုင်ဆိုင်မှုအကုန် ရောင်းချရတဲ့ အနေအထားအထိ ရောက်ရှိစေခဲ့ပါတယ်။

  • Alberto Vilar
READ
အပင်လား၊ သတ္တ၀ါလား ခွဲမရသေးတဲ့ ဗီယက်နမ်တောင်ပိုင်း ပင်လယ်ထဲက သက်ရှိ
Wikimedia Commons

Alberto Vilar ဟာ ယခင်ကတော့ အမေရိကန်အခြေစိုက် investment manager တစ်ယောက်ပါ။ Amerindo Investment Advisors ဆိုတဲ့ အကြံပေးကုမ္ပဏီတစ်ခုကိုလည်း ထောင်ထားသူတစ်ယောက်ပါ။ သူဟာ သူ့ရဲ့ စီးပွားဖက်ဖြစ်သူ  Gary Tanaka နဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ပါတယ်။ အောင်မြင်လာခဲ့ပါတယ်။ တစ်ခဏအတွင်းမှာပဲ ကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၁ ဘီလျံအထိ အကျိုးရရှိခဲ့ပါတယ်။

ဒါပေမယ့် ၂၀၀၀ ပြည့်နှက်မှာတော့ ပြင်းထန်တဲ့ စတော့ဈေးကွက် ကျဆင်းလာမှုကြောင့် သူနဲ့ သူ့ရဲ့ ကုမ္ပဏီတို့ဟာ အထိနာခဲ့ရတာပါ။ ၂၀၀၅ ခုနှစ်မှာတော့ သူနဲ့ သူ့ရဲ့ စီးပွားဖက်တို့ဟာ (၃)နှစ်တိတိ အခွန်တိမ်းရှောင်မှုကြောင့် ထောင်ကျခဲ့ပါတယ်။

  • Adolf Merckle
Wikimedia Commons

Adolf Merckle ဟာ ဂျာမနီပြည်ရဲ့ အချမ်းသာဆုံးလူတွေထဲက တစ်ယောက်ပါ။ တစ်ယောက်တည်းပိုင်ဆိုင်မှုစာရင်းအရဆိုရင်တော့ အမေရိကန်ဒေါ်လာ ၁၂.၈ ဘီလျံအထိ ပိုင်ဆိုင်ပါတယ်။ Adolf Merckle ဟာလည်းပဲ အများနည်းတူ ၂၀၀၈ စီးပွားရေးပျက်ကပ်နဲ့ ရင်ဆိုင်ရခဲ့ပါတယ်။ စီးပွားရေးပျက်ကပ်ကြောင့်မို့ သူ့ရဲ့ ပိုင်ဆိုင်မှုထဲက ဒေါ်လာ၃.၆ ဘီလျံဆုံးရှုံးခဲ့ရပါတယ်။ ဒီလို ငွေကြေးများစွာ ဆုံးရှုံးခဲ့ပေမယ့်လည်း သူဟာ ဂျာမနီနိုင်ငံရဲ့ အချမ်းသာဆုံးလူစာရင်းထဲမှာ ပါဝင်နေတုန်းပါပဲ။

YouTube/NBC News

၂၀၀၈ ခုနှစ်ကုန်ဆုံးခါနီးအချိန်လောက်မှာ သူ့ရဲ့ ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီ VEM ဟာ ပြင်းထန်တဲ့ ငွေအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သတင်းတွေအရတော့ ဒီ ဆုံးရှုံးနစ်နာမှုဟာ ဒေါ်လာ ၆ ဘီလျံအထိရှိတယ်လို့ သိရပါတယ်။ ဒီလို ငွေကြေးဆုံးရှုံးပြီးချိန်မှာတော့ သူဟာ ငွေကြေးပြန်ရလိုရငြား အန္တရာယ်များတဲ့ ငွေကြေးကစားမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ သူ့ရဲ့ပိုင်ဆိုင်သမျှ ငွေကြေးတွေ အကုန်ဆုံးရှုံးခဲ့ရပါတယ်။ ဒီနောက်မှာတော့ သူဟာ တစ်ပြားမှ မရှိအောင် ဆင်းရဲသွားပြီး နောက်ဆုံးမှာတော့ ရထားတစ်စင်းရှေ့ ခုန်ချပြီး အဆုံးစီရင်သွားခဲ့ပါတယ်။

  • Seán Quinn
READ
သင်တန်ဖိုးထားတဲ့ စာအုပ်တွေကို ရေရှည်ထိန်းသိမ်းနိုင်မယ့် နည်းလမ်း (၆) ချက်
Wikimedia Commons

၂၀၀၈ ခုနှစ်ဟာ စီးပွားပျက်ကပ်တဲ့ နှစ်တစ်နှစ်ဖြစ်ပြီး အဲဒီ နှစ်မှာပဲ ကုမ္ပဏီကြီးတော်တော်များများ ကျဆုံးခဲ့ကြပြီး သန်းကြွယ်သူဌေးတော်တော်များများလည်း ဘဝပျက်ခဲ့ရပါတယ်။ အဲဒီထဲက တစ်ယောက်ကတော့ Seán Quinnပါ။ အိုင်ယာလန်နိုင်ငံရဲ့ အချမ်းသာဆုံးလူစာရင်းထဲက တစ်ယောက်ပါ။ ၂၀၀၅ ခုနှစ်ရဲ့ စာရင်းအရ သူ့ရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၆ ဘီလျံအထိရှိပါတယ်။ သူ့ရဲ့ ကုမ္ပဏီကနေ ကမ္ဘာအနှံ့က ကုမ္ပဏီတော်တော်များများရဲ့ အစုရှယ်ယာတွေကို ဝယ်ယူခဲ့ပါတယ်။ သူ ဝယ်ယူခဲ့တဲ့ အထဲမှာ အာမခံလုပ်ငန်းကုမ္ပဏီတွေ၊ Anglo Irish ဘဏ်တို့ ပါဝင်ခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ စီးပွားရေးပျက်ကပ်ဆိုက်လာချိန်မှာတော့ သူ့ရဲ့ အိုင်းရစ်ဘဏ်လည်း ထိခိုက်လာပါတော့တယ်။ စီးပွားရေးပျက်ကပ်ဟာ သူ့ရဲ့ ချမ်းသာကြွယ်ဝမှု အကုန်နီးပါးလောက် တိုက်စားသွားခဲ့ပါတယ်။ ဘဏ်လုပ်ငန်းတွေကြောင့် အထိနာခဲ့ရသူ တစ်ယောက်ပါ။ ၂၀၀၈ မှာပဲ သူ့ရဲ့ စီးပွားရေးလုပ်ငန်းထဲကတစ်ခုဖြစ်တဲ့ Quinn Insurance ဟာ အိုင်ယာလန်အစိုးရကနေပြီး ချေးငွေကိစ္စရပ်များကြောင့် အမေရိကန်ဒေါ်လာ ၃.၆ မီလျံအထိ ဒဏ်ကြေးပေးဆောင်ခိုင်းပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ သူ့ရဲ့ ကုမ္ပဏီဟာ ဒေဝါလီခံခဲ့ရပါတယ်။

 

Ye Yint Kyaw

SHARE