ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာတွေကို ရက်ရက်ရောရော အလှူပေးခဲ့ကြတဲ့ ဘီလီယံနာကြီးများ

ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာပေမယ့် အချို့မှာ မစားရက် မသောက်ရက် မလှူရက်နဲ့ ခြစ်ကုတ်နေတဲ့သူတွေ ရှိသလို အချို့မှာတော့ ဥစ္စာပြည့်လေ ပိုလှူလေ  ဆိုတဲ့ သူတွေလည်း ရှိပါတယ်။ ကမ္ဘာပေါ်မှာလည်း တိုင်းပြည်စီးပွားရေး တိုးတက်အောင် တဖက်တလမ်းက အထောက်အကူပေးနေပြီး ကမ္ဘာကြီးလောကကြီး ပိုမိုသာယာအောင် စွမ်းဆောင်နေကြတဲ့ သူဌေးကြီးတွေလည်း ရှိပါတယ်။ အောက်ဘက်မှာတော့ ရှာဖွေရရှိထားတဲ့ စည်းစိမ်တွေကို ကိုယ်ကျိုးအတွက်ချည်းမသုံးပဲ ရက်ရက်ရောရော လှူဒါန်းနေကြတဲ့ ဇောတိကသူကြွယ်ကြီးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Warren Buffet

rvcj

Warren Buffet ဟာ The Giving Pledge ဆိုတဲ့ အဖွဲ့အစည်းကို မီလန်ဒါ၊ ဘီလ်ဂိတ်တို့နဲ့ ပူးတွဲတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ တစ်ကမ္ဘာလုံးမှာ ဒေါ်လာသန်းပေါင်း (၃၁) ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။

Paul Ramsey

rvcj

Paul Ramsey ဟာ သူမသေခင်မှာ ဒေါ်လာ(၃.၂) ဘီလီယံတန်ဖိုးရှိတဲ့ စည်းစိမ်တွေကို သူတည်ထောင်ထားတဲ့ ကုသိုလ်ဖြစ် အဖွဲ့အစည်းမှာပဲ လှူဒါန်းခဲ့ပါတယ်။

READ
အလုပ်မှာ တော်ချင်ရင် အမြဲလေ့ကျင့်ဖို့လိုကြောင်း ဖော်ပြနေတဲ့ အနုပညာလက်ရာလေးများ

Rakesh Jhunjhunwala

rvcj

Rakesh Jhunjhunwala အမည်ရှိတဲ့ အိန္ဒိယစီးပွားရေးသမားကြီးကတော့ (၂၀၂၀) ခုနှစ်မှာ ကျရောက်မယ့် သူ့ရဲ့ နှစ်(၆၀) ပြည့်မွေးနေ့ကျရင် သူ့စီးပွားရေးလုပ်ငန်းရဲ့ (၂၅) ရာခိုင်နှုန်းကို လှူဒါန်းမယ်လို့ သိရပါတယ်။

Stan Perron

rvcj

Stan Perron ဟာ သူသေဆုံးပြီးနောက်မှာ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုပေါင်း (၂.၈) ဘီလီယံကို သူတည်ထောင်ထားတဲ့ Stan Perron ကုသိုလ်ဖြစ်ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့ပါတယ်။

Bill Gates

rvcj

Microsoft Corporation ကို တည်ထောင်သူ Bill Gates ဟာ သူ့ဘ၀တစ်လျှောက်လုံးမှာ ဒေါ်လာသန်းပေါင်း (၃၂.၉၁) ဘီလီယံကို လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။

Hansjorg Wyss

rvcj

စီးပွားရေးလုပ်ငန်းရှင်ကြီး Hansjorg Wyss ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပြုပြင်ရေးအဖွဲ့အစည်းဖြစ်တဲ့ Wyss Campaign for Nature ကို (၁) ဘီလီယံ လှူဒါန်းခဲ့ပါတယ်။

READ
လူ(၁၃)ယောက်အသက်ကို သူ့အသက်ကိုနဲ့လဲပြီး ကယ်တင်ခဲ့တဲ့ သူရဲကောင်း

Richard Cousins

rvcj

သူကတော့ လေယာဉ်မတော်တဆမှုနဲ့ မသေဆုံးခင် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအဖွဲ့အစည်းဖြစ်တဲ့ Oxfam အတွက် ဒေါ်လာ(၄၁) မီလီယံ ထားခဲ့ပါတယ်။  ဒါကြောင့် စီးပွားရေးမှာလည်း ထူးချွန်အောင်မြင်တဲ့အပြင် ရွှေရောင်နှလုံးသားပိုင်ရှင်ကြီးတွေဖြစ်တဲ့ ဘီလီယံနာကြီးတွေကို အခုလို ဖော်ပြလိုက်ရပါတယ်။

လင်းလင်း (ShweMom)

Ref: rvcj

SHARE