ဗီတာမင် (A) ချို့တဲ့မှုကြောင့် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာများ

Freepik/Healthline

မယုံနိုင်လောက်အောင်များပြားလွန်းတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပြုလုပ်ဖို့ ခန္ဓာကိုယ်အတွက် ဗီတာမင်အား လုံးလိုအပ်ပါတယ်။ ကောင်းမွန်တဲ့ခန္ဓာကိုယ်ဖြစ်ဖို့အပြင် ထိရောက်တဲ့မျိုးဆက်ပွားစနစ်နဲ့ကျန်းမာတဲ့အရေပြား  တွေပိုင်ဆိုင်နိုင်ဖို့အတွက် ဗီတာမင် A လိုအပ်ပါတယ်။

ခန္ဓာကိုယ်မှာ ဗီတာမင် A ချို့တဲ့နေကြောင်းကိုညွှန်ပြနေတဲ့ရုပ်ပိုင်းဆိုင်ရာလက္ခဏာရပ်တွေကို Bright Side မှာဖော်ပြထားတဲ့ အချက်အလက်တွေကနေတစ်ဆင့်ဖော်ပြပေးလိုက်ပါတယ်။

၁ – ခြောက်သွေ့နေတဲ့ အသားအရေ

ဗီတာမင် A ဟာခန္ဓာကိုယ်ရဲ့အရေပြားတစ်သျှူးတွေကိုပြန်လည်ပြုပြင်ဖို့လိုအပ်တဲ့အဓိကဒြပ်စင်တစ်ခုဖြစ်ပါတယ်။ ဗီတာမင် A ချို့တဲ့မှုဖြစ်ပွားနေရင် အသားအရေတွေဟာခြောက်သွေ့ပြီး နှင်းခူဖြစ်နေတဲ့ပုံသဏ္ဍာန်နဲ့တူပါတယ်။ အရေပြားခြောက်သွေ့နေတာကြောင့် သင့်ရဲ့အသားအရေဟာ ဒဏ်ရာရနေသလို အနီရောင်သန်းနေတတ်ပါတယ်။ ဒါ့အပြင် အရေပြားကခြောက်သွေ့နေတာကြောင့် ယားယံမှုတွေဖြစ်နေတတ်ပါတယ်။

Freepik/Almagia

၂ – ညအမှောင်ထဲမှာ သဲကွဲစွာမမြင်နိုင်

ဒီအချက်ကတော့ အဖြစ်များဆုံးတစ်ခုပဲဖြစ်ပါတယ်။ nyctalopia လို့ခေါ်တဲ့ အမှောင်ထုထဲမှာမြင်နိုင်ဖို့ခက်ခဲတဲ့မျက်စိ ပြဿနာတစ်ခုလည်းဖြစ်ပါတယ်။ မှေးမှိန်နေတဲ့ပတ်ဝန်းကျင်မှာ မျက်စိစနစ်ဟာ စူးစိုက်မှုအားနည်းနေပြီး အမှောင်ပုံရိပ်တွေကိုလုပ်ဆောင်ဖို့မဖြစ်နိုင်တဲ့အခြေအနေပဲဖြစ်ပါတယ်။

၃ – ၀က်ခြံ

ဗီတာမင် A ဟာ အရေပြားတစ်သျှူးတွေကို ကောင်းမွန်စွာပြန်လည်ပြုပြင်ပေးတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ မျက်နှာမှာ ရှိသင့်တဲ့အဆီပမာဏမရှိပဲခြောက်သွေ့နေခြင်းကြောင့် ၀က်ခြံထွက်ပေါ်စေပါတယ်။  ဒါကြောင့် ဗီတာမင် A ကို ၀က်ခြံနဲ့ဆိုင်တဲ့ပြဿနာတွေကိုကုသရာမှာအသုံးပြုနိုင်ပါတယ်။

Freepik/pexels

၎ – ကိုယ်ဝန်ဆောင်ခြင်းနဲ့ ပြဿနာများ

READ
နှလုံးကျန်းမာရေးအတွက် အိပ်ချိန် ၈နာရီရှိခြင်းသည် အကောင်းဆုံးဖြစ်

ဗီတာမင် A မရှိခြင်းဟာ သန္ဓေသာရရှိဖို့ကိုခက်ခဲစေတဲ့ အဓိကအကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်။ ဗီတာမင် A စားသုံးခြင်းဟာ အမျိုးသားနဲ့အမျိုးသမီးနှစ်ဦးလုံးရဲ့မျိုးပွားမှုစနစ်အတွက် အကောင်းဆုံးဖြစ်ပါတယ်။ ဗီတာမင် A ကြွယ်ဝတဲ့အစားအစာတွေကိုစားသုံးခြင်းဟာ ကလေးမွေးဖွားခြင်းကိုအထောက်အကူပြုစေနိုင်ပါတယ်။

၅ – အားရစရာမကောင်းတဲ့ အနာကုသမှု

ကော်လာဂျင်ထုတ်လုပ်မှုကြောင့် ခန္ဓာကိုယ်ဟာ အချိန်တိုလေးအတွင်းမှာ အနာကိုကုသနိုင်ပါတယ်။ ပရိုတင်းဟာ ကျန်းမာတဲ့သက်ရှိတွေမှာသာတွေ့နိုင်ပြီး အရေပြားနဲ့သွေးလည်ပတ်မှုဟာလည်း ကျန်းမာလျက်ရှိပါတယ်။ ဒီကော်လာဂျင်ထုတ်လုပ်ပေးဖို့ကို ဗီတာမင် A ကကူညီပေးပါတယ်။ ဒါကြောင့် သင့်အရေပြားဟာ အနာတွေကိုကုသဖို့ ခက်ခဲနေတာကို သတိပြုမိပြီဆိုရင် မုန်လာဥ၊ လိမ္မော်သီး၊ နို့နဲ့အသားနီကဲ့သို့သော ဗီတာမင် A ရရှိတဲ့အစားအစာတွေ ကိုစားသုံးသင့်နေပြီဖြစ်ပါတယ်။

၆ – ကြီးထွားမှုနှေးကွေး

ဒါဟာလည်း အထူးဂရုပြုသင့်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာပဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ပြီး တတိယလကစကာ ဗီတာမင် A ကိုစားသုံးသင့်ပါတယ်။ ဒါမှလည်း မိခင်ကစားသုံးလိုက်တဲ့  ဗီတာမင်တွေဟာ ကလေးဆီကိုရောက်သွားမှာဖြစ်ပါတယ်။

Freepik/mivision

၇ – ခြောက်သွေ့နေတဲ့မျက်လုံးတွေ

READ
အိပ်ယာမ၀င်မီ ဘယ်တော့မှ မပြုလုပ်သင့်သည့်အရာများ

ဗီတာမင် A ချို့တဲ့နေတဲ့မျက်လုံးတွေရဲ့အရေးကြီးဆုံးလက္ခဏာရပ်တွေကတော့ မျက်ရည်ထုတ်လုပ်ခြင်း နဲ့မျက်လုံးစိုစွတ်စေတဲ့စွမ်းရည်မရှိခြင်းတို့ပဲဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေဆက်တိုက်ဖြစ်နေပါက မျက်ကြည်လွှာအား  နည်းသွားပြီး မျက်လုံးကိုကွယ်စေနိုင်ပါတယ်။

ဗီတာမင် A ရရှိဖို့ ဘာတွေကိုစားကြမလဲဆိုတာကို ဆက်ဖတ်ကြပါအုံးနော်။

– ကြက်ဥပြုတ်ကိုနေ့စဉ်စားသုံးခြင်းဟာ ဗီတာမင် A ကို (၈)ရာခိုင်နှုန်းရရှိစေပါတယ်။

– ဆော်လမွန်(၁၀၀)ဂရမ်ဟာ ဗီတာမင် A ကို (၁၄၉)ရာခိုင်နှုန်းရှိပါတယ်။

– ချက်ပြုတ်ထားတဲ့ဟင်းနုနွယ်ကနေ ဗီတာမင် A (၁၀၅) ရာခိုင်နှုန်းရရှိပါတယ်။

– အာလူးချောင်းကတော့ ဗီတာမင် A အတွက်အကောင်းဆုံးအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။

– မုန်လာဥဟာလည်း ဗီတာမင် A (၁၄၈)ရာခိုင်နှုန်းရရှိပါတယ်။

Thae Su

SHARE