Social Media ကို လှေကားထစ်လို အသုံးချပြီး နာမည်ကျော်လာခဲ့တဲ့ Celebrities (၅)ဦး

Instagram/Charlie Puth _ Instagram/Shawn Mendes

Social Media ဆိုတာ လူတစ်ယောက်ကို အချိန်တိုအတွင်း နာမည်ကျော်တစ်ယောက် အဖြစ်ကို တွန်းပို့ပေးဖို့ အကောင်းဆုံး အသုံးချလို့ရတဲ့ အရာတစ်ခုပါ။ အခုချိန်မှာတော့ အနုပညာရှင်တော်တော်များများဟာ သူတို့နာမည်ကို ပိုမိုကျော်ကြားဖို့၊ သူတို့ဇာတ်ကားတွေ လူကြည့်များဖို့၊ သူတို့သီချင်းအသစ်တွေ လူတွေနားထောင်ဖို့ Youtube,Facebook, Instagram,Twitter အစရှိတဲ့ Social Media Platform တွေကို အဓိကထားပြီး အသုံးချလေ့ရှိပါတယ်။အဲဒီအနုပညာရှင်တွေထဲကမှ Social Media ကိုသုံးပြီး အချိန်တိုအတွင်း တရှိန်ထိုးအောင်မြင်လာခဲ့တဲ့ အနုပညာရှင်အချို့ကို ဖော်ပြပေးချင်ပါတယ်။ 

 (1) Justin Bieber 

 

View this post on Instagram

 

My bwide (say it out loud even if your a thug it’s cute)

A post shared by Justin Bieber (@justinbieber) on

JBကတော့ Youtub eရဲ့ အကောင်းဆုံးအောင်မြင်မှု သမိုင်းမှတ်တိုင် တစ်ခုလို့တောင် ပြောစမှတ်ပြုရပါမယ်။ JB ဟာ (၂၀၀၇)ခုနှစ်ကစပြီး Chris Brownတို့၊ Justin Timberlake တို့ရဲ့ သီချင်းတွေကို Cover ပြန်ဆိုရင်း Youtube မှာတင်ပြီး နာမည်ရလာတဲ့သူ တစ်ယောက်ပါ။ အဲဒီနောက်ပိုင်းမှာမှ သူ့ကိုယ်ပိုင်းသီချင်းတွေနဲ့ နာမည်ရလာပြီး Usher နဲ့ JB ရဲ့  အခုလက်ရှိမန်နေဂျာ Scooter Braunတို့က Island Def Jam Music Groupနဲ့ စာချုပ်ချုပ်ဆိုပေးခဲ့တာဖြစ်ပါတယ်။အခုလက်ရှိမှာတော့ JB ဟာ Youtube Subscribers အများဆုံး(၅)ဦးထဲမှာ တစ်ဦးအပါအဝင်လည်းဖြစ်သလို သူ့သီချင်းအယ်လ်ဘမ် အချပ်ရေပေါင်း သန်း(၁၄၀)ကျော်ကိုလည်း ကမ္ဘာအနှံ့အပြားကို ရောင်းချခဲ့ပါတယ်။

(2)Kate Upton

Kate ကတော့ အသက်(၁၆)နှစ်မှာ Loas Angelsမှာ ကျင်းပတဲ့ ဘတ်စကတ်ဘောပြိုင်ပွဲတစ်ခုမှာ သူမ”ကေ”နတဲ့ ဗီဒီယိုဖိုင်တစ်ခုကို Youtubeပေါ်တင်ခဲ့ပါတယ်။ နောက်တစ်ရက်မှာပဲ သူ့ဗီဒီယိုကို လူ(၃)သန်းကျော် ကြည့်ရှု့ခဲ့ကြပြီး Twitter မှာလည်း Followers (၁)သိန်းခွဲကျော် တိုးခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းကစပြီး သူဟာ Model လမ်းကြောင်းကိုရွေးခဲ့ပြီး အခုချိန်မှာတော့ သူဟာတကယ့်ကို အောင်မြင်ကျော်ကြားတဲ့ မော်ဒယ်တစ်ယောက် ဖြစ်နေပါပြီ။ မကြာသေးခင်ကလည်း Elite Agency နဲ့ စာချုပ်အသစ် ထပ်မံချုပ်ဆို ခဲ့ပါသေးတယ်။

(3)Halsey 

လွန်ခဲ့တဲ့နှစ် တော်တော်များများက ပါတီတစ်ခုမှာ Halsey တစ်ယောက် သူမရဲ့ ပထမဦးဆုံး သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Ghost”ကို စတူဒီယိုမှာ အသံသွင်းခဲ့ပါတယ်။ ပြီးတော့ အဲဒီသီချင်းကို Halseyက သူမရဲ့ Soundcloud Account မှာ တင်ခဲ့ပါတယ်။ အဲဒီသီချင်းတင်ပြီး ခဏအကြာမှာပဲ သူမရဲ့ဘဝက လုံးဝဒရာမာ ဆန်လွန်းလှပါတယ်။ သီချင်းချင်းတင်ပြီး နာရီပိုင်းအကြာမှာ သူမရဲ့Twitterအကောင့် ဖွင့်ဖွင့်ချင်း သူမရဲ့သီချင်းက တော်တော်ကို နာမည်ကြီးနေတာတွေ့ရပါတယ်။ နောက်တစ်နေ့ မနက်ခင်းရောက်တဲ့အချိန်မှာ Halseyနဲ့ စာချုပ်,ချုပ်ချင်ကြတဲ့ Label recordတွေ အလုအယက် ဖြစ်နေကြပါတယ်။ အခုလည်း သူမရဲ့ တတိယမြောက်အယ်လ်ဘမ်က ဇန်နဝါရီ (၂၀၂၀ေ)လာက် ထွက်ရှိတော့မှာဖြစ်ပါတယ်။

(4) Charlie Puth

 

View this post on Instagram

 

Church

A post shared by Charlie Puth (@charlieputh) on

Youtube ပေါ်မှာ Adeleရဲ့ “Someone Like You” သီချင်းကို ဗားရှင်းပြောင်းပြီး သီခဲ့ပြီးနောက်ပိုင်းမှာ Charlie Puth ဟာ တရှိန်ထိုး နာမည်ကြီးလာပြီးတော့် လူတော်တော်များများရဲ့စိတ်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။ 2011ခုနစ်မှာ DeGeneres Record Labelနဲ့ စတင်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ သူ့ရဲ့နောက်ထပ်ကြီးမားတဲ့ အလှည့်အကြောင်းတစ်ခုကတော့ Charlie Puthရဲ့ထုတ်ဝေသူက Charlieကို DJ Frank Eနဲ့မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ DJ Frank Eကလည်း နယ်နယ်ရရလူမျိုးမဟုတ်ပါဘူး။ Flo Rida တို့ Madonnaတို့ရဲ့ ပရိုဂျူဆာတစ်ဦးဖြစ်ပါတယ်။ DJ Frank E နဲ့ Charlie Puthတို့ နှစ်ယောက်ဟာ တောက်လျှောက် အလုပ်အတူတူလုပ်ခဲ့ပြီး လူတိုင်းနီးပါး အလွတ်ရတဲ့ Paul Walkerကို ချီးကျူးဂုဏ်ပြုထားတဲ့ “See you again”ကို ဖန်တီးခဲ့ကြပါတယ်။ အခုလည်း Charile ဟာ Altantic Rexordနဲ့ စာချုပ်သစ် ထပ်ချုပ်ထားပါတယ်။

READ
ယက်ကန်းစင်တွေကို သွားပြီး ကိုယ်တိုင်လေ့လာခဲ့တဲ့ စိုးပြည့်သဇင်
(5) Shawn Mendes

 

Shawn တစ်ယောက် ဘယ်ကနေဘယ်လို စတင်ခဲ့တာလဲဆိုတော့ (၆)စက္ကန့်စာ ဗီဒီယိုတော်တော်များများကို Cover songs တွေဆိုပြီး Vine ပေါ်မှာ တင်ခဲ့တာပါ။ (၆)စက္ကန့်စာ အချိန်ကလေး လူတော်တော်များများအတွက် ဘာမှလုပ်လို့မရပင်မဲ့ သူကတော့ ဘယ်လိုအသုံးချရမလဲဆိုတာ သိခဲ့ပါတယ်။ အဲဒီအတွက်ကြောင့်လည်း သူ့ Followers အရေအတွက်ဟာ ဒုံးပျံလို ဝုန်းဒိုင်းတွေ တက်ခဲ့တာပါ။ Shwan ရဲ့ Follower ဟာ (၃)သိန်းကျော်လာတဲ့ အချိန်မှာတော့ နာမည်ကြီး Record Labelတွေ jဖစ်ကြတဲ့ Island Record, Atlantic Record, Sony Record နဲ့ Warner Bros Record တို့ဟာ အသက် (၁၅)နှစ်ပဲရှိသေးတဲ့ Shawnဆီ စာချုပ်,ချုပ်ဖို့ ရောက်လာကြပါတယ်။ ဒီနှစ် 2019 Grammy ဆုပေးပွဲမှာလည်း ပါဝင်ဖျော်ဖြေခွင့်ရခဲ့ပြီး သူရဲ့ တတိယမြောက် စတူဒီယို အယ်လ်ဘမ်ဟာလည်း ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။

 

 

View this post on Instagram

 

🖤

A post shared by Shawn Mendes (@shawnmendes) on

Pyi Hein Kyaw

SHARE