အချစ်တော်အိမ်မွေးတိရစ္ဆာန်လေးတွေ ပိုင်ဆိုင်ထားတဲ့ ကမ္ဘာကျော်ယ်လီများ

Facebook/JackieChan

ကမ္ဘာကျော်ရုပ်ရှင် သရုပ်ဆောင်တွေ၊ အဆိုတော်တွေမှာ သူတို့ရဲ့ အချစ်တော် ခွေးလေးတွေ၊ ကြောင်လေးတွေ ရှိကြပါတယ်။ ဘယ်သူတွေက ဘယ်ခွေးလေး၊ ကြောင်လေးတွေကို ပိုင်ဆိုင်ထားလဲဆိုတာ တစ်ချက်ကြည့်ကြည့်ပါဦး

၁-Amanda Seyfried

 

View this post on Instagram

 

🌥

A post shared by Amanda Seyfried (@mingey) on

ရုပ်ရှင်သရုပ်ဆောင် Amanda Seyfried မှာ Finn လို့ခေါ်တဲ့ ခွေးလေးတစ်ကောင်ရှိပါတယ်။ အဲဒီခွေးလေးမှာ ကိုယ်ပိုင်  Instagram account တောင်ရှိပါတယ်။

၂-  Ian Somerhalder

 

Vampire Diaries စီးရီး၊ Lost စီးရီးတွေမှာ သရုပ်ဆောင်ခဲ့တဲ့ Ian Somerhalder ပိုင်ဆိုင်ထားတာကတော့ Moke လို့ခေါ်တဲ့ ကြောင်လေးပါ။

၃- Ed Sheeran

 

View this post on Instagram

 

Daddy’s home

A post shared by Ed Sheeran (@teddysphotos) on

Ed Sheeran မှာလည်း တကယ့်ကို ချစ်စရာကောင်းလွန်းတဲ့ ကြောင်ပေါက်စလေးတစ်ကောင် ရှိပါတယ်။

၎-Jennifer Garner

ရုပ်ရှင်မင်းသမီး Jennifer Garner မွေးထားတာကတော့ ထူးထူးဆန်းဆန်းပါပဲ။ သူ(မ)ဟာ ကြက်ကလေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားလေ့ရှိသူပါ။ အဲဒီကြက်ကလေးတွေထဲက တစ်ကောင်ကတော့ Hennifer လို့  အမည်ပေးထားပါတယ်။

၅- Taylor Swift

 

View this post on Instagram

 

And then there were three…

A post shared by Taylor Swift (@taylorswift) on

Taylor Swift ရဲ့ အသည်းနှလုံးလေးနာမည်ကတော့ ဘင်ဂျမင်လို့ခေါ်ပါတယ်။

၆ -Ellen Page

 

View this post on Instagram

 

👋 hi

A post shared by @ ellenpage on

Inception တို့၊ Juno တို့ စတဲ့ ရုပ်ရှင်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ အယ်လ်လန်ပေခ့်ျမှာတော့  Patters Pageလို့ သူ(မ)နာမည်ပေးထားတဲ့ ခွေးစုတ်ဖွားလေး တစ်ကောင်ရှိပါတယ်။

READ
တောင်းပန်စာကို လူသိရှင်ကြားထုတ်ပြတဲ့ Taylor ရဲ့လုပ်ရပ်အပေါ် Katy မနှစ်မြို့
၇- Kate Beckinsale

Underworld ရုပ်ရှင်စီးရီးတွေကြည့်ဖူးရင် ဒီမင်းသမီးကို ရင်းနှီးမိကြမှာပါ။ Kate Beckinsale ရဲ့ အချစ်တော်လေးကတော့ အမွှေးဝါဝါနဲ့ ခွေးလေးတစ်ကောင်ပါတဲ့။

၈- Ricky Gervais

 

View this post on Instagram

 

Happy #NationalCatDay

A post shared by Ricky Gervais (@rickygervais) on

အနောက်နိုင်ငံရဲ့ တီဗွီရှိုးတွေရဲ့ စတားတစ်ယောက်ဖြစ်တဲ့Ricky Gervaisအတွက် ချစ်ရမယ့် အကောင်လေးကတော့ Ollie လို့ခေါ်ပါတယ်။

၉- KJ Apa

 

View this post on Instagram

 

I will kiss anything

A post shared by KJ Apa (@kjapa) on

နယူးဇီလန်နိုင်ငံက မင်းသားတစ်လက်ဖြစ်တဲ့ KJ Apa ရဲ့ ခွေးလေးကတော့ Riverdale ပါ။

၁၀ – Liam Hemsworth

 

View this post on Instagram

 

“Shhh she’s sleeping”

A post shared by Liam Hemsworth (@liamhemsworth) on

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်လက်ဖြစ်တဲ့ Liam Hemsworth ရဲ့ အချစ်ကတော့ Tani ပါတဲ့။

၁၁- Kat Dennings

 

View this post on Instagram

 

#nationalpetday #adoptdontshop 💝

A post shared by Kat Dennings (@katdenningsss) on

Thor ရုပ်ရှင်ကားထဲမှာပါခဲ့ဖူးတဲ့ Kat Dennings မှာတော့ မိုင်လီလို့ခေါ်တဲ့ ကြောင်လေးတစ်ကောင်ရှိပါတယ်။ မွေးထားတာ ခြောက်နှစ်လောက်ရှိပါပြီ။

၁၂-  Jackie Chan

ကျနော်တို့ရဲ့ အချစ်တော်ကြီး ဂျက်ကီချမ်းမှာလည်း ဂျုံးစ်နဲ့ ဂျေဂျေလို့ခေါ်တဲ့ ခွေးလေးနှစ်ကောင်မွေးထားပါတယ်

Ye Yint Kyaw

SHARE