ပြတ်လိုက်၊ တွဲလိုက် ဖြစ်ခဲ့ရပေမယ့် အချစ်စစ်ကြောင့် ဖူးစာပါခဲ့တဲ့ ဆယ်လီစုံတွဲများ

Instagram/GiGiHadid

အတွဲတိုင်းကတော့ ချစ်လို့တွဲခဲ့ကြတာပါပဲ။ ဒါပေမယ့် အတွဲတွေရဲ့ သဘာဝအရ ရန်ဖြစ်တဲ့အချိန်တွေရော အဆင်မပြေတော့တဲ့ အချိန်တွေကော ရှိကြမှာပါပဲ။ တစ်ချို့အတွဲတွေကတော့ ရန်ဖြစ်ပြီး အဆင်မပြေတော့လို့ အပြီးအပိုင် လမ်းခဲါသွားတက်ကြပေမယ့် တစ်ချို့ကတော့ လမ်းခွဲပြီးမှ ပြန်အဆင်ပြေပြီး လက်ထပ်သွားတက်ကြပါတယ်တဲ့။ ကိုယ်တွေလိုလူတွေပဲ ဖြစ်ကြတာလားဆိုပြီး စဉ်းစားကြည့်တဲ့အချိန်မှာတော့ နာမည်ကြီးတွေလဲ တူတူပါပဲ။ ဖော်ပြရမယ်ဆိုရင်တော့…

Khloé and Tristan     

 

ကနေဒီယန် ဘက်စကတ်ဘော ကစားသမားဖြစ်တဲ့ Tristan Thompson နဲ့ Khloe Kardashian တို့ကတော့ (၂၀၁၈) ခုနှစ်မှာ Tristan က Khole ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ Jordyn Woods နဲ့ ဖောက်ပြန်ခဲ့လို့ ပြတ်စဲခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပိုပြီး ဆိုးရွားတာကတော့ Tristan ဖောက်ပြန်ခဲ့တဲ့ အချိန်မှာ Khole က Tristan နဲ့ ပထမကိုယ်ဝန်ဆောင် ထားရတာပါ။ အခုချိန်မှာတော့ Tristan က သူတို့ရဲ့ (၂) နှစ်အရွယ် သမီးလေး True အတွက် ဖခင်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနေပါပြီလို့ သိရှိရပါတယ်။

Khole ရဲ့ (၃၆) နှစ်ပြည့် မွေးနေ့မှာလဲ Tristan က အတူရှိနေခဲ့တယ်လို့ သိရှိရပါတယ်။ ပါတီပွဲမှာလဲ Tristan က Khole နဲ့ ပြန်လည်ပေါင်းထုပ်ခန်းဖွင့်နေပုံ ရတယ်လို့လဲ သတင်းတွေရရှိခဲ့ပါသေးတယ်။ အခုတော့ ဒုတိယကလေး ယူဖို့အထိပါ တိုင်ပင်ပြီးတော့ Covid Lockdown အချိန်မှာလဲ True နဲ့ အတူတူ မိသားစုအချိန်လေး LA မှာ ဖြတ်သန်းခဲ့ပြီး ပြန်အဆင်ပြေနေပြီပဲ ဖြစ်ပါတယ်။ 

Justin and Hailey         

ပျိုတိုင်းအသည်းစွဲ Justin Bieber ကတော့ ငယ်သူငယ်ချင်းဖြစ်သူ မော်ဒယ် Hailey နဲ့ (၂၀၁၈)ခုနှစ် မှာ လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်မထပ်ခင် အချိန်မှာ အခက်အခဲတွေ အများကြီး ကျော်ဖြတ်ခဲ့ရတဲ့ စုံတွဲတစ်တွဲဆိုလည်း မမှားပါဘူး။ (၂၀၁၆)ခုနှစ်မှာ ပြတ်စဲခဲ့ဖူးတဲ့ Justin တို့အတွဲကတော့ သူငယ်ချင်းဆိုတဲ့ အနေအထားပါ ပျက်ယွင်းခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းအရာတွေကိုတော့ (၂၀၁၈)ခုနှစ် ဇွန်လတုန်းက မှာ Time မဂ္ဂဇင်း ကို Hailey က ပြောပြခဲ့တာပါ။ သူတို့နှစ်ယောက် ပြန်အဆင်ပြေနေပြီလို့ Hailey ပြောပြီး နောက်တစ်လမှာပဲ ချက်ချင်းကြီး လက်ထပ်သွားတာပဲ ဖြစ်ပါတယ်။ 

Gigi and Zayn

READ
ရုပ်ရှင်အတူတူ ရိုက်ကူးနေကြပြီဖြစ်တဲ့ တိုင်ရွန်နဲ့ နေခြည်ဦးတို့ သူငယ်ချင်းနှစ်ယောက်

 

 

View this post on Instagram

 

baby daddy ☺️

A post shared by Gigi Hadid (@gigihadid) on

One Direction အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Zayn နဲ့ Victoria Secret ရဲ့ နာမည်ကျော် မော်ဒယ်လ် Gigi Hadid တို့  (၂) နှစ်ကြာတွဲပြီးနောက် (၂၀၁၈)ခုနှစ် မတ်လမှာ ပြတ်စဲသွားပြီဖြစ်ကြောင် သတင်းထွက်ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း နှစ်လအကြာ (၂၀၁၈)ခုနှစ် ဇွန်လမှာတော့ Gigi က သူမရဲ့ Instagram မှာ Zayn နဲ့ ပုံကို တင်ခဲ့ပြီး ပြန်အဆင်ပြေသွေားကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ သူတို့အတွဲဟာ အဲ့ဒီအချိန်ကစပြီး တွဲလက်တွေ ခိုင်မြဲခဲ့ကြတဲ့အပြင် (၂၀၂၀)ခုနှစ်မှာတော့ ၀မ်းသာစရာ သတင်းတစ်ခုကို Gigi က The Tonight Show မှာ အစီအစဉ်တင်ဆက်သူဖြစ်တဲ့ Jimmy Fallon ကို ဖွင့်ဟခဲ့ပါတယ်။ အဲ့ဒီသတင်းကတော့ တခြားမဟုတ်ပါဘူး။ Gigi မှာ Zayn နဲ့ ရတဲ့ ကိုယ်ဝန်ရှိနေပြီးဆိုတဲ့ သတင်းပါ။

Pink and Carey

 

 

View this post on Instagram

 

Whistler. Is. Beautiful

A post shared by P!NK (@pink) on

အိမ်ထောင်ရေးတိုင်းကတော့ အမြဲမလွယ်ကူနိုင်ပါဘူး။ ဒါပေမယ့်တကယ်စစ်မှန်ရင်တော့ ကွဲနေရင်တောင် ပြန်ပြီးပေါင်းဖက် အဆင်ပြေနိုင်တာကို သက်သေပြခဲ့တဲ့ စုံတွဲကတော့ အဆိုတော် Pink တို့ စုံတွဲပဲ ဖြစ်ပါတယ်။  Pink တို့လင်မယားဟာ သူတို့ရဲ့ (၂) နှစ်ကြာ အိမ်ထောင်ရေးကို (၂၀၀၈) ခုနှစ်မှာ တရားဝင် ကွဲတာမျိုးမဟုတ်ဘဲ နှစ်ဦးသဘောတူ ခဏတာ ပြတ်စဲခဲ့ကြပါတယ်။  ဒါပေမယ့်လဲ (၂၀၀၉) ခုနှစ်မှောတော့ ပြန်လည် သင့်မြတ်ခဲ့ပြီး (၂၀၁၁)ခုနှစ်မှာ သမီးဖြစ်သူ Willow ၊ (၂၀၁၆)ခုနှစ် သားဖြစ်သူ Jameson တို့ကို မွေးဖွားခဲ့ပါတယ်။

Justin and Jessica

 

အဆိုတော် Justin Timberlake နဲ့ သရုပ်ဆောင် Jessica Biel တို့ကတော့ (၄)နှစ်ကြာတွဲပြီးနောက် (၂၀၁၁)ခုနှစ်မတ်လမှာ လမ်းခွဲခဲ့ကြပါတယ်။ ဒါပေမယ့် အကြာကြီး လမ်းခွဲတာတော့ မဟုတ်ခဲ့ပါဘူး။ သြဂုတ်လမှာ ပြန်ပေါင်းထုပ်ခဲ့ကြပြီး (၂၀၁၁)ခုနှစ် ဒီဇင်ဘာလမှာ စေ့စပ်ခဲ့ကြပါတယ်။ (၂၀၁၂)ခုနှစ် ဒီဇင်ဘာလမှာ Montana ကို အတူခရီးထွက်နေတုန်း Justin က Jessica ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ (၂၀၁၅)ခုနှစ်မှာတော့ သားဦးလေး Silas ကို မွေးဖွားခဲ့ပါတယ်။

Willam and Kate

READ
"သတိ အန္တရာယ်ရှိသည်" ရုပ်ရှင်ကား ရိုက်ကွင်းမှာ တွေ့ရတဲ့ တိုင်ရွန်နဲ့ ခင်ဝင့်ဝါ

 

လူတိုင်းအားကျခဲ့ရတဲ့ Prince Willam နဲ့ Kate တို့ရဲ့ လက်ထပ်ပွဲကလဲ အလွယ်တကူ ဖြစ်လာခဲ့တာ မဟုတ်ပါဘူး။ ရည်းစားဘ၀ထဲက  ပြတ်လိုက် ပြန်တွဲလိုက် ဖြစ်ခဲ့တဲ့ သူတို့နှစ်ဦးဟာ လက်ထပ်ဖို့ စီစဉ်နေတဲ့ အချိန်မှာတောင် ခဏတာ ပြတ်စဲခဲ့ကြပါသေးတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Prince George, Princess Charlotte နဲ့ Prince Louis တို့ရဲ့ မိဘတွေ ဖြစ်နေကြပါပြီ။

TPS

SHARE