သူငယ်ချင်းအဖြစ်ကနေ ချစ်သူအဖြစ် ရောက်ရှိခဲ့ကြတဲ့ ဆယ်လီအတွဲ (၅)တွဲ

ချစ်ခြင်းမေတ္တာဆိုတာ ဆန်းပြားတဲ့ အရာတစ်ခုပါ။ ဘယ်တော့မှ ကိုယ်ထင်တဲ့အတိုင်း ဖြစ်မလာတာတွေ၊ ကိုယ်ချစ်ရတဲ့သူနဲ့ ဆုံဆည်းခွင့်မရတာတွေနဲ့ နာကျင်ဖွယ်ကောင်းတဲ့ အရာတစ်ခု ဖြစ်သလို၊ တစ်ဖက်မှာလည်း ကိုယ်တကယ်ချစ်သူနဲ့ ပေါင်းဖက်ရတဲ့ ချစ်သူစုံတွဲတွေ၊ ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူနဲ့ ဘဝလက်တွဲဖော် တူညီတာမျိုးတွေလည်း ရှိကြတာပါပဲ။ ပထမတစ်ဖက်ကိုတော့ ကံဆိုးခဲ့တဲ့ဘက်လို့ ပြောလို့ရမှာဖြစ်ပြီး ဒုတိယတစ်ဖက်ကတော့ ကံကောင်းသူတွေပါပဲ။ ဟုတ်ပါတယ်။ ဘယ်သူမဆို ကိုယ်တကယ်ချစ်မြတ်နိုးရတဲ့ လူနဲ့ပေါင်းသင်းချင်ကြတာ၊ ဘဝကို အတူတူဖြတ်သန်း သွားချင်ကြသူတွေပါပဲ။ အခုတခေါက်တော့ ဒီလို အဖြစ်မျိုးတွေအပြင် ကိုယ်နဲ့ နှစ်ကာလကြာရှည်စွာ ခင်မင်နေတဲ့ သူကနေ ဘဝလက်တွဲဖော်အဖြစ် ရောက်ရှိခဲ့ကြတဲ့ နိုင်ငံတကာက ဆယ်လီအတွဲ (၅)တွဲကို ဖော်ပြလိုက်ပါရစေ။

(၁) Justin Bieber နဲ့ Hailey Baldwin

Instagram/JustinBieber

ဂျက်စတင်ဘီဘာတို့ အတွဲကတော့ တစ်ယောက်နဲ့ တစ်ယောက် စသိကြတာ ၂၀၀၉ ခုနှစ်ကတည်းကပါတဲ့။ ဒီကြားထဲမှာ သူငယ်ချင်းလို၊ BFF လို နေခဲ့ကြတာမို့လို့ ဘယ်သူမှ သူတို့နှစ်ယောက်ကို ချစ်သူအဖြစ် ရောက်ရှိလာမယ်လို့တောင် မခန့်မှန်းခဲ့ကြပါဘူး။ တကယ်တော့ Hailey က ဂျက်စတင်ဘီဘာရဲ့ အနောက်မှာ သူငယ်ချင်းကောင်းပီသစွာနဲ့ အမြဲရပ်တည်ပေးခဲ့တဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ်။ သူတို့နှစ်ယောက်နဲ့ ပထမဆုံး date ကတော့ ၂၀၁၆ မှာပါ။ အခုတော့ သူတို့အတွဲက သိပ်မကြာသေးခင်တုန်းက မင်္ဂလာဆောင်ပြီး လက်ထပ်သွားကြပါပြီ။ သူငယ်ချင်းအဖြစ်ကနေ ချစ်သူအဖြစ်တင် သာမက ဘဝလက်တွဲဖော်ဖြစ်သွားခဲ့တဲ့ အတွဲတစ်တွဲပါပဲ။

(၂) Mila Kunis နဲ့  Ashton Kutcher

CarseyWerner/That 70’sShow _Instagram/Ashton Kutcher

Friends with Benefits တို့၊ The Spy Who Dumped Me တို့မှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး Mila Kunis  နဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ Ashton Kutcher တို့ဟာလည်း သူငယ်ချင်းအဖြစ်ကနေ ချစ်သူအဖြစ် ရောက်ရှိခဲ့တဲ့ အတွဲလေးတစ်တွဲပါပဲ။ သူတို့နှစ်ယောက်ဟာ ၁၉၉၉ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့  70’s Showလို့ ခေါ်တဲ့ ရုပ်သံစီးရီးတစ်ခုမှာ ဆုံစည်းခဲ့ကြပါတယ်။ ဒီနောက်မှာတော့ ရှိုးပြီးသွားချိန်မှာ သူတို့နှစ်ယောက်ဟာ ဝေးကွာသွားခဲ့ကြပေမယ့် ၂၀၁၂ ခုနှစ်မှာတော့ သူတို့နှစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းတွေဟာ တစ်ဖန်ပြန်အသက်ဝင်လာခဲ့ပါတော့တယ်။

(၃) Ozzy Osbourne နဲ့ Sharon Osbourne

READ
ဘိုမရုပ်လေးလို ချစ်စရာကောင်းလွန်းနေတဲ့ ပက်ထရစ်ရှာ
Facebook/Sharon Osbourne

ဒီတစ်တွဲကတော့ ကျနော်တို့ရဲ့ ရော့ခ်စတားကြီး Ozzy Osbourne ရဲ့ ချစ်ဇာတ်လမ်းပါပဲ။ “အမှောင်ထုရဲ့ မင်းသား”လို့တောင် ပရိသတ်တွေက နာမည်ပေးထားတဲ့ Ozzyနဲ့ သူ့ချစ်သူ Sharon  တို့ရဲ့ အကြောင်းပါပဲ။ Sharon နဲ့ Ozzy ဟာ ၁၉၇၀ ခုနှစ်မှာ နှစ်ယောက်သား စတင်ဆုံစည်းခဲ့ကြပြီး သူတို့နှစ်ယောက်ဆုံစည်းချိန်မှာတော့ Sharon ဟာ အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ Sharon ဖခင်ဖြစ်သူကတော့  Black Sabbath ဘန်ရဲ့ မန်နေဂျာလည်း ဖြစ်ပါတယ်။ Black Sabbath ဆိုတာ Ozzy နဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ band ပါ။ ၁၉၇၈ ခုနှစ်မှာ Ozzy ဟာ Black Sabbath ကနေ အထုတ်ခံခြဲ့ပီးနောက်ပိုင်းမှာတော့ Sharonဟာ သူ့ရဲ့ မန်နေဂျာအဖြစ် တာဝန်ယူခဲ့ပါတယ်။ ဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ချစ်သူတွေအဖြစ် ရောက်ရှိသွားခဲ့ပါတယ်။

(၄) Shawn Mendes နဲ့ Camila Cabello

Instagram/Camila Instagram/Shawn Mendes

Shawn Mendes နဲ့ Camila Cabello တို့ဟာ ၂၀၁၄ခုနှစ် Tour တွေ သွားရင်း သူတို့နှစ်ယောက်ဟာ ဆုံစည်းခဲ့ကြတာပါ။ အဲဒီအချိန်က စပြီး သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းခင်တဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။ အပြင်လောကမှာတင် မဟုတ်ဘဲ ဆိုရှယ်မီဒီယာမှာပါ တစ်ယောက်နဲ့တစ်ယောက် ခင်မင်တဲ့ ပုံရိပ်တွေ ၊ စကားတွေနဲ့တင် ဖြစ်ခဲ့ကြပါတယ်။ ဒီအတောအတွင်းမှာပဲ ပရိသတ်တွေဟာ သူတို့နှစ်ယောက်ဟာ ချစ်သူတွေ ဖြစ်နေကြပြီ၊ ချစ်နေကြပြီလို့ ထင်ကြေးတွေ ပေးခဲ့ကြပေမယ့် အဲဒီအချိန်တုန်းက သူတို့နှစ်ယောက်ဟာ ကိုယ်စီ ကိုယ်စီ အတွဲအသီးသီးနဲ့ပါ။ နောက်ဆုံးမှာတော့ အတိအကျပြောရရင် ၂၀၁၉ ဂျုလိုင်လမှာတော့ ကဖေးဆိုင်လေးမှာ သူတို့နှစ်ယောက် အကြင်နာပေးနေကြတဲ့ ပုံရိပ်တွေ ပျံ့နှံ့ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်ဟာ ချစ်သူတွေ ဖြစ်ပါတယ်လို့ တရားဝင်ကြေငြာလာခဲ့ပါတော့တယ်။

(၅) Kim Kardashian နဲ့ Kanye West

READ
MCU ရုပ်ရှင်တွေဟာ ရုပ်ရှင်စစ်စစ်တွေမဟုတ်ဘူးလို့ ဝေဖန်မှုအပေါ် Nebula ပြောပြီ
Instagram/Kim Kardashian

ဟောလိဝုဒ်ရဲ့ နာမည်ကျော် couple တွေထဲမှာ Kim Kardashian နဲ့ Kanye West အတွဲလည်း ပါဝင်ပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၁၂ လောက်က တစ်ယောက်နဲ့တစ်ယောက်စပြီး သိခဲ့တာပါ။ Kanye ဟာ  Kim Kardashian ရဲ့ သူငယ်ချင်းတစ်ယောက်အတွက် ဗီဒီယိုတစ်ခုကို လုပ်ပေးရင်းနဲ့ သိရှိခဲ့တာဖြစ်ပါတယ်။ Kanye West ဟာ အဲဒီတုန်းက Kim Kardashian ဆိုတာ ဘယ်သူလဲဆိုတာတောင် မသိခဲ့ပါဘူးတဲ့။

ဒီလောက်မှာတော့ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် စပြီး ခင်မင်ရင်းနှီးခဲ့ကြပြီး အချစ်ဇာတ်လမ်းတွေလည်း စတင်လာပါတော့တယ်။ Kanye West ဟာ Kim Kardashian အတွက် သီချင်းတစ်ပုဒ်တောင် ရေးခဲ့ပေးဖူးပါတယ်တဲ့။ သူတို့နှစ်ယောက်ဟာ နောက်ဆုံးမှာတော့ ၂၀၁၄ ခုနှစ် အီတလီနိုင်ငံမှာလက်ထပ်ခဲ့ကြပါတယ်။

YYK

SHARE