ပိုးကောင်မွှားကောင်လေးတွေအတွက် နေစရာနန်းတော်ကို ကိုယ်တိုင်ဖန်တီးခဲ့တဲ့ ကလေးများ

backyardnature.org

ပိုးကောင်မွှားကောင်လေးတွေဟာလည်း တိရစ္ဆာန်တွေ ဖြစ်ပါတယ်။ သူတို့တစ်တွေဟာ အများအားဖြင့် အမေ့ခံဖြစ်ကြပြီး၊ သူတို့တစ်တွေကို တော်တော်များများက အရေးပါအရာရောက်တယ်လို့ မထင်ထားကြပါဘူး။ သူတို့တစ်တွေ သေကြေခြင်း၊ ပျက်စီးခြင်းကိစ္စရပ်တွေဟာ မျက်မြင် တိရစ္ဆာန်အခွင့်ရေးလှုပ်ရှားသူတွေတောင် မသိလိုက်မသိဖာသာ နေကြတဲ့ ကိစ္စပါ။

အင်းဆက်ကာကွယ်ရေးလှုပ်ရှားသူများ၊ ယင်ကောင်အခွင့်ရေး လှုပ်ရှားသူများ၊ ပျားကာကွယ်စောင့်ရှောက်ရေးအသင်း စသဖြင့် သင်တို့မြင်နေကျမဟုတ်သေးတဲ့ လူ့အဖွဲ့အစည်းတွေ ပတ်ဝန်းကျင်မှာ မရှိသေးတာကိုထောက်ရင် ပိုးကောင်မွှားကောင်လေးတွေကို လူတွေရဲ့ အရေးထားဆက်ဆံမှုက ဘယ်လောက်ရှိတယ်ဆိုတာ မြင်သာစေမှာပါ။

backyardnature.org

သိပ္ပံပညာရှင်တစ်စုကတော့ ကမ္ဘာကြီး ရေရှည်တည်တံဖို့အတွက် လူက အရေးပါဆုံးသတ္တဝါမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဆိုရရင် ကမ္ဘာကြီးမှာ လူသားမျိုးနွယ်မရှိလည်း ဖြစ်တယ်ဆိုတဲ့သဘောပါ။ ကမ္ဘာကြီးရေရှည်တည်မြဲဖို့အတွက် ပျားသတ္တဝါလေးတွေ ရှိနေရင်ကို အလုပ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ပျားတွေ ဘယ်လောက်အသုံးဝင်ကြောင်းကို သင်တို့လည်း ကြားဖူးပါလိမ့်မယ်။

အခုလည်း ကလေးတွေက ပိုးကောင်မွှားကောင်လေးတွေအတွက် နေစရာ “ဘက်ကင်ဟမ်နန်းတော်”ကို ကိုယ်တိုင်ဖန်တီးခဲ့ကြပါတယ်။ ကလေးတွေက ပိုးကောင်မွှားကောင်လေးတွေ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်မှာ ဘယ်လောက်အရေးပါသလဲဆိုတာကို ပြသချင်လို့ အခုလို လုပ်ခဲ့ကြတာပါ။ ကလေးတို့ရဲ့အဖွဲ့နာမည်ကတော့ The Eco Emeralds ဖြစ်ကြောင်း Yahoo သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

backyardnature.org

သူတို့ဟာ ပိုးကောင်လေးတွေအတွက် နေစရာအိမ် ဖန်တီးပေးခဲ့ပါတယ်။ ပိုကောင်းလေးတွေရဲ့ (၄၁)%ဟာ ကမ္ဘာကြီးကနေ အပြီးပျောက်ကွယ်တော့မှာလို့ ဆိုပါတယ်။ ကလေးတွေဟာ အင်းဆက်ကျွမ်းကျင်ပညာရှင်တစ်ဦးရဲ့ အကူအညီနဲ့ ဒီကြီးမားတဲ့ အိမ်ကြီးကိုတည်ဆောက်ပေးခဲ့တာပါ။ ကြီးမားတယ်ဆိုတာ ပိုးကောင်လေးတွေအတွက် ကြီးမားတဲ့အိမ်လို့ ဆိုလိုတာပါ။

The Eco Emeralds ကလေးများအဖွဲ့ဟာ လီဗာပူးမြို့၊ အန်ဖီးလ်မှာ တည်ရှိပါတယ်။ ဒီအိမ်ကြီးကိုလည်း နာမည်နဲ့လိုက်ဖက်စွာ Bugingham Palace ဆိုပြီးတော့ အမည်ပေးခဲ့တာပါ။ အိမ်ကြီးအတွင်းမှာ တောပန်းအရိုင်းတွေ ဖြည့်တင်းထားပြီး၊ သဘာဝနဲ့လိုက်ဖက်ဖို့ ရည်ရွယ်ပါတယ်။

backyardnature.org

ဒီအလေ့အထဟာ Backyard Nature campaign ကနေ ဆင်းသက်လာခဲ့တာဖြစ်ပြီး၊ ကလေးတွေအနေနဲ့ သူတို့နဲ့နီးစပ်တဲ့ ဂေဟစနစ်တွေ၊ သတ္တဝါလေးတွေကို ငယ်ငယ်လေးကတည်း တန်ဖိုးထားတက်စေဖို့ ရည်ရွယ်တဲ့ Campaign ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အိုက်စလန်ရဲ့ အစားအစာထောက်ပံ့ရေးရံပုံငွေအဖွဲ့ Arm and Semble က ထောက်ပံ့ခဲ့တာပါ။

Love Bugs ရဲ့ Campaign တစ်စိတ်တပိုင်းအတွက် ပိုးကောင်မွှားကောင်လေးတွေရဲ့အိမ်အလုံးပေါင်း (၃)သိန်းကျော်ရဲ့ Hoem Kit အသီးသီးကို  အိုက်စလန်ရဲ့ နေရာ (၉၈၀)အတွက် ပေးအပ်သွားမယ်လို့လည်း သိရပါတယ်။ ကလေးတွေအနေနဲ့ အဲဒီ Kit တွေကိုသုံးပြီး ကလေးတွေအနေနဲ့ ပိုးကောင်မွှားကောင်လေးတွေအတွက် အိမ်လေးတွေ ကိုယ်တိုင်ဆောက်နိုင်ကြဖို့ ရည်ရွယ်ပါတယ်။ Kit အသီးသီးမှာ ကလေးတွေအနေနဲ့ ပိုးကောင်လေးတွေကို ဘယ်လိုကာကွယ်သင့်တယ်ဆိုတဲ့ သတင်းအချက်အလက်တွေလည်း ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

လင်းသူရိန်

SHARE