မင်္ဂလာဓာတ်ပုံရိုက်နေစဉ်၊ ရေနစ်နေတဲ့ကလေးမလေးကို ကယ်ဆယ်နိုင်ခဲ့တဲ့စုံတွဲ

Weibo/Xuyi

တရုတ်နိုင်ငံ၊ Huai’an စီရင်စု၊ Jiangsu မြို့က ပန်းခြံတစ်ခုမှာ စုံတွဲတစ်တွဲဟာ မင်္ဂလာအမှတ်တရဓာတ်ပုံတွေ ရိုက်ကူးနေစဉ်မှာ ငါးနှစ်အရွယ်ကလေးငယ်တစ်ဦး အနီးအနားက ရေကန်ထဲ ပြုတ်ကျသွားခဲ့ပါတယ်။ ဒီမှာတင်ပဲ အဲဒီကလေးငယ်လေးကို ကယ်နိုင်ဖို့ သတို့သားဟာ သူဝတ်ထားတဲ့ အဝတ်အစားတွေကို ဂရုမထားနိုင်အားပဲ ကလေးမလေးကို ကယ်ဆယ်ခဲ့ပါတယ်။

ကလေးမလေးဟာ ရေကန်ထဲ ပြုတ်ကျချင်းမှာပဲ ကြောက်လန့်တကြား အော်ဟစ်ငိုယိုခဲ့လို့ အနီးအနားမှာ ပွက်လောညံသွားခဲ့ပါတယ်။ ဒီမှာတင်ပဲ ဓာတ်ပုံရိုက်ရင်းတန်းလန်း သတို့သားက ကလေးမလေးကို ကယ်ဆယ်ခဲ့တာပါ။ ဒါပေမယ့် သူတို့စုံတွဲကတော့ နာမည်တွေ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။

အဲဒီအဖြစ်အပျက်နဲ့ပတ်သက်တဲ့ ဓာတ်ပုံလေးကို ဓာတ်ပုံဆရာကလည်း အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပြီး၊ လူမှုကွန်ရက်ပေါ်မှာတော့ တရုတ်လူမျိုးတွေက Loveliest wedding photo of all ဆိုပြီး ပြန်လည်မျှဝေမှုတွေ ရှိလာခဲ့ရာ၊ အဲဒီစုံတွဲမှာ ထင်မှတ်မထားပါဘဲ၊ အမည်မသိ နာမည်ကျော်သူတွေ ဖြစ်ကုန်ကြပါတော့တယ်။

READ
ပြေးလမ်းပေါ်က ပိုင်ရှင်မဲ့ခွေးပေါက်လေးကိုကယ်ပြီး မာရသွန်ပြိုင်ပွဲဝင်ခဲ့တဲ့အမျိုးသမီး

လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်ရတာဟာ မင်္ဂလာရှိပါတယ်။ အဲဒီစုံတွဲရဲ့ ဘဝခရီးလမ်းအစဟာ သူတစ်ပါးရဲ့အသက်ကို ကယ်တင်ခြင်းကနေ ရလာမယ့် ကံကောင်းခြင်းတွေက စောင့်ကြိုနေလိမ့်မယ်လို့ လူမှုကွန်ရက်ပေါ်မှာတော့ ကောင်းချီးပေးနေကြပါတယ်။

လင်းဇော်ကို (Shwemom)

SHARE