သမိုင်းဆရာတွေတောင် အံ့သြရတဲ့ ရှေးဟောင်းအီဂျစ်ရဲ့ စိတ်ဝင်စားဖွယ်အချက်များ

ရှေးဟောင်းအီဂျစ်အကြောင်းကို စဉ်းစားလိုက်ရင် ပိရမစ် ပင်လယ်ပြင်ကြီးကို စိတ်ထဲအရင် မြင်ယောင်မိမှာပါ။ အီဂျစ်က မံမီတွေအကြောင်း၊ ဖာရိုတွေရဲ့ အုတ်ဂူတွေအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေအပြင် စာရွက်ကို အီဂျစ်လူမျိုးတွေက စတင်ဖန်တီးခဲ့တယ်ဆိုတဲ့ အကြောင်းတွေပါ သိရပါတယ်။ ဒါပေမယ့် ရှေးဟောင်းအီဂျစ်တွေနဲ့ ပတ်သက်လို့ လူတွေ သိပ်မသိသေးတဲ့ အချက်လေးတွေလည်း ရှိပါသေးတယ်။ ဥပမာပြောရရင် ဖာရိုတွေဟာ ရုပ်ပုံတွေထဲမှာ မြင်ရတဲ့ လှပကျော့ရှင်းတဲ့ ပုံသဏ္ဍာန်မျိုးတွေ မဟုတ်ကြပါဘူး။ အောက်ဘက်မှာတော့ ထူးဆန်းပြီး လူသိနည်းသေးတဲ့ ရှေးဟောင်းအီဂျစ်တွေရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

အင်းဆက်တွေကို ကြိတ်ချေပြီး နှုတ်ခမ်းနီလုပ်ပါတယ်

brightside

နှုတ်ခမ်းကို ဆိုးဆေးဆိုးထားသလိုမျိုး ဖြစ်စေမယ့် ကာမင်းအက်ဆစ်တစ်မျိုးဟာ အင်းဆက်ပိုးဆက်တွေဆီက ရပါတယ်။ ၄င်းအင်းဆက်တွေကို ဆူအောင်တည်၊ ကြိတ်ချေပြီး နှုတ်ခမ်းဆိုးဆေးဖြစ်အောင် ပြုလုပ်ပါတယ်။ ၄င်းကို မိတ်ကပ်ပါဝင်ပစ္စည်း တစ်မျိုးအနေနဲ့လည်း အသုံးပြုပါတယ်။

ယင်ကောင်တွေရန်က ဝေးအောင် ကျွန်တွေကို အသုံးပြုပါတယ်

brightside

ရှေးခေတ် အီဂျစ်မှာ ယင်ကောင်တော်တော်ပေါပုံရပါတယ်။ အခုခေတ်မှာ ခြင်ယင်တွေရန်က ဝေးအောင် စပရေးအမျိုးမျိုးနဲ့ လိမ်းဆေးဘူးတွေ ရှိနေပေမယ့် King Pepi II လက်ထက်မှာတော့ ဒါမျိုးတွေ မရှိပါဘူး။ ဒါကြောင့် ဖာရိုဘုရင်တွေဟာ ယင်တွေ သူတို့နားမလာနိုင်အောင် ကျွန်တွေရဲ့ ကိုယ်မှာ ပျားရည်လိမ်းပြီး အင်းဆက်ကောင်တွေကို မျှားခေါ်တတ်ပါတယ်။

READ
အဆိုးရွားဆုံး Plastic Surgeryမှားယွင်းခဲ့မှု(၁၀)ခု

သင်္ချိုင်းဂူတွေကို အိမ်လိုသဘောထားပါတယ်

brightside

ရှေးဟောင်းအီဂျစ်လူမျိုးတွေဟာ သေပြီးနောက်ဘ၀ကို အရမ်းအာရုံထားသူတွေပါ။ လူတစ်ယောက်ဟာ သေပြီးရင် နောက်ဘ၀မှာလည်း မသေခင်တုန်းက လူနေမှုစနစ်မျိုးနဲ့ ဆက်လက်နေထိုင်နေတယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် ကျန်ရစ်သူမိသားစုဟာ မံမီရှိရာ အုတ်ဂူထဲ လာရောက်ပြီး မိတ်ကပ်နဲ့ အလှပြင်ပစ္စည်းတွေ၊ အစားအစာတွေ၊ ပန်းကန်အိုးခွက်တွေနဲ့ သူတို့ အနှစ်သက်ဆုံး အိမ်မွေးတိရစ္ဆာန်တွေအပါအ၀င် ကျွန်တွေပါ လာရောက်ထားပေးလေ့ ရှိပါတယ်။

ဖာရိုဘုရင်တွေဟာ အ၀လွန်ကြပါတယ်

brightside

ရှေးဟောင်းအီဂျစ်နိုင်ငံတော်မှာ သူတို့ရေးဆွဲထားတဲ့ ရုပ်ပုံတွေကို ကြည့်လိုက်ရင် တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ကျန်းမာကြံ့ခိုင်တဲ့ လူရုပ်သွင်ပြင်တွေကို တွေ့နိုင်ပါတယ်။ ဒါပေမယ့် ဖာရိုတွေရဲ့ မံမီရုပ်အလောင်းတွေကို အိပ်စ်စရေးဖတ်ကြည့်တဲ့အခါမှာတော့ မံမီတွေဟာ ရုပ်ပုံတွေထဲကနဲ့ မတူပဲ လုံးလုံးကြီး ကွာခြားနေတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ အထူးသဖြင့် ချမ်းသာကြွယ်ဝတဲ့ အီဂျစ်ကြီးတွေနဲ့ ဖာရိုဘုရင်တွေဟာဆိုရင် ၀၀တုတ်တုတ်နဲ့ အ၀လွန်ပြီး မကျန်းမာကြဘူးဆိုတာ တွေ့ရှိခဲ့ပါတယ်။

အမျိုးသားတွေဟာ မိတ်ကပ်သုံးပါတယ်

brightside

ရှေးဟောင်းအီဂျစ်နိုင်ငံတော်မှာ အမျိုးသားရော အမျိုးသမီးပါ မိတ်ကပ်ပစ္စည်းတွေကို အသုံးပြုကြပါတယ်။ မိတ်ကပ်လိမ်းရတဲ့ အကြောင်းရင်းသုံးခုရှိပါတယ်။ ပထမတစ်ခုကတော့ နေရောင်ဒဏ်က ကာကွယ်နိုင်အောင် ဖြစ်ပါတယ်။ ဒုတိယအကြောင်းရင်းက ရာနဲ့ ဟိုးရပ်စ်နတ်ဘုရားတွေဟာ မိတ်ကပ်လိမ်းတဲ့သူတွေအပေါ်မှာ ကြင်နာတယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ တတိယအကြောင်းရင်းကတော့ မိတ်ကပ်မှာ ရောဂါပျောက်ကင်းစေနိုင်တဲ့ အစွမ်းရှိတယ်လို့ ယုံကြည်လို့ ဖြစ်ပါတယ်။ သူတို့သုံးတဲ့ မျက်လုံးလိုင်နာမှာဆိုရင် ခဲဓာတ်ပါဝင်ပြီး ၄င်းခဲဓာတ်ဟာ မျက်မြှေးရောင်နာ၊ မျက်စိနာတာတွေကို သက်သာစေပါတယ်။ ဒါပေမယ့်လည်း ၄င်းခဲဓာတ်နဲ့ မာကျူရီဆာဖိုက်ဒ်ဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုများတယ်ဆိုတာကို သူတို့ မသိခဲ့ကြပါဘူး။

READ
တရားခံကို သူကျူးလွန်ခဲ့တဲ့ ပြစ်မှုအတိုင်း ထူးထူးဆန်းဆန်း အပြစ်ပေးလေ့ရှိတဲ့တရားသူကြီး

ဆယ်ကျော်သက်အရွယ်ရောက်မှ အ၀တ်ဝတ်ကြပါတယ်

brightside

ရှေးအီဂျစ်ကလေးတွေဟာ အ၀တ်အစားနဲ့ ဖိနပ်ကို မ၀တ်ဆင်ကြပါဘူး။ ကလေးတွေရဲ့ ခေါင်းမှာ သန်းတွယ်မှာ စိုးတဲ့အတွက် မိဘတွေက ၄င်းတို့ရဲ့ ဦးခေါင်းကို ရိတ်ပေးပြီး ကျစ်ဆံမြီးသေးသေးလေးတစ်ခုသာ ချန်ထားပေးပါတယ်။ ကလေးတွေကို အ၀တ်ဗလာနဲ့ ခေါင်းတုံးတုံးပေးထားပေမယ့် ခြေကျင်းတွေ၊ လက်ကောက်တွေနဲ့ လည်ပင်းအဆင်တန်ဆာတွေ ဆင်ယင်ပေးလေ့ရှိပါတယ်။

လင်းလင်း (ShweMom)
Ref: brightside
SHARE