ထိပ်တန်းဘောလိဝုဒ်သရုပ်ဆောင်များ ငြင်းပယ်ခဲ့တဲ့ နာမည်ကြီးဟောလိဝုဒ်ဇာတ်ကားများ

ig/Shah Rukh Khan & Deepika Padukone & Priyanka Chopra

ဘောလိဝုဒ်အနုပညာရှင်တွေထဲမှာ ဟောလိဝုဒ်ထိ ထိုးဖောက်ပြီး အောင်မြင်မှုရနေသူတွေ အများကြီးရှိပါတယ်။ Irrfan Khan ၊ Priyanka Chopra ၊ Aishwarya Rai Bachchan အစရှိတဲ့ အနုပညာရှင်တွေကတော့ ဟောလိဝုဒ်မှာ တောက်ပတဲ့ ဘောလိဝုဒ်ကြယ်ပွင့်တွေပါ။ ဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာ ပါဝင်သရုပ်ဆောင်ပေးဖို့ မကြာခဏ ကမ်းလှမ်းခံရပြီး သူတို့တွေ ငြင်းပယ်ခဲ့တဲ့ ဟောလိဝုဒ်ဇာတ်ကားတစ်ချို့ ရှိပါတယ်။ အဲ့ဒါတွေကတော့  …

(1) Shah Rukh Khan

ig/@iamsrk & @funfateinn

Khan ကတော့ အော်စကာဆုဆွတ်ခူးခဲ့တဲ့  ‘Slumdog Millionaire’ ဇာတ်ကားမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ Anil Kapoor ရဲ့ ဇာတ်ကောင်နေရာမှာ သူ့ကို ကမ်းလှမ်းခဲ့တာပါ။ ဒါပေမယ့် Khan က ဒီဇာတ်ကောင်နဲ့ သူနဲ့ မလိုက်ဖူးဆိုပြီး ပါဝင်ဖို့ကို ငြင်းဆိုခဲ့တာပါ။

(2) Deepika Padukone

ig/@deepikapadukone & @mebil_joker

Deepika Padukone ကတော့ ဟောလိဝုဒ်ရုပ်ရှင်လောကကို  ‘XxX: The Return of Xander Cage’.  နဲ့ ၀င်လာခဲ့သူပါ။ သူမကို နာမည်ကျော် ဇာတ်ကား ‘Furious 7’ မှာ ပါဝင်ဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒါပေမယ့် သူမဟာ အဲ့ဒီတုန်းက ‘Happy New Year’ ဇာတ်ကားရိုက်ကူးရေးကိစ္စနဲ့ အလုပ်ရှုပ်နေတဲ့ အတွက် ‘Furious 7’ ကို ငြင်းခဲ့ ပါတယ်။

(3) Aishwarya Rai Bachchan

ig/@aishwaryaraibachchan_arb & negi__movie

Aishwarya Rai Bachchan ကတော့ ဟောလိဝုဒ်ဇာတ်ကားတွေ အများကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ သူမ ကတော့  အော်စကာ ဆန်ခါတင်စာရင်းဝင် ‘Troy’ ဇာတ်ကားမှာ  မင်းသားဘရတ်ပစ်နဲ့တွဲပြီး သရုပ်ဆောင်ရမှာပါ။ ဒါပေမယ့် သူမရဲ့ ဇာတ်ရုပ်က မင်းသားနဲ့ အလွန်ကိုရင်းနှီးပြရမယ့် အခန်းတွေ ပါတာကြောင့် ငြင်းခဲ့ပါတယ်။

(4) Ronit Roy

ig/@ronitboseroy & ET

Ronit Roy ကတော့ ‘Zero Dark Thirty’ ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်ပေးဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့် ငြင်းပယ်ခဲ့ပါတယ်။ အဲ့ဒီအစား ‘Student of the Year’  ကိုပဲ ရိုက်ဖို့ ရွေးချယ်ခဲ့ပါတယ်။

(5) Priyanka Chopra

ig/@priyankachopra & pinterest/ET

TV ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ‘Quantico’ ရဲ့ မင်းသမီးချော Priyanka Chopra ကတော့ ဟောလိဝုဒ်မှာပါ အောင်မြင်နေသူပါ။ သူမကိုတော့ ‘Immortals’ မှာ ပါဝင်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ‘7 Khoon Maaf’ ဇာတ်ကားမှာ ပါဝင်ဖို့ ကတိ ပေးပြီး ဖြစ်တာကြောင့် ‘Immortals’  ကို လက်လွှတ်ခဲ့ရတာပါ။

(6) Hrithik Roshan

ig/@hrithikroshan & pinterest/ET

Hrithik Roshan ကတော့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ရုပ်ရည်နဲ့ Body ကြောင့် နာမည်ကြီးသူပါ။ International face ဆန်တဲ့ ဘောလိဝုဒ်စတားလို့ အသိအမှတ်ပြု ခံထားရသူပါ။ သူကတော့ ‘Pink Panther’ ဇာတ်ကားမှာ ပါဝင်ပေးဖို့ ကမ်းလှမ်းခံရပေမယ့် Hrithik ရဲ့ ဖခင်က သူ့သားကို အဲ့ဒီတုန်းက နိုင်ငံတကာအနုပညာပရောဂျက်တွေနဲ့ စာချုပ်ချုပ် တာမျိုး မလုပ်စေချင်သေးတာရယ်၊ သူကိုယ်တိုင်ကလည်း အရမ်းကြီး စိတ်မ၀င်စားသေးလို့ ငြင်းပယ်ခဲ့ပါတယ်။

(7) Irrfan Khan

ig/@irrfan & pinterest/ET

Irrfan Khan ကိုတော့   ‘Interstellar’ ဇာတ်ကားထဲက Matt Damon အဖြစ် သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်း ခဲ့ပေမယ့် အဲ့ဒီကားရိုက်ဖို့အတွက် အမေရိကန်မှာ လေးလလောက် Camp  ၀င်ဖို့ လိုပါတယ်။ တစ်ဖက်မှာလည်း The Lunchbox’ နဲ့ D-Day’ ဇာတ်ကားတွေ ရှိနေတာကြောင့် နောက်ဆုံးမှာတော့ Irrfan က‘Interstellar’ ကို စွန့်လွှတ် ငြင်းပယ်ခဲ့ပါတယ်။

(8) Akshay Kumar

ig/@therock & akshaykumar

သူငြင်းပယ်ခဲ့တဲ့ ဇာတ်ကားနာမည်ကိုတော့ မသိရပေမယ့် မင်းသား Dwayne Johnson နဲ့ အတူ လက်တွဲသရုပ်ဆော်ရမယ့် ဇာတ်ကားလို့ ဆိုပါတယ်။ ဟောလိဝုဒ်ရဲ့ ကမ်းလှမ်းမှုတွေကို ကျေနပ်ပျော်ရွှင်မိကြောင်း၊ လက်ရှိ ဘောလိဝုဒ်မှာလည်း သူ့ရဲ့ အနုပညာတင်ဆက်မှုတွေကို အားပေးတဲ့ ပရိသတ်တွေ ရှိထားကြောင်း၊ ဟောလိဝုဒ်ကတော့ သူနဲ့ မသင့်တော်၊ အဆင်မပြေလောက်ဘူးထင်လို့ ငြင်းရတာလို့ ပြောခဲ့ပါတယ်။

READ
မိဘနှစ်ပါး အချင်းချင်းနမ်းတဲ့အခါတိုင်း ငိုတတ်တဲ့ ချစ်စဖွယ်သမီးလေး

from india times

SHARE