စီးကရက်သောက်ခြင်းထက် ကျန်းမာရေးကို ပိုမိုထိခိုက်စေမယ့် အစားအသောက်များ

Vaya/Unsplash

စီးကရက်သောက်ခြင်းက ကျန်းမာရေးအတွက် အလွန်အမင်းဆိုးရွားစေတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ စီးကရက်သောက်ခြင်းဟာ အဆုတ်ကင်ဆာနဲ့ လည်ချောင်းကင်ဆာတို့ကိုဖြစ်နိုင်စေပြီး စီးကရက် သောက်သုံးသူသာမက စီးကရက်အငွေ့ကို ရှုရှိုက်မိသူတွေအတွက်လည်း ရောဂါများဖြစ်စေနိုင်ပါတယ်။

ဒါပေမယ့်လို့ စီးကရက်သောက်ခြင်းထက် ပိုဆိုးတဲ့ အစားအစာတွေလည်းရှိပါသေးတယ်။ သိပ္ပံပညာရှင်များက လူတွေ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းများကို ခွဲထုတ်ကြည့်တဲ့အခါမှာ မူမမှန်တဲ့ အစားအသောက်များစွာကို တွေ့ရှိရပါတယ်။ အဲဒီအစားအစာတွေဟာ ရုပ်ပုံလှလှတွေ၊ လူကြိုက်မယ့် ပုံမှန်ထက်လွန်ကဲတဲ့ အရသာတွေကို ထည့်သွင်းပြီး စီရင်ထုတ်လုပ်ထားကြပါတယ်။

စီးကရက်မသောက်ပေမယ့်လို့ စီးကရက်သောက်တာထက်ပိုဆိုးတဲ့ နေ့စဉ်မြင်တွေ့နေကျ အစားအစာများကို ဖော်ပြလိုက်ပါရစေ။

(၁) အချိုရည်ဘူးများ

အချိုရည်ဘူးတွေဟာ ကျနော်တို့ လက်လှမ်းမီတဲ့ နေရာမှာ ပုံစံမျိုးစုံ၊ တံဆိပ်မျိုးစုံနဲ့ ရောင်းချလျက်ရှိကြပါတယ်။ အချိုရည်အများစုကတော့ လိမ္မော်သီးအချိုရည်၊ ပန်းသီးအချိုရည်၊ လိုင်ချီးသီးအချိုရည် စသဖြင့် အသီးအနှံပေါင်းစုံရဲ့ အရသာနဲ့ ထုတ်လုပ်ထားတဲ့ အချိုရည်များပါပဲ။ ဟုတ်ပါတယ်။ အသီးအနှံများကို စားသုံးခြင်းကကျန်းမာရေးအတွက် အလွန်အထောက်အကူဖြစ်စေပါတယ်။ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဓာတ်သတ္ထုများစွာကိုလည်း ဖြည့်စွမ်းနိုင်ပါတယ်။ ဒါပေမယ့်လို့ အဆိုပါအသီးအနှံ့များကို အချိုရည်အဖြစ် ထုတ်လုပ်လိုက်တဲ့အခါမှာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့  မူလပါတဲ့ ဓာတ်သတ္ထုများ ဆုံးရှုံးသွားစေပါတယ်။ ဒါ့အပြင် အရသာရှိစေဖို့အတွက်ထည့်သွင်းထားတဲ့ သကြားတွေဟာ ကျန်းမာရေးကို အလွန်အမင်းထိခိုက်စေနိုင်ပါတယ်။

ဒါ့ကြောင့် ထုတ်လုပ်ထားတဲ့ အသီးအချိုရည်များကို သောက်သုံးမယ့် အစား တကယ့် အသီးအနှံစစ်စစ်ကိုသာ စားသုံးဖို့ ပညာရှင်များက အကြံပေးထားကြပါတယ်။ ဒီလိုစားသုံးခြင်းအားဖြင့် လုံလောက်တဲ့ အာဟာရဓာတ်များကိုလည်း ရရှိစေရုံတင် သာမက ဘေးထွက်ဆိုးကျိုးများရဲ့ ဒဏ်ကနေလည်း ကင်းဝေးစေမှာပါ။

Pexels/Honeycomber_
(၂) ဆူရှီ

ဆူရှီဟာ သဘာဝအတိုင်း ဘာမှမထည့်ဘဲ ဒီအတိုင်းဆို အန္တရာယ်မဖြစ်စေပါဘူး။ ဒါပေမယ့် ဆူရှီရဲ့ အရသာကို ပိုမိုကောင်းမွန်အောင်လို့ ထပ်ပြီး ထည့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ တခြားအမယ်မျိုးစုံဟာ ကျန်းမာရေးအတွက် ဆိုးရွားစေတဲ့ အရာတွေပဲဖြစ်ပါတယ်။ အဲဒီလို ဆူရှီကို အရသာပိုရှိစေဖို့ ထပ်ထည့်တဲ့ အရာတွေထဲမှာ မနောနိ၊ ခရမ်စ်ချိစ့်တွေ၊ ဝက်အူချောင်းတွေဟာ ကိုယ်ခန္ဓာအတွက် ကယ်လိုရီဓာတ်ကို ပိုများပြားလာစေမှာပဲဖြစ်ပါတယ်။

(၃) မွေးမြူရေး ပင်လယ်ငါးများ

ပင်လယ်ငါးလို့ ဆိုလိုက်တာနဲ့ ပင်လယ်ထဲကနေ တိုက်ရိုက်လာပြီး ဈေးကွက်ထဲကို ရောင်းချတဲ့ ငါးတွေလို့ ထင်မိလိုက်ရင် မှားနိုင်ချေရှိပါတယ်။ တချို့ ပင်လယ်ငါးတွေဟာ မွေးမြူရေးလုပ်ငန်းတွေမှာ မွေးမြူပြီးမှ ဈေးကွက်အတွင်းရောက်ရှိလာတာပဲဖြစ်ပါတယ်။ ပင်လယ်ငါးတွေဟာ နှလုံးရောဂါနဲ့ နှလုံးအတွက် ကောင်းမွန်စေတဲ့ Omega-3 အက်စစ်ပေါကြွယ်ဝတဲ့ ငါးတွေပဲဖြစ်ပါတယ်။ ဒါပေမယ့်လို့ သူတို့ဟာ မွေးမြူရေးကန်တွေထဲမှာ ကြီးပြင်းလာတာဖြစ်တဲ့အတွက် လုံလောက်တဲ့အစားအစာနဲ့ သဘာဝအတိုင်းမဖြစ်နိုင်တော့ပါဘူး။ ပိုဆိုးတာက တစ်ခုက အဆိုပါ ပင်လယ်ငါးတွေမှာ အရွယ်အစားကြီးမားလာစေဖို့အတွက် မွေးမြူသူတွေ ကျွေးထားတဲ့ ဓာတုဆေးတွေလည်း ပါဝင်လာတတ်ပါတယ်။

Unsplash/iHN
(၄)Granola bars

Granola barsတွေဟာ ဈေးကွက်ထဲမှာ လူကြိုက်အများဆုံး စားစရာတစ်ခုထဲက တစ်ခုပါ။ အချိုကြိုက်သူတွေအတွက်လည်း Granola bars ဟာ အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လို့ တချို့ Granola bars များဟာ မူလရှိတဲ့ အရသာထက် ပိုပြီး ချိုအောင်လို့ သကြားတော်တော်များများကို ထည့်သွင်းထားပါတယ်။လေ့လာချက်တွေ အရတော့ နာမည်ကြီး လူကြိုက်များတဲ့ Granola bars တော်တော်များများမှာ သကြား ၁၅ ဂရမ်ကနေ ဂရမ် ၃၀ အထိ ပါဝင်တယ်လို့ ဆိုပါတယ်။ တစ်ဖက်ကနေ ကြည့်ရင် ဒီလို အဆာပြေမုန့်တွေဟာ ဗိုက်ဆာနေချိန်မှာ ချက်ချင်းစားဖို့ လွယ်ကူပေနေပါတယ်။ တကယ့်ကို ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ Granola bars ဟာ ဖိုက်ဘာ ၃ ဂရမ်၊ ပရိုတိန်း ၅ ဂရမ်နဲ့ သကြား ၁၀ဂရမ်အောက်မှာပဲရှိပါတယ်။

(၅) Junk Food

Junk Food တွေဟာ ကျန်းမာရေးကို အလွန်အမင်းထိခိုက်စေတဲ့ အစားအစာတွေဖြစ်တယ်ဆိုတာ လူတိုင်း သိကြမှာပဲဖြစ်ပါတယ်။ Junk Food တွေဟာ လူတွေရဲ့ လက်တစ်ကမ်းအကွာမှာတင်ရှိနေတတ်ပါတယ်။ အထူးသဖြင့် ကလးငယ်တွေရဲ့ အကြိုက် အရသာမျိုးစုံ၊ ပုံစံမျိုးစုံဖြင့်လည်း ကျောင်းဈေးတန်းတွေမှာ အလွယ်တကူမြင်တွေ့နိုင်မှာပါ။ လမ်းပေါ်မှာ၊ ဘတ်စ်မှတ်တိုင်မှာ၊ လမ်းထိပ်က ကုန်စုံဆိုင်တွေမှာ Junk Food တွေကို အခကြေးငွေ နည်းနည်းနဲ့ ဝယ်ယူလို့ရနိုင်ပါတယ်။ ဓာတုဆိုးဆေးတွေ၊ ပြုပြင်ထားတဲ့ အရသာနဲ့ ကြည့်ကောင်းအောင် လုပ်ယူထားတဲ့ အပြင်အဆင်တွေနဲ့ အတူ Junk Food တွေဟာ လူတွေရဲ့ ကျန်းမာရေးကို ဆိုးရွားအောင် လုပ်စေမှာပါပဲ။Junk Food များကို စားသုံးခြင်းအားဖြင့် ကင်ဆာ လွယ်လွယ်ကူကူ ဖြစ်လာနိုင်ခြေရှိပြီး တခြား ဆိုးရွားလှတဲ့ ရောဂါပေါင်းစုံလည်း ရရှိလာစေတတ်တယ်လို့ ကျန်းမာရေးအသင်းအဖွဲ့များရဲ့ လေ့လာချက်များ အရ သိရှိရပါတယ်။

Ye Yint Kyaw

SHARE