အာဟာရပညာရှင်တွေအဆိုအရ ကိုဗစ်ကူးစက်မှုကို လျှော့ချပေးနိုင်တဲ့ အစားအစာများ

instagram/sauer_macht_gluecklich instagram/cabountiful

ကိုဗစ်ကပ်ရောဂါဟာ တစ်ကမ္ဘာလုံးကိုခြိမ်းခြောက်နေတုန်းပါပဲ။ ဒါပေမဲ့ ဘယ်လိုရောဂါမျိုးပဲဖြစ်ဖြစ် ကိုယ်တိုင်က ခုခံအားစနစ်ကိုကောင်းမွန်အောင်လုပ်ထားတဲ့အခါ မကောင်းတဲ့ဗိုင်းရပ်စ်တွေဟာ ခန္ဓာကိုယ်ထဲ အလွယ်တကူမဝင်ရောက်နိုင်တော့ပါဘူး။ အခုအခါမှာတော့ eatthis သတင်းစာမျက်နှာကတဆင့် ကိုဗစ်ဖြစ်ပွားနိုင်ခြေကို အများကြီးလျှော့ချပေးနိုင်စွမ်းရှိတဲ့ အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

View this post on Instagram

 

A post shared by California Bountiful (@cabountiful)

မှိုများ

မှိုတွေဟာ ကိုယ်ခံအားစနစ်ကိုကောင်းမွန်အောင်လုပ်ဆောင်တဲ့နေရာမှာ နာမည်ကြီးပါတယ်။ မကြာသေးခင်ကလည်း မှိုတွေမှာ ကိုဗစ်ဗိုင်းရပ်စ်ကိုခုခံကာကွယ်နိုင်စွမ်းရှိတယ်ဆိုပြီး သိပ္ပံလေ့လာမှုတစ်ခုက ဆိုပါတယ်။ မှိုတွေဟာ ခန္ဓာကိုယ်ထဲမှာ ကိုယ်ခံအားစနစ်ရဲ့ T-cells အရေအတွက်ကို တိုးပွားစေသလို ၄င်းတို့ဟာ ဗီတာမင်ဒီဓာတ်ရနိုင်တဲ့ တစ်ခုတည်းသော သဘာဝအစားအသောက်ရင်းမြစ်လည်း ဖြစ်ပါတယ်။ ဥပမာ ရှီတာကီမှိုတွေဟာလည်းဆိုရင်လည်း ကိုယ်ခံအားစနစ်ရဲ့အရေးကြီးဆုံးသတ္တုတစ်မျိုးဖြစ်တဲ့ ဇင့်ဓာတ်တွေပေါကြွယ်ဝတဲ့ အစားအသောက်ဖြစ်ပါတယ်။

ငရုတ်ပွနီ

ခန္ဓာကိုယ်ထဲက free radicals (ဓာတ်တိုးပစ္စည်း) တွေကို ရင်ဆိုင်တိုက်ခိုက်ရာမှာ ဗီတာမင်စီဟာ လိုအပ်တဲ့ antioxidant ဖြစ်ပါတယ်။ တကယ်လို့ အစားအသောက်တွေထဲကနေ ဗီတာမင်စီများများလိုချင်ရင် ငရုတ်ပွသီးအနီတွေကို ပါးပါးလှီးပြီး ပြင်ဆင်စားသောက်နိုင်ပါတယ်။ လူအများစုကတော့ ဗီတာမင်စီဆိုရင် သံပရိုသီး သံပရာသီးလိုမျိုးသာ တွေးမိကြပေမယ့် ငရုတ်ပွနီတွေမှာတော့ ၄င်းတို့ထက်ပိုပြီး ဗီတာမင်စီ ကြွယ်ဝစွာပါဝင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ အဖိုးတန်အိမ်တွင်းဆေးဝါးတစ်လက်အဖြစ်ရှိနေတာ အတော်လေးကြာနေပါပြီ။ သူ့ကိုလည်း ကိုယ်ခံအားစနစ်မြင့်တက်အောင် အထောက်အကူပေးတဲ့ ဆေးဝါးကောင်းတစ်လက်အဖြစ် ပညာရှင်တွေအသိအမှတ်ပြုထားပါတယ်။ ကြက်သွန်ဖြူမှာပါတဲ့ allicin ဓာတ်ပေါင်းက မကောင်းတဲ့ဘက်တီးရီးယားတွေကို သုတ်သင်ရုံတင်မကပဲ ရောင်ရမ်းတာတွေကိုပါ သက်သာစေနိုင်တဲ့အစွမ်းရှိပါတယ်။

READ
အလုပ်ကိုလမ်းလျှောက်သွားခြင်းဟာ သင့်ကိုအသက်ပိုရှည်စေတာ သင်သိပြီးပြီလား။

ပန်းစိမ်း

ပန်းစိမ်းတော့ စူပါအစားအသောက်စာရင်းဝင်ပါတယ်။ ပန်းစိမ်းမှာ ဗီတာမင် အေ၊ စီ၊ အီးတို့ပါဝင်တဲ့အတွက် ကိုယ်ခံအားစနစ်ကို ကောင်းကောင်းအကျိုးပြုပါတယ်။ ဗီတာမင်အေဟာ အသက်ရှူလမ်းကြောင်းအတွင်းမျက်နှာပြင်နဲ့ ကိုယ်တွင်းထဲက တစ်ရှူးတွေကိုပါ ကျန်းမာစေပါတယ်။ ပန်းစိမ်းတွေဟာ ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်မှာတော့ ပရိုတိန်း၊ ဗီတာမင်ဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ဒိန်ချဉ်မှာ ပါဝင်တဲ့ အဓိက အထူးခြားဆုံးရင်းမြစ်ကတော့ probiotics လို့ခေါ်တဲ့ အကျိုးပြုပိုးတွေပဲဖြစ်ပါတယ်။ Probiotics တွေဟာ ခုခံအားစနစ်မှာအဓိကကျတဲ့ အူထဲက microbiome အဏုဇီဝရုပ်အစုအဝေးတွေကို ကူညီအားဖြည့်ပေးပါတယ်။ ဒိန်ချဉ်တွေထဲမှာ ဂရိဒိန်ချဉ်တွေဟာ အခြားဒိန်ချဉ်အမျိုးအစားတွေထက် ပရိုတိန်းဓာတ်ပိုမိုကြွယ်ဝစွာပါဝင်တယ်လို့ သိရပါတယ်။

 

View this post on Instagram

 

A post shared by Go Ferment! (@goferment)

ဂေါ်ဖီချဉ်

ဒိန်ချဉ်လိုပဲ အူထဲက microbiome အဏုဇီဝရုပ်တွေကို အားဖြည့်ပေးတဲ့ အစားအစာတစ်မျိုးကတော့ ဂေါ်ဖီချဉ်ဖြစ်ပါတယ်။ အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေမှာ အူအတွက်ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေအများကြီးပါဝင်ပါတယ်။ အချဉ်ဖောက်ခြင်းကြောင့် ဂေါ်ဖီထုပ်ထဲမှာပါဝင်တဲ့ antioxidant ပစ္စည်းတွေကို ပိုအစွမ်းထက်စေနိုင်ပါတယ်။ ဒါကြောင့် စာဖတ်သူတွေအနေနဲ့လည်း mask တပ်၊ လက်ဆေး၊ social distancing ကို အဓိကလိုက်နာပြီး ကိုဗစ်တွန်းလှန်ရာမှာ များစွာအကျိုးပြုတဲ့ အစားအသောက်တွေကို ဦးစားပေးစားသုံးနိုင်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

READ
ဦးနှောက်ကို ဆယ်နှစ်စာနုပျိုစေဖို့နည်းလမ်း

ShweMom

SHARE