လူတစ်ကိုယ်စာ ဝင်ထိုင်နိုင်ရုံမက ကြီးမားလွန်းတဲ့ တိုင်ပေမြို့က ဧရာမကြာဗန်းကြီးများ

ထိုင်ဝမ်မြို့တော် တိုင်ပေမှာ ကမ္ဘာလှည့်ခရီးသွား အများအပြားဟာ ရွှမ်ဇီဥယျာဉ်ဆီကို သွားရောက်လည်ပတ်ကြလေ့ရှိပါတယ်။ ရွှမ်ဇီဥယျာဉ်ကို ဧည့်သည်တွေ အသွားများရတဲ့အကြောင်းက ဗစ်တိုးရီးယား ကြာရွက်ကြီးတွေကြောင့် ဖြစ်ပါတယ်။ ကန်ရေထဲမှာ ပွင့်နေတဲ့ ကြာပန်းတွေနဲ့အတူ ကြီးမားလှတဲ့ ကြာရွက်ဗန်းကြီးတွေပေါ်မှာ ထိုင်ပြီး ဓာတ်ပုံရိုက်ရတာကို ဥယျာဉ်လာဧည့်သည်တွေက အထူးနှစ်သက်ကြပါတယ်။

SHILIN RESIDENCE PARK

ကြာရွက်ကြီးတွေဟာ အလေးချိန် (၆၅)ကီလိုဂရမ်အထိ လက်ခံနိုင်ပါတယ်။ အကောင်သေးတဲ့ လူကြီးတွေနဲ့ ကလေးတွေဟာ ကြာရွက်ပေါ်ကို တက်ပြီး ပို့စ်အမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်နိုင်ကြပါတယ်။ ကြာရွက်ကြီးပေါ်မှာ ဓာတ်ပုံရိုက်ချင်တဲ့သူတွေများတာကြောင့် ကြာရွက်တွေ ပျက်စီးမှာစိုးတဲ့အတွက် ကြာရွက်ပေါ်မှာတော့ ပလတ်စတစ်အခင်းတစ်ခုကို ဖြန့်ခင်းထားပြီး ဓာတ်ပုံရိုက်ဖို့ စက္ကန့်(၆၀) အချိန်ပေးထားပါတယ်။

SHILIN RESIDENCE PARK

ယင်းဧရာမကြာဗန်းကြီးတွေဟာ  တောင်အမေရိက အပူပိုင်းဒေသတွေဆီကနေ မျိုးရခဲ့တာဖြစ်ပါတယ်။ ကြာရွက်ကြီးတွေကို ထိုင်ဝမ်မှာ စတင်စိုက်ပျိုးရာကနေ အခုဆိုရင် တိုင်နန်နဲ့ တောင်ရွမ်မှာပါ စိုက်ပျိုးနေပြီဖြစ်ပါတယ်။ အမြင်တင့်တယ်ပြီး လူတွေကို ဆွဲဆောင်နိုင်တဲ့ ယင်းကြာရွက်ကြီးတွေဟာ တကယ်တမ်းမှာတော့ စိုက်ပျိုးဖို့ ခက်ခဲပါတယ်။ ပိုးမွှားအန္တရာယ်တွေနဲ့ တွေ့တဲ့အခါ၊ အပူချိန်အရမ်းပြင်းတဲ့အခါတွေမှာတော့ ကြာရွက်တွေဟာ ဆက်လက် မကြီးထွားနိုင်ဘဲ ညှိုးခြောက်ကုန်လေ့ရှိပါတယ်။

READ
ကမ္ဘာတစ်လွှားကစိတ်ဝင်စားစရာကောင်းတဲ့ ထူးထူးဆန်းဆန်းပြတိုက်များ
SHILIN RESIDENCE PARK

ဥယျာဉ်ထဲက တာဝန်ရှိသူတစ်ဦးကတော့ “လတ်တလောမှာ ဗစ်တိုးရီးယားကြာဗန်းကြီးတွေကို ထိန်းသိမ်းရတာ တော်တော်မလွယ်ပါဘူး။ ဥယျာဉ်ထဲမှာက ခရု၊ ပက်ကျိတွေလည်း ရှိတယ်။ ပိုးကောင်တွေလည်း ရှိလို့ ကြာဗန်းကြီးတွေကို ပိုးဖောက်မှာ စိုးရိမ်နေရတယ်။ ဒါကြောင့် ကျွန်တော်တို့က ကြာဗန်းတွေကို ပိုးမတက်နိုင်အောင် ထိန်းသိမ်းရပါတယ်။ မဟုတ်ရင် ကြာရွက်တွေက အရွယ်ခပ်သေးသေးမှာပဲ သေသွားကြတယ်” လို့ပြောပြခဲ့ပါတယ်။ ကြာဗန်းကြီးတွေပေါ် ထိုင်ပြီး ဓာတ်ပုံရိုက်ခဲ့ကြတဲ့လူတွေကတော့ ကြာရွက်ကြီးတွေပေါ်မှာ ထိုင်နေရတာ လှေတစ်စီးပေါ်မှာ ထိုင်နေရသလိုပါပဲလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

လင်းလင်း (ShweMom)

Ref: Metro

SHARE