တန်ဖိုးကြီးကားတွေကို အတုလုပ်ရောင်းတဲ့သားအဖ ဘရာဇီးလ်မှာ ဖမ်းဆီးခံရ

Itajaí Civial Police

Lamborghini, Ferrari တို့လို နာမည်ကြိးဇိမ်ခံကားတွေကို အတုလုပ်ရောင်းတဲ့ စက်ရုံကို ပြီးခဲ့တဲ့ ဇူလိုင်လ (၁၅)ရက်နေ့မှ ဘရာဇီးလ်ရဲတပ်ဖွဲ့က ၀င်ရောက်စီးနှင်းခဲ့တယ်လို့ Time မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဘရာဇီးလ်နိုင်ငံ တောင်ပိုင်းက ဆန်တာကာတာရီနာဒေသ Itajaí မြို့မှာရှိတဲ့ အဲဒီစက်ရုံကိုဝင်ရောက်စီးနှင်းခဲ့ချိန်မှာ စက်ရုံထဲမှာ တပ်ဆင်နေဆဲ ကား (၈)စီးကိုလည်း သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။ ဒီစက်ရုံကို သားအဖ (၂)ဦးက ပိုင်ဆိုင်တာ ဖြစ်ပြီး စက်ရုံထုတ် ကားအတုတွေကို social media ကတဆင့် ရောင်းချတယ်လို့ သိရပါတယ်။

Itajaí Civial Police

စက်ရုံလည်ပတ်နေတဲ့တာ (၂)နှစ်နီးပါးရှိနေပြီဖြစ်ပြီး ဝယ်ယူလိုသူတွေဟာ Social Media ကတဆင့် စက်ရုံမှာပြုလုပ် ပေးနိုင်တဲ့ ကားအမျိုးအစား (၈)မျိုးထဲကမှာယူနိုင်ပြီး မိမိကြိုက်နှစ်သက်တဲ့ အရောင်ကိုလည်း ရွေးချယ်နိုင်ပါတယ်။ ဝယ်သူက ရွေးချယ်ပြီးမှ စတင်တပ်ဆင်တဲ့ ကားတွေကို ပေါင် (၄၅,၀၀၀) နဲ့ (၆၀,၀၀၀) ကြား ပမာဏနဲ့ရောင်းချတာပါ။

ဒါဟာ တကယ်တော့ Lamborghini Ferrari ကားအစစ်တွေရဲ့ တန်ဖိုးထက် အလွန်နည်းတဲ့ပမာဏပါ။ စက်ရုံမှာ တပ်ဆင်ပေးတဲ့ Lamborghini Huracan အစစ်ဟာ အသစ်ဆိုရင် ပေါင် (၁၅၅,၀၀၀) တန်ဖိုးရှိပြီး၊ Ferrari F430 ဟာလည်း ပေါင် (၁၂၀,၀၀၀) တန်ဖိုးရှိတယ်လို့ သိရပါတယ်။

Itajaí Civial Police
Itajaí Civial Police

တန်ဖိုးကြီးဇိမ်ခံကားတွေကို အတုပြုလုပ်ရောင်းချတဲ့ သားအဖကတော့ လောလောဆယ်မှာ ထောင်ဒဏ် (၃)နှစ်ချ မှတ်ခံရဖို့ ရှိနေပြီး သက်ဆိုင်ရာကုမဏီတွေက တရားစွဲရင်လည်း ဆက်လက်ရင်ဆိုင်ရဖို့ရှိနေပါတယ်။

KYM

SHARE