တတ်သည့်ပညာ မနေသာဆိုသလို နွားတွေကို ဆက်ဆိုဖုန်းမှုတ်ပြီး ဖျော်ဖြေပေးနေတဲ့ အမျိုးသား

Rick Herrmann/Twitter

အမေရိကန်နိုင်ငံ၊ Lafayette, Oregon မှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်ကတော့ သူ တတ်တဲ့ပညာ မနေသာဆိုသလိုပဲ၊ နွားတွေအတွက် ဆက်ဆိုဖုန်းမှုတ်ပြပြီး ဖျော်ဖြေလေ့ရှိသူပါ။ သူ့အမည်ကတော့  Rick Herrmann ဖြစ်ပြီး၊ သူဟာ ညနေပိုင်းဆို အဲဒီလို အမြဲလုပ်လေ့ရှိပါတယ်။

Rick ဟာ ဆက်ဆိုဖုန်းလေမှုတ်တူရိယာ သင်တန်းကို (၇)လလောက်အထိ စိတ်ပါလက်ပါ တက်ရောက်ခဲ့တာဖြစ်ပြီး၊ တစ်နှစ်လောက်ကြာတဲ့အခါမှာတော့ ဂီတရည်ပြည့်ဝလာခဲ့ပြီလို့ ဆိုရမှာပါ။ သူက သင်တန်းနဲ့ပတ်သက်ပြီး “ တစ်ရက်တည်းနဲ့ ကျွန်တော်က သဘောကျသွားတာ ”လို့ ပြောပါတယ်။

ဆက်လက်ပြီး “နောက်တော့ ကျွန်တော် တစ်ခု ဝယ်လိုက်တယ် … (၇)လကြာတော့ နည်းနည်း ဆရာကျလာပြီ … ”လို့ ပြောပါတယ်။ ဆက်ဆိုဖုန်းတဂီဂီနဲ့ အိမ်မှာ ခဏခဏ လေ့ကျင့်တာကို ဇနီးက နားမခံနိုင်လို့လားမသိ၊ Rick ကို အကြံတစ်ခုပေးပါတယ်။

 

သူရဲ့ ဆက်ဆိုဖုန်းပညာကို ကွင်းပြင်ထဲမှာ ကျက်စားနေတဲ့ နွားတွေသိသွာေးအာင် ကြိုးစားသင့်တယ်လို့ အကြံပေးလိုက်တာပါ။ အဲဒါနဲ့ Rick ဟာ ညနေရောက်ပြီဆိုရင် သူရဲ့ ဆက်ဆိုဖုန်းလေး အသာယူသွားပြီး၊ နွားကောင်ရေ ရာနဲ့ချီကို ဖျော်ဖြေမှုတွေ စတင်ပါတော့တယ်။

READ
နှစ်ခါပြန်ကြည့်တော့မှ နားလည်သွားမယ့် ဓာတ်ပုံများ

သူ မှုတ်တဲ့ပင်တိုင် အမာခံသီချင်းတွေကတော့ Isn’t She Lovely သီချင်းနဲ့ Careless Whisper ဖြစ်ပါတယ်။ Careless Whisper သီချင်းကတော့ ဆက်ဆိုဖုန်းသင်သူတိုင်း မဖြစ်မနေ တက်ရတဲ့ ပထမဆုံး သီချင်းပါတဲ့။ တစ်ခါတလေ Tequila သီချင်းလေးကိုလည်း ခပ်သော့သော့လေး မှုတ်ပါတယ်တဲ့။

 

တကယ်လည်း သူ သီချင်းကိုစမှုတ်တာနဲ့ တကယ့်အမာခံပရိသတ်တွေ သူ့အနီးအနားကို မျက်လုံးလေးတွေ ကြောင်စီစီနဲ့ စုစည်းလာတာကိုလည်း အားရဖွယ်မြင်တွေ့ရပါတယ်။ တစ်ချို့နေ့တွေဆို အိမ်နီးနားချင်းတွေကပါ choru အပိုဒ်တွေ ဝင်ဝင်ပြီး အော်ကြပါသေးသတဲ့။

READ
2016၏ အစအနောက်ကြမ်းလွန်းသူများ

လင်းဇော်ကို (Shwemom)

SHARE