စစ်မှုထမ်းပြီး လူသားတွေကို ကာကွယ်ပေးခဲ့တဲ့ သူရဲကောင်း စစ်ခွေးလေးများ

Facebook/MetairieSmallAnimalHospital

ကမ္ဘာလုံးဆိုင်ရာအကျိုးစီးပွားကိုကာကွယ်ဖို့အတွက် စစ်တပ်ကလုပ်ဆောင်လျက်ရှိပါတယ်။ ဒီိလိုလုပ်ဆောင်တဲ့ နေရာမှာ စစ်တပ်တစ်ခုတည်းတင်မဟုတ်ပဲ သူတို့ကိုကူညီပေးနေတဲ့ သူရဲကောင်းစစ်ခွေးလေးတွေလည်းရှိပါတယ်။

ဆီးရီးယားအနောက်မြောက်ဘက်ရှိ စစ်သွေးကြွခေါင်းဆောင် Abu Bakr al-Baghdadi ကိုဝင်ရောက်စီးနင်းဖမ်းဆီး ရာမှာ ပါဝင်ခဲ့တဲ့စစ်ခွေးလေး Conan ကိုလည်း အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဒီခွေးလေးဟာ စစ်တပ်ကိုကူညီနေတဲ့ပထမဆုံးခွေးတစ်ကောင်တော့မဟုတ်ပါဘူး။သူ့လိုပဲ စစ်တပ်ကို ကူညီ ပေးနေတဲ့ သူရဲကောင်းစစ်ခွေးလေးတွေလည်းရှိပါသေးတယ်။

ပထမကမ္ဘာစစ်ကတည်းက အမေရိကန်စစ်တပ်ဌာ နခွဲတွေအတွက်အလုပ်လုပ်ပေးဖို့ ခွေးတွေကို ဗုံးရှာတာတွေ၊ လျှို့ဝှက်စာသယ်ဆောင်တဲ့နေရာတွေနဲ့အစောင့်တပ်နေရာတွေမှာထားဖို့ သေချာလေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။

လေ့ကျင့်ပေးထားတဲ့ခွေးတွေဟာ စစ်တပ်၊ရေတပ်၊ Marine Corps နဲ့ လေတပ်တွေမှာ အလုပ်,လုပ်ဖို့ ကမ္ဘာအနှံ့သွားခြဲ့ ပီး တာဝန်ထမ်းဆောင် ရပါတယ်။ ခွေးတွေရဲ့ နဂိုဗီဇစွမ်းရည်အတိုင်းလေ့ကျင့်ပေးခဲ့တဲ့အတွက် လေ့ကျင့်ရေးမှာအခက်အ ခဲမရှိပဲ စစ်တပ်ကိုကာကွယ်နိုင်တဲ့ စစ်တပ်နဲ့အတူအလုပ်လုပ်နိုင်တဲ့ စစ်ခွေးလေးတွေဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

နှစ်ပေါင်းအတော်ကြာ အမေရိကန်စစ်တပ်ကို ကူညီမှုတွေပေးခဲ့တဲ့ သူရဲကောင်းခွေးလေးတွေကို စာဖတ်သူတွေသိစေဖို့ဖော်ပြပေးလိုက်ပါတယ်နော်။

ပထမကမ္ဘာစစ်တုန်းက အမေရိကန်စစ်တပ်ရဲ့ကျော်ကြားတဲ့လာဘ်ကောင်လေး Stubby
Purple Heart Foundation

Stubby ဟာ ကျော်ကြားတဲ့ခွေးတစ်ကောင်ဖြစ်ပါတယ်။ Stubby ဟာ (၁၉၁၇)ခုနှစ် လေ့ကျင့်ရေးကွင်းရဲ့ Private First Class မှ Robert Conroy ရဲ့ခွေးလည်းဖြစ်ပါတယ်။ (၁၀၂)ကြိမ်မြောက် ခြေလျင်ခရီးစဉ်ရဲ့လာဘ်ကော င်လေးဖြစ်တဲ့ Stubby ဟာ ပထမကမ္ဘာစစ်ရဲ့ရှေ့တန်းစစ်မျက် နှာအဆုံးသတ်သွားတဲ့ခွေးလည်းဖြစ်ပါတယ်။

Stubby ဟာ တိုက်ပွဲပေါင်း(၁၇)ပွဲမှာပါဝင်ခဲ့သလို စစ်သားတွေအတွက် ဓာတ်ငွေ့သဲလွန်စတွေကိုလည်းရှာဖွေပေး ခဲ့ပါတယ်။ဒါ့အပြင် ဂျာမန်ကနေအင်္ဂလိပ်ဝှက်စာကိုရှာဖွေပေးခဲ့တဲ့ခွေးလေးတစ်ကောင်လည်းဖြစ်ပါတယ်။Stubby ဟာ ချီတက်ပွဲတွေမှာလည်းပါဝင်ခဲ့ပြီး သမ္မတ(၃)ဦးနဲ့တွေ့ဆုံကာ ဒါဇင်နဲ့ချီတဲ့ဆုတွေကိုလည်းရရှိခဲ့ပါတယ်။

Stubby ဟာ (၁၉၂၆)ခုနှစ်မှာသေဆုံးခဲ့တာဖြစ်ပြီး သူဝတ်ဆင်ခဲ့တဲ့ကုတ်အင်္ကျီကို Smithsonian’s National Museum of American History သဘာဝသမိုင်းပြတိုက်မှာ အများပြည်သူလေ့လာနိုင်ဖို့ ထားရှိထားတယ်လို့ The Military Times သတင်းစာကဖော်ပြခဲ့ပါတယ်။

ပထမကမ္ဘာစစ်တုန်းအတွင်း ဥရောပရှိစစ်တပ်အတွက် လျှို့ဝှက်စာတွေသယ်ဆောင်ပေးခဲ့တဲ့ ခွေးလေး Rags
US Army Signal Corps

(၁၉၁၈)ခုနှစ်က အမေရိကန်စစ်တပ်ရဲ့အရာရှိတစ်ဦးဖြစ်တဲ့ James Donovan ရဲ့မိတ်ဆွေဖြစ်တဲ့ခွေးလေး Rags ဟာ ပထမကမ္ဘာစစ်အတွင်း စစ်သူရဲ့ကောင်းဖြစ်လာခဲ့ပါတယ်။

Rags ဟာ မိတ်ဆွေဖြစ်သူ Donovan ရဲ့ဌာနအတွက် သယ်သူပို့ဆောင်ပေးတဲ့ခွေးလေးတစ်ကောင်ဖြစ်လာခဲ့ပါတယ်။

(၁၉၁၈)ခုနှစ် ပြင်သစ်မှာဖြစ်ပွားတဲ့ Meuse-Argonne လှုပ်ရှားမှုအတွင်း အဆိပ်ဓာတ်ငွေ့တွေကြောင့် Donovan လည်းဒဏ်ရာရခဲ့သလို Rags ရဲ့မျက်လုံးတွေလည်း အမြင်အာရုံချို့တဲ့ခဲ့ရပါတယ်။ ဒဏ်ရာကြောင့် မကြာခင်မှာပဲ Donovan ဟာသေဆုံးသွားခဲ့ပါတယ်။ Rags ကတော့ Maryland မှာ အသက်ရှင်သမျှကာလပတ်လုံးနေထိုင်ခဲ့ပြီး (၁၉၃၆)ခုနှစ်မှာသေဆုံးသွားခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း လူသိများခဲ့တဲ့ ခွေးလေး Chips
wikimedia commons

အမေရိကန်တွေ ဒုတိယကမ္ဘာစစ်အတွင်းဝင်ရောက်ခဲ့ပြီးနောက် ထောင်နဲ့ချီတဲ့လူတွေဟာ သူတို့ရဲ့ခွေးတွေကို ကင်းလှည့်ဖို့နဲ့တာဝန်ထမ်းဆောင်ဖို့အတွက် စစ်တပ်ကိုလှူဒါန်းမှုတွေလုပ်ဆောင်ခဲ့တဲ့အထဲမှာ ခွေးလေး Chips လည်းပါဝင်ခဲ့ပါတယ်။

မြောက်အာဖရိက၊အီတလီ၊ပြင်သစ်နဲ့ဥရောပရဲ့တစ်ခြားနေရာတွေမှာရှိတဲ့ မဟာမိတ်စည်းရုံးလှုံ့ဆော်ရေးတွေမှာ ဂျာမန် shepherd-collie-husky ခွေးအမျိုးအစား Chips လေးလည်းပါဝင်ခဲ့ပါတယ်။ (၁၉၄၃)ခုနှစ် Sicily ကျွန်းကိုကျူးကျော် ၀င်ရောက်မှုအတွင်း ဂျာမန်သေနတ်သမားတွေပုန်းခိုရာနေရာတွေကိုဝင်ရောက်စီးနင်းမှုမှာလည်း Chips လေးပါဝင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ခွေးလေး Chips ကို ဗြိတိန်ဝန်ကြီးချုပ် Winston Churchill နဲ့ အမေရိကန်သမ္မတ Franklin D. Roosevelt တို့ကြားရှိဆွေးနွေးပွဲတွေမှာ အစောင့်အဖြစ်တာဝန်ထမ်းဆောင်စေခဲ့ပါတယ်။အဲ့လိုတွေ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် (၁၉၄၅)ခုနှစ်မှာတော့ သူရဲကောင်းလေး Chips ဟာ သူ့သခင်တွေရှိရာအိမ်ကိုပြန်ခဲ့ပြီး နှစ်အတော်ကြာမှ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဗီယက်နမ်စစ်ပွဲအတွင်း လေ့ကျင့်သင်ကြားပေးခဲ့တဲ့ သခင်ကိုကာကွယ်ပေးခဲ့တဲ့ ခွေးလေး Nemo 
imgur

(၁၉၆၄)ခုနှစ်တုန်းက အမေရိကန်လေကြောင်းတပ်ဖွဲ့ကနေ ဂျာမန်သိုးထိန်းခွေးအမျိုးအစား Nemo ကိုဝယ်ယူခဲ့ပြီး ဗီယက်နမ်စစ်အတွင်းတာဝန်ထမ်းဆောင်ဖို့ လေ့ကျင့်သင်ကြားပေးမှုတွေပြုလုပ်ခဲ့ပါတယ်။

Nemo ကိုလေ့ကျင့်သင်ကြားပေးရတဲ့ သူ့ရဲ့လေ့ကျင့်ရေးဆရာတစ်ဖြစ်လဲ သူ့ရဲ့သခင်ဖြစ်သူ အမေရိကန်ဒုတိယတန်း အရာရှိ Robert Throneburg နဲ့ Nemo တို့ကို ဗီယက်နမ်နိုင်ငံ Saigon မြို့ရှိ Tan Son Nhut လေကြောင်းအခြေစိုက် စခန်းကိုပို့ခဲ့ကာ Nemo ကိုအစောင့်ခွေးအဖြစ်တာဝန်ထမ်းဆောင်စေခဲ့ပါတယ်။

 (၁၉၆၆)ခုနှစ်တိုက်ခိုက်မှုတစ်ခုအတွင်းမှာ ဗီယက်နမ်ဘက်က မော်တာတိုက်ခိုက်မှုတွေကြောင့် Tan Son Nut လေကြောင်းအခြေစိုက်စခန်း ထိခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။

Nemo ရဲ့တာဝန်ဖြစ်တဲ့ အခြေစိုက်စခန်းထဲကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့သူကိုရှာဖွေရင်း စခန်းအနီးဝန်းကျင်မှာ ပုန်းအောင်းနေတဲ့အဖွဲ့တစ်ဖွဲ့ကိုရှာဖွေတွေ့ရှိခဲ့ပြီးနောက် Throneburg နဲ့အတူ ခွေးလေး Nemo တို့ဟာ တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီဖြစ်ရပ်အတွင်း Throneburg နဲ့ Nemo တို့ဟာ ဒဏ်ရာရရှိခဲ့ပါတယ်။ဒီတိုက်ခိုက်ခံရမှုမှာ Nemo ဟာ သူ့ရဲ့သခင်ကိုကာကွယ်ပေးခဲ့တာကြောင့် Throneburg အသက်ချမ်းသာရာရခဲ့တာဟာ အင်မတန်မှကို ချီးကျူးဂုဏ်ယူဖွယ်ကောင်းပါတယ်။

ဒီဖြစ်ရပ်ဖြစ်ပြီးနောက် Nemo နဲ့သူ့ရဲ့သခင်ကို အိမ်ကိုပြန်လွှတ်ခဲ့ပြီး အငြိမ်းစားရာထူးပေးကာ ခွေးစုဆောင်းရေး အလုပ်ကိုသာလုပ်ကိုင်စေတော့တာဖြစ်ပါတယ်။ Nemo ဟာ (၁၉၇၂)ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။

ဂုဏ်ထူးဆောင် Purple Heart ကိုရရှိခဲ့တဲ့ အီရတ်မှ ဗုံးရှာခွေးလေး Lex
wikimedia commons

 

READ
လူမှုကွန်ယက် အနိုင်ကျင့်ခံရမှု ( Cyber bullying) ကို ဘယ်လိုရှောင်ရှားမလဲ ...?

ဂျာမန်သိုးထိန်းခွေးလေးတစ်ကောင်ဖြစ်တဲ့ Lex ဟာ အီရတ်နိုင်ငံ Fallujah မြို့မှာ ဗုံးရှာခွေးတစ်ကောင်အဖြစ်တာဝန် ထမ်းဆောင်ရပါတယ်။

(၂၀၀၇)ခုနှစ် မော်တာတိုက်ခိုက်မှုတစ်ခုအတွင်းမှာ Lex ဟာဒဏ်ရာရရှိခဲ့ပြီး သူ့ကိုလေ့ကျင့်သင်ကြားပေးတဲ့ သခင်ကတော့ သေဆုံးသွားခဲ့ပါတယ်။

Lex ကျန်းမာရေးပြန်လည်ကောင်းမွန်လာတဲ့အချိန်မှာ Marine Corps Base Camp Lejeune တပ်စခန်းက  ဂုဏ်ထူးဆောင် Purple Heart ဆုကို(၂၀၀၈)ခုနှစ်ကပေးခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း Lex ကိုအငြိမ်းစားပေးခဲ့လိုက်ပြီး နောက် Lex ကို သူ့ရဲ့သခင်ဖြစ်သူမိသားစုကဆက်လက်မွေးစားခဲ့ပါတယ်။ Lex ဟာ (၂၀၁၂)ခုနှစ်မှာ သေဆုံးသွားခဲ့ပါတယ်။

al-Qaida ခေါင်းဆောင် Osama bin Laden ကိုဝင်ရောက်စီးနင်းမှုမှာပါဝင်ခဲ့တဲ့ ခွေးလေး Cairo
Facebook/NavySeal

(၂၀၁၁)ခုနှစ်မှာ ပါကစ္စတန်မှာဖြစ်ပွားခဲ့တဲ့ al-Qaida ခေါင်းဆောင် Osama bin Laden ကိုဝင်ရောက်စီးနင်းမှုမှာ SEAL Team 6 ကိုပါဝင်ကူညီပေးခဲ့တဲ့ခွေးလေးကတော့ ခွေးလေး Cairo ပဲဖြစ်ပါတယ်။

ဒါပေမယ့် Cairo ရဲ့ချီးကျူးထိုက်တဲ့ လုပ်ဆောင်ချက်တွေကိုသာသိပြီး Cairo ရဲ့ဓာတ်ပုံကိုထုတ်ဖော်ပြသခြင်းမရှိဘူးလို့ သိရပါတယ်။ Cairo ဟာ Belgian Malinois ခွေးအမျိုးအစားဖြစ်ပြီး ဗုံးရှာဖို့နဲ့တပ်ဖွဲ့တွေကိုစောင့်ရှောက်ဖို့ လေ့ကျင့်သင်ကြား ပေးထားတဲ့ခွေးတစ်ကောင်လည်းဖြစ်ပါတယ်။

Cairo ဟာ al-Qaida ခေါင်းဆောင်ရှိတဲ့ လျှို့ဝှက်တံခါးပေါက်နဲ့ ပုံမှန်မဟုတ်တဲ့နံရံတွေကို ရှာဖွေပေးခဲ့တာဖြစ်ပါတယ်။

မစ်ရှင်ပေါင်း(၄၀၀)ကျော်မှာ ပါဝင်ခဲ့တဲ့ ခွေးလေး Lucca
wikimedia commons

Lucca ဟာ ဂျာမန်သိုးထိုးခွေးနဲ့ Belgian Malinois ခွေးတို့ကိုပေါင်းစပ်ထားတဲ့ခွေးမလေးတစ်ကောင်ဖြစ်ပြီး အာဖဂန်နစ္စတန်မှာ ဗုံးရှာဖွေတဲ့အလုပ်ကိုတာဝန်ထမ်းဆောင်နေတဲ့ခွေးလေးပဲဖြစ်ပါတယ်။ သူဟာ ဖောက်ခွဲရေးပစ္စည်း(၄၀)နီးပါးကိုကူညီရှာပေးနိုင်တဲ့ခွေးလေးလည်းဖြစ်ပါတယ်။

Lucca ဟာ စစ်တပ်ထဲမှာ (၆)နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး လူသေဆုံးမှုမရှိတဲ့တိုက်ပွဲပေါင်း(၄၀၀) ကျော်မှာပါဝင်ခဲ့ပါတယ်။

(၂၀၁၂)ခုနှစ် IED လမ်းဘေးဗုံးပေါက်ကွဲမှုမှာ သူမခြေထောက်တွေကိုဆုံးရှုံးသွားခဲ့တယ်လို့ the Military Times သတင်းစာကဖော်ပြခဲ့ပါတယ်။

အဲ့ဒီနောက် (၂၀၁၆)ခုနှစ်လန်ဒန်မှာ Dickin Medal ဆုကိုလက်ခံရရှိခဲ့ပါတယ်။ဒီဆုဟာ တိရစ္ဆာန်တွေအတွက် အမြင့်ဆုံးခွန်အားဆုတစ်ခုဖြစ်ပါတယ်။

IS စစ်သွေးကြွခေါင်းဆောင် Abu Bakr al-Baghdadi ကိုဝင်ရောက်စီးနင်းမှုမှာပါဝင်ခဲ့တဲ့ ခွေးလေး Conan
Twitter/DonaldJTrump

ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက IS စစ်သွေးကြွခေါင်းဆောင် Abu Bakr al-Baghdadi ကိုဝင်ရောက်စီးနင်း ဖမ်းဆီးမှုမှာပါဝင်ကူညီပေးခဲ့တာကတော့ Belgian Malinois ခွေးအမျိုးအစား ခွေးလေး Conan ပဲဖြစ်ပါတယ်။

Conan ကို အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်က သူ့ရဲ့တွစ်တာစာမျက်နှာကနေ Conan ရဲ့ပုံနဲ့တစ်ကွချီးကျူး ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

ဒီဝင်ရောက်စီးနင်းမှုမှာ Conan ဟာ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အရာရှိတစ်ဦးကပြောကြားခဲ့ပါတယ်။

Thae Su

SHARE