ဒီအလုပ်အကိုင်(၇)မျိုးက နောက်လာမဲ့(၁၅)နှစ်အတွင်း လုံးဝပျောက်ကွယ်သွားနိုင်ပါတယ်

shutterstock/By ndphoto

နည်းပညာအသစ်တွေ ပေါ်ပေါက်လာတာနဲ့အမျှ အနာဂတ်ရဲ့ လုပ်ငန်းတွေမှာ လိုအပ်တဲ့ လုပ်အားတွေကိုလည်း လူတွေအစား နည်းပညာတွေကိုသာ အစားထိုးလာပါတော့မယ်။ စက်ရုပ်တွေနဲ့ စက်တွေက ဝန်ထမ်းတွေနေရာမှာ ဝင်ရောက်လာပါလိမ့်မယ်။ ဒါကြောင့် သင့်ရဲ့ လက်ရှိအသက်မွေးဝမ်းကြောင်း အလုပ်က အနာဂတ်မှာ ဘယ်လိုအခြေအနေဖြစ်မလဲ၊ သင် အခြားအတတ်ပညာတွေကို လေ့လာလိုက်စားထားဖို့ လိုနေပြီလားဆိုတာ သိဖို့ လာမယ့် ၁၅ နှစ်အတွင်း ကွယ်ပျောက်သွားနိုင်ချေရှိနေတဲ့ အလုပ်အကိုင် ၇ မျိုးကို ဖော်ပြပေးချင်ပါတယ်။

(၁) မီတာဖတ်သမား

donco

မီတာဖတ်သူတွေဟာ အိမ်တိုင်းကို သွားရောက်ပြီး ရေမီတာ၊ လျှပ်စစ်မီတာတွေကို ကြည့်ရပါတယ်။ ဒါပေမယ့် အနာဂတ်မှာ မီတာတွေကို လူကိုယ်တိုင် လာကြည့်စရာမလိုဘဲ သိနိုင်မယ့် system တွေကို တပ်ဆင်လာကြပါလိမ့်မယ်။

(၂) ရုပ်သံလွှင့် အလုပ်အကိုင်

အင်တာနက်စွမ်းအားနဲ့ လူတွေဟာ ဖုန်းထဲနေပဲ ရုပ်သံအစီအစဉ်တွေ ရှာကြည့်ကြပါတော့တယ်။ သတင်းဆိုလည်း Facebook ပေါ်တက်ရင် ပေ့ခ်ျပေါင်းစုံ လူပေါင်းစုံဆီကနေ သိရတယ်လေနော်။ ဇာတ်လမ်းတွဲတွေဆိုလည်း တိုက်ရိုက်တောင် ကြည့်နိုင်တဲ့ app တွေ ရှိလာပြီဆိုတော့ ရုပ်သံလွှင့်ဌာနတွေမှာလည်း ဝန်ထမ်းတွေကို လူလျှော့ခန့်လာဖို့ ဖြစ်လာနိုင်ပါတယ်။

READ
လေဆိပ်ဝန်ထမ်းတွေရဲ့ ရိုင်းစိုင်းစွာ နှိပ်စက်ခြင်းကို ခံခဲ့ရတဲ့ခွေးလေး

(၃) စာပို့သမား

အီးမေးလ်တွေ မက်ဆေ့ခ်ျဆော့ဖ်ဝဲတွေ ရှိလာမှတော့ စာပို့ချင်တဲ့သူဆီ ရောက်ဖို့ ရက်သတ္တပတ်ချီ၊ လချီပြီးကြာတဲ့ စာပို့တာကို လုပ်တဲ့သူ တဖြည်းဖြည်းရှားလာမှာပါ။ ဒါကြောင့် လာမယ့်နှစ်တွေအတွင်း စာပို့တဲ့အလုပ်အကိုင် ဘာကြောင့် ကွယ်ပျောက်လာနိုင်တယ်ဆိုတာ နားလည်ကြမှာပါ။

(၄) Cashier

shutterstock/By Anna Kraynova

အချို့နိုင်ငံတွေမှာ ပစ္စည်းတွေကို ကိုယ်တိုင် စကန်ဖတ်ပြီး ငွေရှင်းနိုင်တဲ့ Self-checkout စက်တွေ ပေါ်နေပြီဆိုတော့ ငွေရှင်းကောင်တာ ထိုင်ရတဲ့ cashier တွေ အရေအတွက်က လျော့နည်းလာပါပြီ။ ဒါ့အပြင် အွန်လိုင်းရှော့ပင်းတွေပါ ပေါ်လာပြီဆိုတော့ ကိုယ်တိုင်တောင် ထသွားပြီ ဈေးဝယ်စရာမလိုတော့ပါဘူး။

(၅) စာရိုက်တဲ့အလုပ်တွေ

လွန်ခဲ့တဲ့ နှစ်အနည်းကတင် အွန်လိုင်းမှာ စာရိုက်တဲ့သူတွေ ခေါ်တဲ့အလုပ်တွေ အများကြီးတွေ့ခဲ့ရသေးပေမယ့် အခုဆို တချို့နိုင်ငံတွေမှာ လူတွေကို စာသိပ်မရိုက်ခိုင်းတော့ပါဘူးတဲ့။ အသံကို ဖမ်းပြီး စာစီပေးတဲ့ (automated transcription software) တွေ ပေါ်လာပါပြီ။

(၆) သတင်းစာပို့သမား

အထက်မှာ တစ်ခါဖော်ပြပြီးတဲ့အတိုင်း လူတွေက အွန်လိုင်းပေါ်မှာပဲ သတင်းတွေ ဖတ်လာကြပါတယ်။ သတင်းစာဖတ်သူတွေ ရှိသေးပေမယ့် နည်းလာပါပြီ။ ဒီတော့ သတင်းစာပို့တဲ့အလုပ်လည်း အနာဂတ်မှာ ရှိနိုင်ဖို့ ဖြစ်နိုင်ချေ နည်းလာပါတယ်။

READ
လူငယ်တွေအတွက် ဘယ်အရာက ဖိအားအများဆုံးလဲဆိုတာ အဖြေပေးခဲ့တဲ့ အလှမယ်

(၇) ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီ

shutterstock/By ESB Professional

ခရီးသွားဝန်ဆောင်မှုကို အွန်လိုင်းကနေ ရနိုင်တဲ့ ဝက်ဘ်ဆိုဒ်တွေ များလာတဲ့အလျောက် လူကိုယ်တိုင် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေလည်း အနာဂတ်မှာ နည်းလာနိုင်ပါတယ်။ လေယာဉ်လက်မှတ်ဆိုလည်း အွန်လိုင်းက ဝယ်လို့ရ၊ ခရီးစဉ်တွေကိုလည်း အွန်လိုင်းက ဝယ်လို့ရလာတာကြောင့် ထိုလုပ်ငန်းတွေလည်း အနာဂတ်မှာ ကွယ်ပျောက်သွားနိုင်တဲ့အထဲ ပါပါတယ်။

Ref: Elite Readers, Inc

SHARE