အရုပ်တွေလိုချင်လို့ အရုပ်ကောက်စက်ကို မပြီး,လှုပ်ခဲ့ကြတဲ့ အမျိုးသမီးတစ်စု

Weibo/ChinaDaily

အမျိုးသမီးတစ်စုဟာ အရုပ်ကောက်စက်အတွင်းက အရုပ်တွေကို လိုချင်လို့ မသမာတဲ့နည်းကို အသုံးပြုခဲ့ပါတယ်။ သူတို့တစ်တွေဟာ အရုပ်ကောက်စက်ကြီးကို ရသလောက်မပြီး, လှုပ်ခါကာ အရုပ်တွေရဖို့ ကြိုးစားခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ စင်္ကာပူနိုင်ငံ၊ Toa Payoh ဧရိယာအတွင်းက အလှပြင်ဆိုင်တစ်ခုအနီးမှာ ဖြစ်ခဲ့တာပါ။

အရုပ်ကောက်စက်တွေဟာ ယနေ့ခေတ်မှာ အတော်လေး တွင်ကျယ်နေပြီး၊ ငွေနဲ့ တုံကင်ဝယ်ယူကာ စက်အတွင်းက လက်အတုနဲ့ ကောက်ယူရတာဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်း အရုပ်ရဖို့ ခက်ခဲပြီး၊ ဆယ်ကြိမ်တစ်ကြိမ် မလွယ်ကူပါဘူး။ တစ်ကယ်လို့ တစ်ကြိမ်ကောက်လို့ မအောင်မြင်ရင် အရုပ်လိုချင်ပါက နောက်တစ်ကြိမ် ထပ်ကောက်ဖို့ လိုပါတယ်။

အခု အမျိုးသမီးတစ်စုကတော့ အရုပ်ကောက်ဖို့ ကြိုးစားခဲ့တယ်ဆိုတာ မသေချာပေမယ့်၊ အရုပ်ကောက်စက်တစ်ခုလုံးကိုမပြီး လှုပ်ကာ အရုပ်တွေ ရယူဖို့ ကြိုးစားခဲ့တာပါ။ ဒီအချင်းအရာကို လမ်းသွားလမ်းလာတစ်ဦးက Toa Payoh ဧရိယာအတွင်း ဘလော့(၁၈၃)ရှေ့ကနေ ဖြတ်သန်းစဉ်မှာ မှတ်တမ်းရယူခဲ့တာပါ။

ဒီအဖြစ်အပျက်ဟာ ဖေဖော်ဝါရီ(၂၅)ရက်၊ အင်္ဂါနေ့ညဦးပိုင်း (၆း၄၀)နာရီမှာ ဖြစ်ခဲ့တာပါ။ သူဟာ အမျိုးသမီးတစ်စုရဲ့ လုပ်ရပ်ကို မသင်္ကာတာနဲ့ ခပ်လှမ်းလှမ်းကနေ လှမ်းကြည့်နေပြီးနောက်၊ မှတ်တမ်းရယူခဲ့တာလို့ ဆိုပါတယ်။ အမျိုးသမီးတစ်စုဟာ အတော်လေးကို ကြိုးစားပမ်းစားလှုပ်ခဲ့ကြပါတယ်။

အမည်မဖော်လို မျက်မြင်သက်သေအမျိုးသားက “ သူတို့ စက်ကိုမကြီး နှစ်ကြိမ်တိုင်တိုင် လှုပ်ခဲ့ပါတယ် … ဒီလို အဖြစ်မျိုး တစ်ခါမှ မမြင်ဖူးပါဘူး … သူတို့ကို ဘယ်သူမှ မတားဆီးခဲ့ပါဘူး … သူတို့ အရုပ်နှစ်ခု ရသွားတယ် … ”လို့ ပြောခဲ့ပါတယ်။ အမျိုးသမီးတွေကြည့်ရတာ အနီးအနားက ဝန်ထမ်းတွေဖြစ်ပုံရပါတယ်။

လင်းသူရိန်

SHARE