မစင်နဲ့ဆီးတွေပေနေတဲ့လက်နဲ့ ပြိုက်ဘက်ဆိုင်က ရေခဲမုန့်ကိုကိုင်ပြီး စီပွားပျက်အောင်လုပ်ခဲ့သူ

Pinellas County Jail

ဖလော်ရီဒါက အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ မသန့်ရှင်းတဲ့လက်နဲ့ စတိုးဆိုင်တစ်ခုက ရေခဲမုန့်ကို ကိုင်တွယ်ကာ နှောက်ယှက်ခဲ့လို့ အခုဆိုရင် သူမကိ စတိုင်းဆိုင်ပိုင်ရှင်က တရားစွဲဆိုထားပြီ ဖြစ်ပါတယ်။ စတိုးဆိုင်ပိုင်ရှင်က အလွန်ဒေါသထွက်နေပြီး-

“ ကျွန်တော်တို့ ရောင်းကောင်းနေတာကို သူမက မနှစ်မြို့ပုံရှိတယ် ”လို့ ပြောခဲ့ပါတယ်။ အကြောင်းကတော့ နှောက်ယှက်တိုက်ခိုက်ခဲ့တဲ့ အမျိုးသမီးရဲ့ ရေခဲမုန့်ဆိုင်ဟာ သူတို့ဆိုင်နဲ့ ဘေးချင်းကပ်မှာဖြစ်ပြီး၊ တစ်ဖက်လူ စီးပွားပျက်ရာပျက်ကြောင်း တမင်ရည်ရွယ်ချက်ရှိရှိနဲ့ အခုလို လုပ်ခဲ့တာပါ။

Google Maps

တရားခံအမျိုးသမီးရဲ့အမည်ကတော့ Jung Soon Wypcha ဖြစ်ပြီး အသက်(၆၆)နှစ်ပါ။ St. Petersburg ဇာတိဖြစ်ပြီး၊ ဖလော်ရီဒါက Indian Shores Food Mart စတိုးဆိုင်ဖွင့်ပြီး လည်ပတ်နေသူဖြစ်ပါတယ်။ သူမဟာ Lu Lu’s Ice Cream store စတိုင်းဆိုင်ကို ပြီးခဲ့တဲ့ဇွန်လက နေ့စဉ်သွားပြီး အခုလို နှောက်ယှက်ခဲ့တာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကို CCTV က မှတ်တမ်းရယူထားခဲ့ရာ၊ Lu Lu စတိုးဆိုင်က တရားလိုပြုလုပ် တိုင်ကြားခဲ့ပါတယ်။ ဒီအမှုကို Pinellas County Criminal Court က ကိုင်တွယ်စစ်ဆေးနေပါတယ်။ သူမဟာ အိမ်သာထဲကန ထွက်လာပြီးတိုင်း လက်ကို သန့်ရှင်းရေးမလုပ်ဘဲ၊ အခုလို တစ်ဖက်ဆိုင်ပေါ်ကို ယုတ်မာနေခဲ့တာပါ။

Pinellas County Jail

နောက်ထပ် သက်သေဗွီဒီယိုဖိုင်မှာတော့ ရောင်းချဖို့ပြင်ဆင်ထားတဲ့ ရေခဲမုန့်ထဲကို တံတွေးတွေ ထွေးထည့်သည်အထိ ပြုလုပ်ခဲ့ပြီး၊ နှပ်ချေးညှစ်ပြီး ထည့်သည်အထိ ယုတ်မာခဲ့ပါတယ်။ သက်သေဗွီဒီယိုဖိုင်တွေထဲမှာ ဒီထက်ယုတ်မာ မိုက်ရိုင်းတဲ့ သက်သေတွေလည်း ပါဝင်ခဲ့ပါတယ်။

Posted by Lu Lu's Ice Cream Shop on Sunday, June 2, 2019

ဒီလိုလုပ်ခြင်းကြောင်း Lu Lu စတိုးဆိုင်ဟာ ဒေါ်လာ(၂၀၀၀)တန်ဖိုးရှိ ရေခဲမုန့်တွေ ပျက်စီးစေခဲ့ပါတယ်။ Lu Lu စတိုးဆိုင်ပိုင်ရှင်  Paul Chiulli က သူရဲ့စတိုင်းဆိုင်ကို (၅)ရက်ကြာ ပိတ်ထားမှာဖြစ်ကြောင်း၊ ဆိုင်အတွက် လိုအပ်တဲ့ ဖြည့်တင်းမှုတွေ ပြုလုပ်ပြီးမှ ပြန်ဖွင့်မယ်လို့ ပြောပါတယ်။

သူက “ ကျွန်တော်တို့ ရိုးရိုးသားသားနဲ့ စီးပွားဖြစ်နေတာကို သူမက မနာလိုတာပါ … ”လို့ ပြောခဲ့ပါတယ်။ ပြစ်မှုကျုးလွန်သူ Jung Soon Wypcha ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဒီအဖြစ်အပျက်မတိုင်ခင် ပြီးခဲ့တဲ့ နှစ်ရက်က တက္ကဆက်အမျိုးသမီးတစ်ဦး ရေခဲမုန့်ကို လျက်ပြီး မဝယ်ဘဲပြန်ထားခဲ့ပါတယ်။ အဲဒီ တက္ကဆက်အမျိုးသမီးကတော့ ထောင်ဒဏ်နှစ်(၂၀)နဲ့ ဒဏ်ငွေ ဒေါ်လာ(၁၀၀၀၀)အထိ ချမှတ်ခံရဖို့ရှိနေပါတယ်။

လင်းသူရိန် (Shwemom)

SHARE